လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က ပြီးခဲ့တဲ့အပတ် သောကြာနေ့ ယူ-23 အသင်းပွဲမှာ မိနစ် ၄၀ ပါဝင်ကစားခဲ့တဲ့ ကွင်းလယ်လူ ချိန်ဘာလိန်နဲ့ ပက်သက်ပြီး သတင်းပေးလာခဲ့ပါတယ်။

ဒါဘီ ယူ-23 အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ အဆိုပါပွဲမှာ ချိန်ဘာလခိန်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဘောလုံးပြန်ကစားခဲ့တာပါ။ ချိန်ဘာလိန်ဟာ ကြွက်သား နာကျင်မှုကြောင့် မူလ သက်မှတ်ထားတာထက် 5 မိနစ်စောပြီး ကွင်းထဲက ထွက်ခဲ့ရတာဖြစ်တယ်။ ဒါပေမယ့် အဆိုပါ အနေအထားက ပုံမှန်ပါပဲလို့ ကလော့ပ်က အတည်ပြုပါတယ်။

“ ကျနော်ကို အရမ်းကြီး အံ့သြသင့်မှုတော့ မဖြစ်စေဘူး။ အဲ့တာက ပုံမှန်ပါပဲ။ သတင်းကောင်းက သူ့ဒူးက ပုံမှန်ပဲဖြစ်ပြီး ထူးထူးခြားခြား အခြေအနေမျိုး မရှိခဲ့ဘူး။ ကျနော်တို့ အဲ့သည်အပေါ်မှာပဲ အာရုံစိုက်ပါတယ် ” လို့ ကလော့ပ်က လီဗာပူး ဝဘ်ဆိုဒ်ကနေ ထုတ်ပြောလာပါတယ်။

ဆက်ပြီး ပြောတာက “ လေ့ကျင့်ရေးမှာ ဘောလုံးကစားတာနဲ့ ဘောလုံးပွဲ ကစားတာက ခြားနားပါတယ်။ ဒါကြောင့်လည်း သူက ကြွက်သားမှာ နာကျင်မှု ရခဲ့တာပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ပွဲမစခင် ရည်ရွယ်ထားတာထက် 5 မိနစ်စောပြီး လူစားလဲခဲ့ရပေမယ့် ကျနော်တို့ ချိန်သားကိုက် လုပ်နိုင်ခဲ့တယ်။ ဒါက အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး ထူးထူးခြားခြားလည်း မဖြစ်ခဲ့ပါဘူး။

အမြဲတမ်း ပြောသလိုပဲ သူ့အတွက် အချိန်လိုပါတယ်။ ချိန်ဘာလိန်နဲ့ ပက်သက်ပြီး စိတ်လှုပ်ရှားခဲ့လို့ ကျနော်က အပြစ်ရှိတယ် ခံစားနေရတာလည်း ဖြစ်နိုင်တယ်။ ဘယ်သူကမှ ကျနော်ကို သူ့အကြောင်း မပေးရင် ကျနော် ဖြေပေးဖို့ လိုမှာ မဟုတ်ဘူးလို့ ရိုးရိုးသားသား ပြောလိုတယ်။ ဒါပေမယ့် မေးခွန်းထုတ်ကြတော့ သူ့အကြောင်း အမှန်တွေ ပြောရတာပါ။ အမှန်တရားက လေ့ကျင့်ရေး လုပ်နေမှုတွေက စိတ်လှုပ်ရှားစရာ ဖြစ်ပေမယ့် ပွဲငယ်တွေ၊ ကန်သွင်းမှုတွေ လုပ်တာလောက်ပဲ လုပ်ခဲ့တာပါ။

သူက ချိန်ဘာလိန်ပါ။ ကနော်တို့အားလုံး သူ့ကိုသိပြီး သူ့ကို နှစ်သက်ကြတယ်။ ဒါက အရမ်းကောင်းပါတယ်။ ဒါပေမယ့်လို့ ကွင်းကြီးကစားဖို့ ကျနော်တို့ အားလုံးကို အဆင်သင့်ဖြစ်အောင် လုပ်ဖို့လိုတယ်။ အဲ့သည်အတွက် သူ့မှာ အချိန်လိုတယ်။ အားလုံး အဆင်ပြေပါတယ် ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။