ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ကျော်လွန်ပြီး ကွာတားအဆင့်ကို တက်ရောက်နိုင်တဲ့ အသင်း ၈ သင်း လုံး ထွက်ပေါ် လာခဲ့ပါပြီ။ ဒါကြောင့် ချန်ပီယံလိဂ် ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်အဆင့်တွေအတွက် မဲခွဲမှုတွေအကြောင်း  ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မဲခွဲပွဲ အချိန်နဲ့ နေ့ရက်

လက်ကျန် ဒုတိယအကျော့တွေအပြီး မတ်လ ၁၅ ရက်နေ့ သောကြာနေ့မှာ မဲခွဲမှု ပြုလုပ်ပါမယ်။ အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ၊ ဆွစ်ဇလန်နိုင်ငံ နိုင်ယွန်မြို့မှာ ကျင်းပပြုလုပ်မှာပါ။ အဆိုပါ မဲခွဲမှုကိုတော့ BT Sport က ထုတ်လွင့်ပေးမှာပါ။ ဆီမီးဖိုင်နယ် အဆင့်အတွက်ပါ တစ်ခါတည်း အတွဲရွေးပေးသွားမှာဖြစ်တယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်လာတဲ့ အသင်းများ

  • မန်ချက်စတာယူနိုက်တက်
  • အေဂျက်
  • လီဗာပူး
  • မန်စီးတီး
  • ဘာစီလိုနာ
  • စပါး
  • ပေါ်တို
  • ဂျူဗင်တပ်

ဦးစားပေးတွေရှိလား

ကွာတားဖိုင်နယ်အဆင့်မှာ မည့်သည် ဦးစားပေးမှ မရှိသလို နိုင်ငံတူ ကာကွယ်ပေးမှုတွေ မရှိတော့ပါဘူး။ ဒါကြောင့် အင်္ဂလန်အသင်းတွေ အချင်းချင်း ထိပ်တိုက်တွေ့မှုတွေ ရှိလာမှာပါ။ ပထမဆုံး မဲကျတဲ့ အသင်းက ပထမအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

ကစားရမယ့် ရက်များ

ကွားတားဖိုင်နယ်အဆင့် ပထမအကျော့ကို ဧပရယ်လ ၉-၁၀ ရက်၊ ဒုတိယအကျော့ကို ဧပရယ်လ ၁၆-၁၇ ရက်တွေမှာ ယှဉ်ပြိုင်ရမှာပါ။ ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့တွေကတော့ ဧပရယ်လ ၃၀- မေလ ၁၊ ဒုတိယအကျော့ကို မေလ ၇-၈ ရက်တွေမှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကြပါမယ်။

ဗိုလ်လုပွဲရဲ့ အိမ်ကွင်းအသင်းအဖြစ်တော့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအတိုင်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲ နေ့ရက်၊ နေရာ

၂၀၁၈-၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁ ရက်နေ့ အက်သလက်တီကို မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ Wanda Metropolitano ကွင်းမှာ ယှဉ်ပြိုင်ပါမယ်။