ဘာစီလိုနာကွင်းလယ်ကစားသမား ဖိလစ်ကော်တင်ညိုက အသင်းအတွက် ၄င်းမှာ ပေးဆပ်ဖို့ အခွင့်အရေးတွေ ထပ်ရှိဦးမယ် မျှော်လင့်နေပြီး ရာသီအကုန်မှာ သူ့အနာဂတ် ဘယ်လိုရှိမယ် အတိအကျ မသိနိုင်သေးကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုမှာ မန်စီးတီးနဲ့ မန်ယူဟာ တူညီစွာနဲ့ အဝေးကွင်းပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့ ဖြစ်ခဲ့ပေမယ့် ယူအီးအက်ဖ်အေကတော့ ယူနိုက်တက်အား အိမ်ကွင်း ပြောင်းလဲကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မနှစ်က ပရီးမီးယားလိဂ်မှာ မန်ယူဟာ မန်စီးတီးရဲ့နောက် ဒုတိယနေရာမှာပဲ ရပ်တည်ခဲ့လို့ ပွဲစဉ်ဇယားအတွက် ရွှေ့ဆိုင်းရဖို့ဖြစ်ခဲ့ချိန်မှာ မန်စီးတီးကိုပဲ ဦးစားပေးခဲ့တာဖြစ်ပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာက နည်းပြ ဆိုးရှားနဲ့ ပြောဆိုဆွေးနွေးမှုများ အပြီးမှာ ယခင် ဆုံးဖြတ်ထားတဲ့ အသင်းမှ ထွက်ခွာမယ့် အစီအစဉ် နောက်ပြန်ဆုတ်သွားခဲ့ပါပြီ။

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ လူငယ်တိုက်စစ်သမား ဆန်ချိုက နောက်ရာသီမှာလည်း ဒေါ့မွန်မှာပဲ ဆက်ရှိနေမယ်လို့ ဘွန်ဒစ်လီဂါကလပ် အားကစား ဒါရိုက်တာ Michael Zorc က ပြောကြားလိုက်ပါတယ်။

မန်ယူဟာ စပါးခံစစ်မှူး အန်ဒါဝီရယ်ကို ခေါ်ယူဖို့အတွက် မီးစိမ်းရထားပြီလို့ သိရပါတယ်။ အသက် ၃၀ အရွယ် ခံစစ်မှူးကို ခေါ်ယူဖို့အတွက်က ပေါင် ၂၆ သန်း ကျသင့်မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲရလဒ်တွေ တရားဝင် ထွက်ပေါ်လာပါပြီ။ မန်ယူဟာ လာလီဂါကလပ် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဆီမီးအဆင့်မှာတော့ လီဗာပူး Vs ပေါ်တို အတွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒဏ်ရာရ ကစားသမားတွေ တဖြည်းဖြည်း ပြန်လာနေလို့ ဆိုးရှား သက်ပြင်းချနိုင်စ ပြုစဉ်မှာပဲ နော်ကထပ် ဒဏ်ရာရ ကစားသမား ထပ်တိုး ရှိလာပြန်ပါတယ်။ ဒီတလော ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး လူကာကူဟာ ခြေဒဏ်ရာ ရှိနေတာကြောင့် ၀ုဗ်နဲ့ အက်ဖ်အေဖလား ပွဲစဉ် လွဲချော်ဖွယ် ရှိနေပါတယ်။

မန်ချက်စတာတိုက်စစ်သမား အန်သိုနီ မာရှယ်က ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခံထား ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ခြေစမ်းပွဲများအတွက်လည်း မာရှယ် အရွေးချယ်ခံခဲ့ရပေမယ့် ဒဏ်ရာကြောင့် ပြန်ထုတ်လိုက်ခဲ့ရပြီး ဒီလထဲ မော်ဒိုဗာ၊ အိုက်စ်လန်တို့နဲ့ ပွဲစဉ်များမှာ မာရှယ်အတွက် နိုင်ငံအသင်းအတွက် တစ်နှစ်နီးပါးအတွင်း ပထမဆုံး အကြိမ် ပြန်ကစားခွင့် ရမှာ ဖြစ်ပါတယ်။

မန်ယူ ကစားသမား ပေါ့ဘာက သူ ကောင်းချင်သလောက် အားထုတ်သလောက် ကောင်းလာနိုင်တဲ့ ကစားသမား ဖြစ်တယ်လို့ ဖီးလ် ဂျုံးစ်က ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် ပေါ့ဘာအပေါ် ဝေဖန်မှုတွေက မျှတမှု မရှိဘဲ သူ့ဘ၀ကို သူ့စိတ်ကြိုက် နေထိုင်နိုင်ခွင့် ရှိတယ်လို့ အသင်းဖော်ဘက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၉ မှာ အဆင့် ၄ အတွင်းဝင်ဖို့အတွက် အားစိုက်နေရပေမယ့် ဒိထက် ပိုပြီး မြင့်မြင့် ရည်မှန်းချက် ထားသင့်တယ်လို့ အက်ရှ်လေယန်းက ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးဟာ နည်းပြအဖြစ် သူပထမဦးဆုံး ကိုင်တွယ်နေတဲ့ Oldham Athletic အသင်းနဲ့ (၃၁) ရက်အကြာမှာ လမ်းခွဲခဲ့ပြီဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖေါ်ပြနေကြပါတယ်။