အက်ဖ်အေဖလားပွဲအဖြစ် ဝုဗ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားပြီး မန်ယူဟာ 2-1 နဲ့ အရေးနိမ့်ကာ ကွာတားအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဆိုးရှားလက်ထက် ပထမဆုံးအကြိမ်အဖြစ် နှစ်ပွဲဆက်အရေးနိမ့်မှုလည်း ဖြစ်လာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေမှာ ကွာလတီ ကစားသမားတွေ ခေါ်ယူအားဖြည့်ဖို့ လိုတာ မှန်ပေမယ့် ရေရှည် အသင်းမှာ ကစားနိုင်မယ့်သူတွေကို ခေါ်ယူလိုတယ်လို့ ဆိုလိုက်ပြီး ဘေးလ်နဲ့ သတင်းတွေကို ငြင်းဟန်ပြသွားပါတယ်။

ရာသီကုန်ရင် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာတော့မှာ ဖြစ်တဲ့ ခံစစ်မှူး ဗလင်စီယာကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်နေတယ်လို့ ဗလင်စီယာရဲ့ ဖခင်ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်ယူမန်နေဂျာ ဆိုးရှားက အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဝုဗ်ကို အရေးနိမ့်အပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ မာရှယ်၊ လင်ဂတ်တို့ အပါအဝင် တိုက်စစ် သုံးယောက်တန်းကို ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

အမြဲတမ်း မန်နေဂျာရာထူးဟာ ဒီအခြေအနေမှာ ရနိုင်ပါဦးမလားလို့ မီဒီယာတွေက မေးခွန်းထုတ်ခဲ့ပြီး ဆိုးရှားကတော့ ကျနော် ဒီမှာ နွေအထိ ရှိနေမှာပါ။ ကျနော်တို့ဟာ ပရီးမီးယားလိဂ်ပွဲတွေနဲ့ ချန်ပီယံလိဂ်ပွဲတွေ ကစားရဖို့ ရှိနေပါသေးတယ် ” လို့ ဖြေဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စာချုပ်သစ်အတွက် ဒေးဗစ်ဒီဂီယာကို အဖြူအမည်း သဲကွဲတဲ့ အဖြေ ရှင်းလင်းဖို့ တွန်းအားပေးထားပြီ ဖြစ်ကြောင်း မန်ချက်စတာအခြေစိုက် သတင်းဌာနက ဖော်ပြလာမှုအရ သိရပါတယ်။ မန်ယူက လာမယ့်နွေမှာ ဒီဂီယာကို ဈေးနှိမ်ပြီး ကမ်းလှမ်းမှုတွေ ရရှိလာမှာ ရှောင်ရှားဖို့အတွက် စာချုပ်သစ် သဘောတူညီမှု အမြန် ရရှိလိုနေပါပြီ။

အင်္ဂလန်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မန်ယူအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ပေါ့ဘာဟာ သူ့မှာ မန်ချက်စတာယူနိုက်တက်အသင်းကို စွန့်ခွာဖို့ အစီအစဉ် လုံးဝမရှိပဲ သူဟာ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် ပြန်ဖြစ်ခွင့်ရဖို့ အသင်းရဲ့ နည်းပြ ဆိုးရှားကို တောင်းဆိုလိုက်တယ်လို့ သိရှိရပါတယ်။

ဆာအဲလက်စ် လက်ထက် မန်ယူရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းခဲ့သူ မူလန်စတင်းက ဆိုးရှားဟာ ရလာဒ်ပိုင်းတွေမှာ ဆိုးရွားနေခဲ့တဲ့ မန်ယူအသင်းကို ပုံစံကောင်းတွေ ပြန်လည်ရရှိလာအောင် အသက်သွင်းနိုင်ဖို့ သူ့ရဲ့ ဆရာဟောင်းဖြစ်တဲ့ ဂန္တ၀င်နည်းပြကြီး ဆာအဲလက်စ်ရဲ့ ပုံစံတွေကို ပြန်လည်အသုံးချနေတာ ဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။