ရီးရဲမန်နေဂျာ ဇီဒန်းဟာ စပိန်ကလပ်ကို ပြန်လည်ကိုင်တွယ်တဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဆယ်တာဗီဂိုနဲ့ပွဲမှာ ဂိုးသမား ကော်တိုးရစ်ကို ထည့်မသုံးခဲ့ပါဘူး။ စပိန်မြေမှာ လက်စွမ်းကျဆင်းနေတဲ့ ကော်တိုးရစ်အစား ဒီဇန်းက သူ့ရဲ့တပည့်ဟောင်း နားဗက်ကို အစားထိုး သုံးခဲ့ပါတယ်။

ပွဲအပြီးမှာ ဇီဒန်းက ” ဆယ်တာနဲ့ပွဲမှာ နားဗက်ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ကော်တိုးရစ်လည်း ကစားရပါလိမ့်မယ်။ ဒီရာသီမှာ နာဗက်က ပွဲနည်းနည်းပဲ ကစားထားရတယ်။ ဒါကြောင့် သူ့ကို ကစားခွင့်ပေးရပါမယ်။

” ရီးရဲမှာ ဂိုးသမားကောင်း နှစ်ဦးကနေ သုံး၊ လေးဦးထိ လိုပါတယ်။ ဒီကစားသမားတိုင်းကို အခွင့်အရေးတွေ ပေးရမှာပါ။ သူတို့အားလုံးဟာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ဖို့ရာ ထိုက်တန်ပါတယ်။ နားဗက်က သိပ်ကောင်းတဲ့ ဂိုးသမားပါ။ ” လို့ ပြောပါတယ်။

ရီးရဲဟာ ကော်တိုရစ်ကို ချဲလ်ဆီးကနေ ခေါ်ယူထားပေမယ့် စိတ်တိုင်းမကျပါဘူး။ သူတို့ မန်ယူဂိုးသမား ဒီဂီယာကိုလည်း လိုချင်နေပါတယ်။ ဒီဂီယာက စာချုပ်ကိစ္စ အဆင်မပြေဖြစ်နေတာပါ။

နွေရာသီ အပြောင်းအရွှေ့ရောက်ရင် ရီးရဲက ဒီဂီယာကို ပေါင် ၇၅ သန်းပေးပြီး ခေါ်ယူလိုတယ်လို့ Mirror သတင်းဌာနကြီးက ဖော်ပြသွားပါတယ်။ ဒီဂီယာနေရာမှာ ပြန်အစားထိုးဖို့ဆိုရင် မန်ယူဟာ ပြောင်းရွှေ့ကြေး အများကြီး ပြန်ကုန်သွားဖို့ ရှိပါတယ်။

ဇီဒန်းကတော့ အသုံးစရိတ် ပေါင် သန်း ၃၀၀ လောက် ရမှာဖြစ်လို့ စပိန်လက်ရွေးစင် ဂိုးသမားကို ပြည်တော်ပြန်လာဖို့ ကြိုးစားမှာဖြစ်တယ်လို့ သိရပါတယ်။