အာဆင်နယ် ပရိသတ်တွေနဲ့ အချင်းများမှု ဖြစ်ခဲ့ပြီးနောက် ဇာခါဟာ အသင်းခေါင်းဆောင် လက်ပတ် ရုတ်သိမ်းခံခဲ့ရပြီ ဖြစ်ပြီး အူဘာမီးယန်းက ရာသီကုန်ထိ အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။ ဇာခါကို အသင်းခေါင်းဆောင် အဖြစ်ကနေ ရပ်စဲလိုက်တဲ့ နည်းပြ အမ်မရီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အာဆင်နယ်အသင်းသားတွေရဲ့ တုန့်ပြန်မှုကို ဘယ်လာရင်က ဖွင့်ဟခဲ့ပါတယ်။

အမ်မရီရဲ့ အဆုံးအဖြတ်အပေါ် အသင်းသားတွေက ဆန့်ကျင်မှုတွေ ပြုလုပ်မှာ စိုးရိမ်ခဲ့ကြပေမယ့် အဝတ်လဲခန်းက အာဆင်နယ်အသင်းသားတွေ ကတော့ နည်းပြ ရဲ့ ဆုံးဖြတ်ချက် အပေါ် လေးစားမှု ရှိကြောင်း ဘယ်လာရင်က ပြောဆိုခဲ့ပါတယ်။

ဗစ်တိုးရီးယားနဲ့ ယူရိုပါလိဂ် ပွဲမတိုင်ခင်မှာပဲ အမ်မရီက ဇာခါက အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူတော့မှာ မဟုတ်ကြောင်း အမ်မရီက ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် အသင်းသားတွေက နည်းပြဆုံးဖြတ်ချက်ကို လက်ခံပြီး ဇာခါဘက်ကလည်း အတူ ရှိနေတယ်လို့ သိရပါတယ်။

” တခါတလေ ဒီလို အခြေအနေတွေ ခံစားချက်တွေက ရင်ဆိုင်ရ ခက်ခဲတယ်။ ဇာခါက အမှားတစ်ခု လုပ်မိတယ် ဒါပေမယ့် အဝတ်လဲခန်းထဲက အသင်းသားတွေ အနေနဲ့ ကျနေ်ာတို့ အတူတကွ အမြဲ ရှိနေ ရပ်တည်နေပါတယ်။ ဖြစ်ပြီးတဲ့ အရာတွေ က ဖြစ်ပြီးခဲ့ပြီ။ ကျနော်တို့ သူ့ဘက်က ရပ်တည်ပေးမှာပါ။ သူက အသင်းရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်နေသူဖြစ်တယ်။ ”

” ကျနော်တို့က ကစားမသားတွေချင်း လေးစားမှု ရှိသလို ကလပ်အသင်းနဲ့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားမှု ထားပါတယ်။ ကျနေ်ာတို့ အနေနဲ့ကတော့ သူ့ကို ချစ်ခင်ခြင်းနဲ့ ဂရုစိုက်မှုတွေ ပေးဖို့ပဲ ရှိပါတယ်။ သူက ကျနေ်ာတို့ထဲက တစ်ယောက်ပါ။ ဒီတော့ ဒီအခြေအနေတွေကို ဖြတ်သန်းဖို့ ကူညီပေးရမယ်။ ” လို့ ဘယ်လာရင်က ဆိုပါတယ်။

အူနိုင်းအမ်မရီက ထိုဆုံးဖြတ် မကြေငြာချင် အင်္ဂါနေ့ မနက်ပိုင်းမှာ ဆွစ်ဇာလန်သားနဲ့ စကား ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ အာဆင်နယ် နည်းပြ အမ်မရီကတော့ လာမယ့် ပွဲစဉ်နဲ့ စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်များ အတွက်သာ အာရုံစိုက် ကြိုးစားဖို့ လိုအပ်ကြောင်း အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

Zawgyi

အာဆင္နယ္ ပရိသတ္ေတြနဲ႕ အခ်င္းမ်ားမႈ ျဖစ္ခဲ့ျပီးေနာက္ ဇာခါဟာ အသင္းေခါင္းေဆာင္ လက္ပတ္ ရုတ္သိမ္းခံခဲ့ရျပီ ျဖစ္ျပီး အူဘာမီးယန္းက ရာသီကုန္ထိ အသင္းေခါင္းေဆာင္ အျဖစ္ ဆက္လက္ တာ၀န္ယူမွာ ျဖစ္ပါတယ္။ ဇာခါကို အသင္းေခါင္းေဆာင္ အျဖစ္ကေန ရပ္စဲလိုက္တဲ့ နည္းျပ အမ္မရီရဲ႕ ဆံုးျဖတ္ခ်က္နဲ႕ ပတ္သတ္ျပီး အာဆင္နယ္အသင္းသားေတြရဲ႕ တုန္႔ျပန္မႈကို ဘယ္လာရင္က ဖြင့္ဟခဲ့ပါတယ္။

အမ္မရီရဲ႕ အဆံုးအျဖတ္အေပၚ အသင္းသားေတြက ဆန္႔က်င္မႈေတြ ျပဳလုပ္မွာ စိုးရိမ္ခဲ့ၾကေပမယ့္ အ၀တ္လဲခန္းက အာဆင္နယ္အသင္းသားေတြ ကေတာ့ နည္းျပ ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚ ေလးစားမႈ ရွိေၾကာင္း ဘယ္လာရင္က ေျပာဆိုခဲ့ပါတယ္။

ဗစ္တိုးရီးယားနဲ႕ ယူရိုပါလိဂ္ ပြဲမတိုင္ခင္မွာပဲ အမ္မရီက ဇာခါက အသင္းေခါင္းေဆာင္ အျဖစ္ ဆက္လက္ တာ၀န္ယူေတာ့မွာ မဟုတ္ေၾကာင္း အမ္မရီက ေၾကျငာခဲ့ပါတယ္။ ဒါေပမယ့္ အသင္းသားေတြက နည္းျပဆံုးျဖတ္ခ်က္ကို လက္ခံျပီး ဇာခါဘက္ကလည္း အတူ ရွိေနတယ္လို႔ သိရပါတယ္။

” တခါတေလ ဒီလို အေျခအေနေတြ ခံစားခ်က္ေတြက ရင္ဆိုင္ရ ခက္ခဲတယ္။ ဇာခါက အမွားတစ္ခု လုပ္မိတယ္ ဒါေပမယ့္ အ၀တ္လဲခန္းထဲက အသင္းသားေတြ အေနနဲ႕ က်ေန္ာတို႔ အတူတကြ အျမဲ ရွိေန ရပ္တည္ေနပါတယ္။ ျဖစ္ျပီးတဲ့ အရာေတြ က ျဖစ္ျပီးခဲ့ျပီ။ က်ေနာ္တို႔ သူ႔ဘက္က ရပ္တည္ေပးမွာပါ။ သူက အသင္းရဲ႕ အစိတ္အပိုင္းတစ္ခု အျဖစ္ ပါ၀င္ေနသူျဖစ္တယ္။ ”

” က်ေနာ္တို႔က ကစားမသားေတြခ်င္း ေလးစားမႈ ရွိသလို ကလပ္အသင္းနဲ႕ ဘုတ္အဖြဲ႕ရဲ႕ ဆံုးျဖတ္ခ်က္ကိုလည္း ေလးစားမႈ ထားပါတယ္။ က်ေန္ာတို႔ အေနနဲ႕ကေတာ့ သူ႔ကို ခ်စ္ခင္ျခင္းနဲ႕ ဂရုစိုက္မႈေတြ ေပးဖို႔ပဲ ရွိပါတယ္။ သူက က်ေန္ာတို႔ထဲက တစ္ေယာက္ပါ။ ဒီေတာ့ ဒီအေျခအေနေတြကို ျဖတ္သန္းဖို႔ ကူညီေပးရမယ္။ ” လို႔ ဘယ္လာရင္က ဆိုပါတယ္။

အူနုိင္းအမ္မရီက ထိုဆံုးျဖတ္ မေၾကျငာခ်င္ အဂၤါေန႔ မနက္ပိုင္းမွာ ဆြစ္ဇာလန္သားနဲ႕ စကား ေျပာဆိုေဆြးေႏြးမႈ ျပဳလုပ္ခဲ့ေသးတယ္လို႔ သိရပါတယ္။ အာဆင္နယ္ နည္းျပ အမ္မရီကေတာ့ လာမယ့္ ပြဲစဥ္နဲ႕ စေနေန႔ ပရီးမီးယားလိဂ္ ပြဲစဥ္မ်ား အတြက္သာ အာရံုစိုက္ ၾကိဳးစားဖို႔ လိုအပ္ေၾကာင္း အသင္းသားေတြကို တိုက္တြန္းခဲ့ပါတယ္။