မန်ယူ ကာလရှည်စောင့်ကြည့်ခဲ့တဲ့ မက်ဂွဲယားကို လက်ရှိ နည်းပြ ဆိုးရှားကလည်း ထပ်မံကြိုးစားလိုနေပြီး အစီအစဉ်ဟောင်းကို အသက်သွင်းလိုနေပါတယ်။ အင်္ဂလန်သား ခံစစ်မှူးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီးနောက် မန်ယူနဲ့ အပြောင်းအရွှေ့ ချိတ်ဆက်ခဲ့ဖူးသူပါ။

မန်ယူကလပ်အသင်း ပိုင်ရှင်တွေကလည်း မက်ဂွဲယားကို လိုလားခဲ့ကြပြီး ယာယီနည်းပြ ဆိုးရှားကလည်း အသင်းပိုင်ရှင်တွေကို တိုက်တွန်းမှုတွေ ပြုလုပ်နေပါတယ်။ အသင်းထံက အမြဲတမ်း မန်ေနဂျာ ရာထူးခန့်အပ် အတည်ပြုမှု လက်ခံ မရသေးသော်လည်း ဆိုးရှားက အသက် ၂၆ နှစ်အရွယ် အင်္ဂလန်သားကို အခြေတည်ပြီး ခံစစ်ကို ပြန်လည် တည်ဆောက်လိုနေတာပါ။

ဆိုးရှားကိုယ်တိုင် လိုလားမှု ရှိနေတာက ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ အသေချာဆုံး အချက်ဖြစ်ပါတယ်။ ဆိုးရှားက မန်ယူကို ယာယီတာဝန်ယူ ကိုင်တွယ်နေတယ် ဆိုပေမယ့် အသင်းပရိသတ်တွေက ဆိုးရှားဘက်မှ အခိုင်အမာ ရပ်တည်နေတာကြောင့် ကလပ်အသင်းဘက်ကလည်း အတည်ပြုခန့်အပ်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။

မက်ဂွဲယားကတော့ ဆုဖလားစိန်ခေါ်မှုတွေ လုပ်နိုင်တဲ့ ကလပ်အသင်းကြီး တစ်ခုခုကို ပြောင်းေ်ရွှ့လိုနေပြီး သူ ရောက်လာခဲ့ရင် ဘိုင်လီနဲ့ ရိုဂျိုရဲ့ အနာဂတ်က ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။ မက်ဂွဲယားဟာ ပြီးခဲ့တဲ့နွေကမှ လက်စတာနဲ့ ၂၀၂၃ ထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်လို့ ပြောင်းရွှေ့ကြေးအတွက်တော့ အကြိတ်အနယ် ညှိနှိုင်းရဖွယ် ရှိပါတယ်။

မက်ဂွဲယားက လုပ်ခလစာကို ကင်းပါဝါမှာ ရနေတာထက် နှစ်ဆ တစ်ပတ် ပေါင် ၁ သိန်း ၄ သောင်းနီးပါး တောင်းဆိုဖွယ် ရှိတယ်လို့လည်း Mirror သတင်းမှာ ဖော်ပြထားပါတယ်။