လီဗာပူးနဲ့ မန်စီးတီး ဒီအပတ် ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ မှာ လီဗာပူးက သရေတစ်မှတ်ရရင်တောင် ကျေနပ်နေမယ့်အသင်းဖြစ်ကာ မန်စီးတီးက မရံှူးဖို့ လိုအပ်နေတယ်လို့ နီကိုးလက်စ်က သုံသပ်သွားခဲ့တယ်။

အာဆင်နယ်ကစားသမားဟောင်း ချာလီနီကိုးလက်စ်က ဒီပွဲက သွင်းဂိုးအများအပြား ပေါ်ထွက်နိုင်သလို သွင်းဂိုးနည်းနည်းပဲ သွင်းကြတာလည်း ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ချာလီရဲ့ သုံးသပ်မှုမှာတော့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကို အထင်ကြီးနေတယ်ဆိုတာ မြင်သားခဲ့ပြီး အန်ဖီးကွင်းမှာ ယှဉ်ပြိုင်မယ့်ပွဲမှာ လီဗာပူးက ခံစစ်ကောင်းတယ်လို့ ထည့်ပြောခဲ့တာမှုအရ အိမ်ရှင်အသင်းက ဖိအားပေးခံရမယ်လို့ ယူဆဟန်ရှိပါတယ်။

” ပွဲတကာတွေထဲက ပွဲကောင်းပါ။ ကျနော် မျှော်လင့်တကြီးနဲ့ စောင့်မျှော်ခဲ့ရတဲ့ ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်နဲ့ လီဗာပူးပွဲ အထူးသဖြင့် အန်ဖီးကါင်းမှာပေါ့။ နောက်ပြီး ယူနိုက်တက်နဲ့ မန်စီးတီးပွဲပါ။ ဒါပေမယ့် အခုကတော့ အန်ဖီးမှာကန်မယ့်ပွဲပါ။ ဒီပွဲတွေက ဘာတွေဖြစ်လာမယ်ဆိုတာ ကျနော် အရမ်းသိချင်နေပါတယ်။

တကယ်ကို နားလည်ရခက်ပြီး ကြိုတင်မှန်းဆရလည်း ခက်ပါတယ်။ အကောင်းဆုံးအသင်းတွေ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး မန်စီးတီးက လုံးဝ အရေးနိမ့်လို့ မရပါဘူး။ ပရီးမီးယားလိဂ်က ပြီးသွားမှာတော့ မဟုတ်ပါဘူး။ သရေပွဲ နှစ်ပွဲလောက်နဲ့ ရံှူးနိမ့်မှု တစ်ပွဲလောက် ထပ်တွေ့ကြဦးမှာပါ။ လီဗာပူးရဲ့ ပွဲစဉ်ဇယားကတော့ ပိုကောင်းတဲ့ အနေအထားမှာ ရှိနေတယ်။

မန်စီးတီးရဲ့ အားနည်းချက်က ခံစစ်မှာဖြစ်ပြီး ဒီပွဲမှာ သွင်းဂိုးတွေကို မြင်ရပါမယ်။ ဂွာဒီယိုလာရဲ့ အသင်းက ခံစစ်ကို အထိုင်မကစားပေမယ့် လီဗာပူးရဲ့ တိုက်စစ်သမား သုံးဦးကို ထိန်းချုပ်ရမှာက ခက်ခဲမှာဖြစ်ပြီး အစွန်သမားတွေထံက အကျိုးအဖြစ်ဖို့လည်း ကြိုးစားရမှာပါ။ အရင်အပတ်က ဆာလက်နဲ့ ဖာမင်နိုတို့ ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်ကို မာနေးက ဦးဆောင်ထားတယ်။ ပွဲအတွက် အဆုံးအဖြတ် အနိုင်ဂိုးကိုလည်း မားနေကပဲ သွင်းပေးခဲ့တာပါ။

ပက် ဂွာဒီယိုလာကတော့ မာနေးရဲ့ နေရာလွတ်တွေအတွက် ကြိုတင် ပြင်ဆင်လာပါလိမ့်မယ်။ နောက်ပြီး မာနေး ဟန်ဆောင်လှဲချတယ်ဆိုတဲ့ စွပ်စွဲမှုတွေ။ ဂိုးတွေ သွင်းပေးနိုင်နေတဲ့ ကစားသမား တစ်ယောက်က ဒီလို အနေအထားမျိုးလို့ ကျနော်တော့ မမြင်ပါဘူး။ မန်စီးတီးနဲ့ လီဗာပူးဟာ နည်းစနစ်တွေ ပြိုင်ဆိုင်ကြဦးမှာလား ဆိုရင် ကျနေ်ာတော့ မထင်ပါဘူး။ လီဗာပူး ခံစစ်က ကောင်းမွန်နေတယ် ဆိုပေမယ့် အရင်နှစ်ကလောက် မဟုတ်တော့ဘူး ဒါ့အပြင် လက်ရှိ ပုံစံအတိုင်း ဆက်သွားရဖို့ သရေ တစ်မှတ်ရရင်တောင် သူတို ပျော်ရွှင်နေမယ် ဆိုတာ ကျနော်တို့ သိနေတယ်။

ဒီပွဲက ပွဲပြီးမှ အားလုံးကို သက်ပြင်းကြီးကြီး စိတ်ချလက်ချ ချနိုင်မယ့် ပွဲ တစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ပွဲကြည့်နေတုန်းတော့ လိုက်ပါ ခံစားလိုက်ကြပါ။ ဒီပွဲက ၅-၄ ဒါမှမဟုတ် ၁-၀ လို ရလဒ်မျိုး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျနေ်ာကတော့ အေးအေးဆေးဆေး ထိုင်ကြည့် အားပေးနေမှာ။ ” လို့ ချာလီက သုံးသပ် ရေးသားထားပါတယ်။

ချာလီနစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၂ မန်စီးတီး ဆိုတဲ့ ရလဒ် ထွက်ပေါ်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ မန္စီးတီး ဒီအပတ္ ထိပ္တိုက္ေတြ႔တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂ မွာ လီဗာပူးက သေရတစ္မွတ္ရရင္ေတာင္ ေက်နပ္ေနမယ့္အသင္းျဖစ္ကာ မန္စီးတီးက မရံွဴးဖို႔ လိုအပ္ေနတယ္လုိ႔ နီကိုးလက္စ္က သံုသပ္သြားခဲ့တယ္။

အာဆင္နယ္ကစားသမားေဟာင္း ခ်ာလီနီကိုးလက္စ္က ဒီပြဲက သြင္းဂိုးအမ်ားအျပား ေပၚထြက္ႏုိုင္သလို သြင္းဂိုးနည္းနည္းပဲ သြင္းၾကတာလည္း ျဖစ္ႏုိင္တယ္လို႔ ဆိုတယ္။ ခ်ာလီရဲ႕ သံုးသပ္မႈမွာေတာ့ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကို အထင္ၾကီးေနတယ္ဆိုတာ ျမင္သားခဲ့ျပီး အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္မယ့္ပြဲမွာ လီဗာပူးက ခံစစ္ေကာင္းတယ္လို႔ ထည့္ေျပာခဲ့တာမႈအရ အိမ္ရွင္အသင္းက ဖိအားေပးခံရမယ္လို႔ ယူဆဟန္ရွိပါတယ္။

” ပြဲတကာေတြထဲက ပြဲေကာင္းပါ။ က်ေနာ္ ေမွ်ာ္လင့္တၾကီးနဲ႔ ေစာင့္ေမွ်ာ္ခဲ့ရတဲ့ ပြဲေတြကို ျပန္ၾကည့္မယ္ဆိုရင္ ယူႏုိက္တက္နဲ႔ လီဗာပူးပြဲ အထူးသျဖင့္ အန္ဖီးကါင္းမွာေပါ့။ ေနာက္ျပီး ယူႏုိက္တက္နဲ႔ မန္စီးတီးပြဲပါ။ ဒါေပမယ့္ အခုကေတာ့ အန္ဖီးမွာကန္မယ့္ပြဲပါ။ ဒီပြဲေတြက ဘာေတြျဖစ္လာမယ္ဆိုတာ က်ေနာ္ အရမ္းသိခ်င္ေနပါတယ္။

တကယ္ကို နားလည္ရခက္ျပီး ၾကိဳတင္မွန္းဆရလည္း ခက္ပါတယ္။ အေကာင္းဆံုးအသင္းေတြ ထိပ္တိုက္ေတြ႔ဆံုမႈျဖစ္ျပီး မန္စီးတီးက လံုးဝ အေရးနိမ့္လို႔ မရပါဘူး။ ပရီးမီးယားလိဂ္က ျပီးသြားမွာေတာ့ မဟုတ္ပါဘူး။ သေရပြဲ ႏွစ္ပြဲေလာက္နဲ႔ ရံွဴးနိမ့္မႈ တစ္ပြဲေလာက္ ထပ္ေတြ႔ၾကဦးမွာပါ။ လီဗာပူးရဲ႕ ပြဲစဥ္ဇယားကေတာ့ ပိုေကာင္းတဲ့ အေနအထားမွာ ရွိေနတယ္။

မန္စီးတီးရဲ႕ အားနည္းခ်က္က ခံစစ္မွာျဖစ္ျပီး ဒီပြဲမွာ သြင္းဂိုးေတြကို ျမင္ရပါမယ္။ ဂြာဒီယိုလာရဲ႕ အသင္းက ခံစစ္ကို အထိုင္မကစားေပမယ့္ လီဗာပူးရဲ႕ တိုက္စစ္သမား သံုးဦးကို ထိန္းခ်ဳပ္ရမွာက ခက္ခဲမွာျဖစ္ျပီး အစြန္သမားေတြထံက အက်ိဳးအျဖစ္ဖို႔လည္း ၾကိဳးစားရမွာပါ။ အရင္အပတ္က ဆာလက္နဲ႔ ဖာမင္ႏိုတို႔ ေျခစြမ္းမျပနိုင္တဲ့ တိုက္စစ္ကို မာေနးက ဦးေဆာင္ထားတယ္။ ပြဲအတြက္ အဆံုးအျဖတ္ အနုိင္ဂိုးကိုလည္း မားေနကပဲ သြင္းေပးခဲ့တာပါ။

ပက္ ဂြာဒီယိုလာကေတာ့ မာေနးရဲ႕ ေနရာလြတ္ေတြအတြက္ ၾကိဳတင္ ျပင္ဆင္လာပါလိမ့္မယ္။ ေနာက္ျပီး မာေနး ဟန္ေဆာင္လွဲခ်တယ္ဆိုတဲ့ စြပ္စြဲမႈေတြ။ ဂိုးေတြ သြင္းေပးနုိင္ေနတဲ့ ကစားသမား တစ္ေယာက္က ဒီလို အေနအထားမ်ိဳးလို႔ က်ေနာ္ေတာ့ မျမင္ပါဘူး။ မန္စီးတီးနဲ႕ လီဗာပူးဟာ နည္းစနစ္ေတြ ျပိဳင္ဆိုင္ၾကဦးမွာလား ဆုိရင္ က်ေန္ာေတာ့ မထင္ပါဘူး။ လီဗာပူး ခံစစ္က ေကာင္းမြန္ေနတယ္ ဆိုေပမယ့္ အရင္နွစ္ကေလာက္ မဟုတ္ေတာ့ဘူး ဒါ့အျပင္ လက္ရွိ ပံုစံအတိုင္း ဆက္သြားရဖို႔ သေရ တစ္မွတ္ရရင္ေတာင္ သူတို ေပ်ာ္ရႊင္ေနမယ္ ဆိုတာ က်ေနာ္တို႔ သိေနတယ္။

ဒီပြဲက ပြဲျပီးမွ အားလံုးကို သက္ျပင္းၾကီးၾကီး စိတ္ခ်လက္ခ် ခ်နိုင္မယ့္ ပြဲ တစ္ပြဲ ျဖစ္ပါလိမ့္မယ္။ ပြဲၾကည့္ေနတုန္းေတာ့ လိုက္ပါ ခံစားလိုက္ၾကပါ။ ဒီပြဲက ၅-၄ ဒါမွမဟုတ္ ၁-၀ လို ရလဒ္မ်ိဳး ဘာမဆို ျဖစ္သြားနုိင္ပါတယ္။ က်ေန္ာကေတာ့ ေအးေအးေဆးေဆး ထိုင္ၾကည့္ အားေပးေနမွာ။ ” လို႔ ခ်ာလီက သံုးသပ္ ေရးသားထားပါတယ္။

ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၂-၂ မန္စီးတီး ဆိုတဲ့ ရလဒ္ ထြက္ေပၚမယ္လို႔ ျဖစ္ပါတယ္။