မန်ချက်စတာယူနိုက်တက်ဟာ ပေါင် သန်း ၅၀ သုံးပြီး ရီးရဲလ်ကွင်းလယ်ကစားသမား တိုနီခရူးစ်ကိုလည်း ခေါ်ယူဖွယ် ရှိနေပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျာမန်သားဟာ ၂၀၁၃ က ဘိုင်ယန်မှ မန်ယူသို့ ပြောင်းရွှေ့လုနီးပါး ဖြစ်ခဲ့ပြီးမှာ ၂၀၁၄ မှာ ရီးရဲလ်သို့ ရောက်ရှိသွားခဲ့တာပါ။

မန်ယူ ပရိသတ်တွေဟာ ဆလိုဗက်ကီးယားနဲ့ပွဲမှာ ဝေးစ်အသင်းနဲ့အတူ အရေးပါတဲ့ နေရာက ခြေစွမ်းပြသွားတဲ့ ဒေးဗစ် ဘရွတ်ကို အသည်းအသန် အလို ရှိနေကြပြီး ၀ယ်ယူပေးဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေကြပါတယ်။ ဘုန်းမောက်ကွင်းလယ်သမားဟာ တိုက်စစ်မှာ စွမ်းအင်အပြည့်နဲ့ ကစားသွားသလို တောင်ပံနှစ်လုံးရော ကွင်းလယ်ဗဟိုမှာပါ လွန်းထိုးပြီး လှုပ်ရှား ခြေစွမ်းပြသွားပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီ နှစ်သင်းလုံးဟာ ဆန်ချိုအတွက် ဒေါ့မွန်အလိုရှိနေတဲ့ ပေါင် သန်း ၇၀ ပေးပြီး ၀ယ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ မန်ယူ တာဝန်ရှိသူတွေက ဆန်ချိုနဲ့ တွေ့ဆုံခဲ့တယ်လို့ ၄င်းတို့ ပထမခြေလှမ်း စတင်နေပြီလို့လည်း သိရပါတယ်။

မန်ယူ အမြဲတမ်းနည်းပြ အဖြစ် ဆိုးရှား တာဝန်ယူဖို့ ရေပန်းစား အလေးသာလာနေပေမယ့် တော့တင်ဟမ်စပါးဘက်ကတော့ သူတို့နည်းပြ ပိုချက်တီနိုကို စိတ်ဝင်စား ခေါ်ယူလိုနေမှာ စိုးရွံ့နေပါတယ်။

မန်ယူဟာ ပေါ့ဘာရဲ့ အရေးကိစ္စအတွက် ကစားသမားအေးဂျင့် ဖြစ်သူ ရွိုင်းအိုလာနဲ့ ပြောဆို ဆွေးနွေးမှုများ စတင်နေပြီလို့ သိရပါတယ်။ ရွိုင်းအိုလာက ပေါ့ဘာကို မန်ယူကနေ ထွက်ခွာပြီး ရီးရဲလ်သို့ ပို့လိုနေသူ ဖြစ်ပါတယ်။

မန်ယူ နည်းပြ ဆိုးရှားက အက်ဝုဒ်ဝပ်ကို ပေါ်တူဂီသား ဘရူနို ဟာနန်ဒက်ထက် ဈေးပိုချိုမယ့် ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ဘ်ကို အလိုရှိကြောင်း ပြောကြားထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ်တူဂီ လူငယ်ကြယ်ပွင့် သုံးဦး ဖြစ်တဲ့ ဘင်ဖီကာမှ တိုက်စစ်မှူး ဖိလစ်၊ ခံစ် ရူဘန်ဒိုင်ယာ့ဇ်နဲ့ စပို့တင်းလစ္စဘွန်းမှ အသက် ၂၄ နှစ်အရွယ် ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်တို့ သုံးယောက်အတွက် ပေါင် သန်း ၂၅၀ သုံးပြီး ခေါ်ယူရန် စီစဉ်နေပါတယ်။ ဒါပေမယ့် မန်ယူဟာ အဆိုပါ ကစားသမားတွေအတွက် မန်စီးတီး၊ ဂျူဗင်တပ်၊ ဘာစီလိုနာ နဲ့ ရီးရဲလ်အသင်းတွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိပါတယ်။