မန်ယူနဲ့ ရပ်ဖို့ကြား အပြီးမသတ်နိုင်ဖြစ်နေသေးတဲ့ စာချုပ်ကြောင့် လာလီဂါကလပ်တွေ ကြားဝင်ဖို့ စိတ်ဝင်စားနေကြမှုကို ရပ်တန့်နိုင်မယ့် အနေအထားအဖြစ် ရပ်ဖို့ဟာ ကလပ်အသင်းမှာ ဆက်နေပြီး လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရတယ်။

ရပ်ဖို့ဟာ ဆိုးရှားလက်ထက်မှာ အတိုးတက်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ မန်ယူက ဆုဖလားတွေအတွက် ရည်ရွယ်ပြီး နော်ဝေသားကို အသင်းနဲ့ သုံးနှစ်သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ ဒါကြောင့်လည်း ရပ်ဖို့ဟာ အင်္ဂလန်ပြင်ပကို ထွက်ခွာဖို့ထက် ဆိုးရှားလက်အောက်မှာပဲ ဆက်လက်ကစားဖို့ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်။

ဆိုးရှားဟာ မန်ယူရဲ့ တိုက်စစ်မှာ ရပ်ဖိုဒ့်၊ လူကာကူတို့နဲ့အတူ သင့်လျော်တဲ့ တိုက်စစ်တွဲဘက်မှုကို ရှာဖွေပြခဲ့ပြီး ရပ်ဖို့ဟာ ဒီရာသီ ပြိုင်ပွဲစုံး သွင်းဂိုး 12 ဂိုးထိ ရထားပါပြီ။ မန်ယူအကယ်ဒမီထွက် တိုက်စစ်မှူး ရပ်ဖို့ဟာ 2015 မှာ ဂျူနီယာအဆင့်ကနေ စတင်လာခဲ့တဲ့နောက် ပထမအသင်းအတွက် ပွဲပေါင်း 161 ပွဲ ကစားကာ သွင်းဂိုး 44 ဂိုး သွင်းယူထားပြီးဖြစ်တယ်။

အင်္ဂလန်တိုက်စစ်သမားဟာ ကလပ်အသင်းနဲ့ အကောင်းမြင်နိုင်တဲ့ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြီးနောက် အနေအထားက မန်ယူဘက်ကို အလေးသာခဲ့တာဖြစ်တယ်။ 2020 ခုနှစ်မှာ မန်ယူနဲ့ စာချုပ်ကုန်မယ့် ရပ်ဖို့ဟာ မော်ရင်ညို လက်ထက်တုန်းကတော့ ကလပ်အသင်းမှာ ဆက်မနေပဲ အိုထရတ်ဖိုဒ့်ပြင်ပကို ထွက်ခွာမယ်လို့ သတင်းကြီးထားခဲ့တာဖြစ်တယ်။

ကလပ်အသင်းဘက်ကတော့ ဒီနွေမှာ နောက်ထပ် 12 လစာချုပ်ပဲ ကျန်ရှိမယ့် ရပ်ဖို့ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်အဖြစ် 2021 ခုနှစ်ထိ ဆက်ရှိနေမယ့် စာချုပ်ချုပ်ဆိုခွင့် ရထားပါတယ်။ ဒါပေမယ့် မန်ယူဘက်က ရပ်ဖို့ကို 2024 လောက်ထိ ဆက်ရှိစေမယ့် ကာလရှည်စာချုပ်ကို ပေးပို့လိုတာဖြစ်ပါတယ်။

မန်ယူဟာ ပြင်သစ်တိုက်စစ်မှူး မာရှယ်ကို တစ်နှစ်လုပ်ခ ပေါင် 200,000 ပေးချေမယ့် ငါးနှစ်စာချုပ်ဖြင့် ဒီနှစ်စကပဲ လက်မှတ်ထိုးခဲ့ပြီဖြစ်တယ်။ ရပ်ဖို့ကို ပေးပို့မယ့် စာချုပ်သစ်အရတော့ သူဟာ တစ်ပတ်ကို လုပ်ခ ပေါင် 150,000 နဲ့အတူ အပိုဆုကြေးတွေ ထပ်မံရရှိမှာဖြစ်လို့ လက်ရှိရနေတဲ့ လုပ်ခရဲ့ နှစ်ဆလောက်ထိ ရရှိသွားမှာဖြစ်တယ်။