မန်ယူ နဲ့ သက်တမ်းတိုးစာချုပ်မှာ လစာညှိနှိုင်းမှု အဆင်မပြေတဲ့ ကွင်းလယ်ကစားသမား ဟာရဲရားကို ပီအက်စ်ဂျီက အကြိုသဘောတူညီမှု ရဖို့ ကြိုးစားနေပါတယ်။ ဟာရဲရားရဲ့ လက်ရှိစာချုပ်က ရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်လို့ စပိန်သားဟာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာနိုင်မှာပါ။

ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က ၄င်းကို မန်ချက်စတာကလပ်နှစ်သင်းက ချဉ်းကပ်မှုတွေ ရှိနေပေမယ့် လျစ်လျူရှုထားဆဲ ဖြစ်ပါတယ်။ ၄င်းက လတ်တလောမှာတင် အိုင်ယာလန် နိုင်ငံအသင်းကို ကိုယ်စားပြုနေရာမှ အင်္ဂလန်အသင်းတို့ ပြောင်းလဲ ရွေးချယ်လိုက်ကာ ပြီးခဲ့တဲ့ ယူရို ခြေစစ်ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ပစ်မှတ်ထားနေတဲ့ ဝေးစ်လက်ရွေးစင် ဂါရတ်ဘေးလ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရာသီအကုန်မှာ ဆုံးဖြတ်မယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောကြားလိုက်ပါတယ်။ မန်ယူ ကတော့ ပေါ့ဘာကိုသာ လက်လွှတ်ရရင် ပြောင်းရွှေ့ကြေး တစိတ်တဒေသအဖြစ် ဘေးလ် ဒါမှမဟုတ် တိုနီခရူးစ်ကို တောင်းဆိုသွားဖွယ်ရှိတယ်လို့ AS သတင်းမှာ ဖော်ပြလာပါတယ်။

မန်ယူ နည်းပြ ဆိုးရှားဟာ ခရစ္စတယ်ပဲလေ့စ်မှ အင်္ဂလန်သား တောင်ပံခံစစ်မှူး ၀မ် ဘစ်ဆာကာအတွက် ပေါက် ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ရန် စိတ်အားထက်သန်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် နောက်ကစားသမားတစ်ဦး ဖြစ်တဲ့ စပိန်ကွင်းလယ် ဟာရဲရား သက်တမ်းတိုး စာချုပ်အတွက် ကစားသမား တောင်းဆိုနေတဲ့ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းကို မပေးလိုပဲ ငြင်းပယ်ထားတာကြောင့် ညှိနှိုင်းမှုများ ကြံ့ကြာနေပါတယ်။ ဟာရဲရားကို ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီက ချဉ်းကပ်မှုတွေ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေထွက်နေပေမယ့် ကွင်းလယ်ကစားသမား ပေါ့ဘာက အသင်းမှာ ပျော်ရွှင်နေပြီး အနာဂတ်မှာပါ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်လို့ မန်ယူ နည်းပြ ဆိုးရှားက ပြောကြားပြီး ကောလဟာသတင်းတွေကို ငြင်းပယ်လိုက်ပါတယ်။

ဘာစီလိုနာဟာ ရာသီကုန်ရင် မန်ယူ နဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အသက် ၃၀ အရွယ် စပိန်သား ကွင်းလယ်ကစားသမား မာတာရဲ့ ဖခင်ဖြစ်သူနဲ့ အေးဂျင့်ကို ဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်း ၀ုဗ်နဲ့ ပွဲစဉ်မှာ မန်ယူ ဘက်က တိုက်စစ်မှူး လူကာကူနဲ့ မာရှယ်တို့ ပြန်လည် ပါဝင်ကစားနိုင်တော့မှာ ဖြစ်ကြောင်း ဆိုးရှားက အတည်ပြုသွားပါတယ်။ ဒါ့အပြင် မိသားစုပြဿနာများ ရှိနေခဲ့တဲ့ လင်ဒီလော့ဖ်လည်း ပြန် ပါဝင်နိုင်တော့မှာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်တို့ ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမား ရာကီတစ်အတွက် ဘာစီလိုနာက ယူရို သန်း ၅၀ အဖြစ် ဈေးသတ်မှတ်လိုက်ပါတယ်။

မန်ယူ ဂန္တဝင်ကစားသမားကြီး အန်ဒီကိုလ်းက 1999 ခုနှစ် ဖလားသုံးလုံး အနိုင်ရ မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရမယ်ဆိုရင် အနိုင်ယူသွားလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။