ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်မှုများ ရှိနေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာအတွက် မန်ချက်စတာယူနိုက်တက်ဟာ တစ်ပတ် လုပ်ခ ပေါင် ၅ သိန်းထိ ပေးပြီး အသင်းမှာ ဆက်နေစေဖို့ ညှိနှိုင်းမှုများ လုပ်ဆောင်နေပါတယ်။

မန်ယူက အလိုရှိနေတယ် သတင်းထွက်နေတဲ့ တိုက်စစ်သမား ဆန်ချို့အတွက် တရားဝင်ချဉ်းကပ် မေးမြန်းမှုများ လက်ခံ မရရှိထားသော်လည်း ဒေါ့မွန်ကတော့ အင်္ဂလန်သားကို လက်လွှတ်ဖို့ အစီအစဉ်မရှိကြောင်း အသင်း အမှုဆောင် ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။

မန်ယူဟာ ပြင်သစ်လီဂူးဝမ်းကလပ်တွေဖြစ်တဲ့ ပီအက်ဂျီမှ မူနီယာနဲ့ လိုင်ယွန်မှ အန်ဒွမ်ဘီလီတို့ကိုလည်း အလိုရှိတဲ့ ကစားသမားများ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ညာအစွန်နဲ့ ကွင်းလယ်နေရာတွေဟာ ယူနိုက်တက် အင်အားဖြည့်ဖို့ လိုအပ်နေတဲ့ နေရာတွေဖြစ်ပြီး သူတို့နှစ်ဦးက အဓိက ဦးစားပေး ခေါ်ယူလိုသူတွေ ဖြစ်လာမလားက မသိရသေးပါဘူး။

မန်ယူ တိုက်စစ်မှူး လူကာကူရဲ့ အေးဂျင့်ဖြစ်သူ Federico Pastorello က ၄င်းရဲ့ ကစားသမားဟာ ၄င်းရဲ့ အနာဂတ်အတွက် ကမ်းလှမ်းမှုများကို လမ်းဖွင့်ထားကြောင်းနဲ့ လူကာကူက သူ့ကစားသမားဘ၀မှာ အခြားသောလိဂ်တွေမှာလည်း သွားရောက် ကစားလို အတွေ့အကြုံရလိုနေတယ်လို့ ပြောကြားလိုက်ပါတယ်။

မန်ယူ ခံစစ်မှူး ရိုဂျိုဟာ U23 လူငယ်အသင်းနဲ့ အတူ ၀က်စ်ဘရွန်းကို ၁ ဂိုးစီသရေကျခဲ့တဲ့ သောကြာနေ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။ ရိုဂျိုဟာ ကြံ့ခိုင်မှု ပြန်တည်ဆောက်တဲ့အနေနဲ့ ၀င်ကစားခဲ့တာ ဖြစ်ပြီး နော်တစ်ပတ် ၀က်စ်ဟမ်းနဲ့ ကစားရမယ့် မန်ယူ အသင်းကြီးမှာ ရှော၊ ယန်းတို့ ပွဲပယ်ခံထားရတာကြောင့် ပါဝင်နိုင်ရန် ကြိုးစားနေတာပါ။

လီဗာပူးဟာ မန်ယူ တိုက်စစ်သမားဖြစ်ပြီး လိုင်ယွန်အသင်း ကစားသမားလည်းဖြစ်တဲ့ ဒီပေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေတယ်လို့ သိရပါတယ်။ မန်ယူက လိုင်ယွန်အသင်ကို ရောင်းချခဲ့စဉ်ကတည်းက ဒီပေးကို ပြန်လည်ခေါ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့် ကစားသမားကို ပြန်လည်ခေါ်ဆောင်ခွင့်အတွက်တော့ အားလုံးထပ် ပိုမိုအခွင့်အရေး ရရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဟွမ်မာတာဟာ ထူးခြားပြည့်စုံလွန်းတဲ့ ကစားသမား ဖြစ်တယ်လို့ စီးတီးမန်နေဂျာ ဂွာဒီယိုလာက ချီးကျူးစကား ဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ခံစစ်မှူး ဗာရိန်းကို လက်ရှိ တစ်နှစ်လုပ်ခ ယူရို ၆ သန်း ရရှိနေရာမှ ယူရို ၉ သန်းထိ ရရှိစေမယ့် စာချုပ်သစ်နဲ့ သက်တမ်းတိုး ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။ ပြင်သစ်ခံစစ်မှူးကို ဂျူဗင်တပ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတို့က စောင့်ကြည့်နေကြပါတယ်။