မန်ယူကနေ အခြားသော လိဂ်ပြိုင်ပွဲတွေထံ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်လာပြီးတဲ့နောက် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ဂျူဗင်တပ်၊ အင်တာနဲ့ အေစီမီလန်တို့က စိတ်ဝင်စားလာပါတယ်။ ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် 75 သန်းလောက်ထိ အသုံးပြုရနိုင်ပါတယ်။

မန်ယူဘုတ်အဖွဲ့ဟာ နွေမှာ ဆိုးရှားအသုံးပြုဖို့ အသုံးစရိတ် ပေါင် သန်း 200 ထိပေးသွားမှာဖြစ်ပါတယ်။ ဆိုးရှာဟာ ဆန်ချို၊ အိုဒွိုင်း၊ ရိုက်နဲ့ ဝမ်ဘက်ဆစ်ကာတို့ကို အဝယ်စာရင်းထဲမှာ ထည့်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မန်ယူဂိုးသမား ဒီဂီယာကို မခေါ်နိုင်ခဲ့ရင် ချယ်ဆီးဂိုးသမား ကီပါကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ မနှစ်ကမှ ပေါင် 72 သန်းနဲ့ ပြောင်းလာခဲ့တဲ့ ကီပါဟာ ဆာရီလက်ထက် ကာရာဘောင်း ဗိုလ်လုပွဲမှာ မန်နေဂျာစိတ်ပျက်စေမယ့် အပြုအမှုကို ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၁၆ က ပေါ့ဘာကို ၀ယ်ယူဖို့ ကြိုးပမ်းဖူးပြီး ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ တန်ကြေး မြင့်လွန်းတာကြောင့် မ၀ယ်ယူဖြစ်ခဲ့ကြောင်း အသင်း ဥက္ကဌ Bartomeu က ၀န်ခံပြောကြားလိုက်ပါတယ်။ ပေါ့ဘာဟာ ထိုနှစ်မှာပဲ ဂျူဗင်တပ်မှ မန်ယူထံ ပေါင် သန်း ၉၀ နဲ့ ရောက်ရှိခဲ့တာပါ။

မန်ယူက ဒီဂီယာကို ဆုံးရှူံးရမယ်ဆိုရင် အော့ဘလက်ကို လက်မှတ်ထိုးခေါ်ဖို့ ရည်ရွယ်ပေမယ့် ခက်ခဲမယ့် အနေအထားကို ရင်ဆိုင်ရနိုင်ပါတယ်။ တီကိုဟာ ၄င်းတို့ရဲ့ အဓိက ဂိုးသမားကို စာချုပ်သစ်မှာ လက်မှတ်ထိုးနိုင်ဖို့ စတင်ကာ ကြိုးစားလာပြီဖြစ်ပါတယ်။

မန်ယူကစားသမားဟောင်း ဗန်ဒါးဆားက အသင်းဟောင်းမှာ အားကစားဒါရိုက်တာဝန်ကို ရယူပေးဖို့ စိတ်ဝင်စားနေကြောင်း ဝန်ခံပါတယ်။ 6 နှစ်ကြာ ကျင်လယ်ခဲ့တဲ့ အသင်းဟောင်းဟာ သူ့အတွက်တော့ ထူးရှယ်နေရာပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။

အသက် ၃၀ ရှိပြီ ဖြစ်တဲ့ မန်ယူ တိုက်စစ်သမား မာတာက အသင်းနဲ့ လက်ရှိစာချုပ် ကုန်ဆုံးရန် ၂လ ခန့်သာ ကျန်ရှိပြီး သက်တမ်းတိုး စာချုပ် သဘောတူ ချုပ်ဆိုနိုင်ခြင်း မရှိသေးပေမယ့် လက်ရှိချိန်မှာ ကိုယ့်ကိုယ်ကိုထက် အသင်းအတွက် ပိုဦးစားပေး အာရုံစိုက်ထားလိုကြောင်း လတ်တလော အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မန်ယူနည်းပြ ဆိုးရှားက လက်ရှိအသင်းသားတွေကို ၁၉၉၉ ခုနှစ်က မန်ချက်စတာ စိတ်ဓာတ်မျိုး ပြန်ကိန်းအောင်းလာစေချင်ကြောင်း ပြောကြားလိုက်ပါတယ်။ ကစားသမားတွေက အချင်းချင်း တွန်းအားပေးပြီး ရာနှုန်းပြည့် နေ့ရက်တိုင်း ပေးဆပ် ကစားစေလိုတယ်လို့ ၄င်းက ဆိုပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုက စပိန်မြေမှာပဲ ပျော်နေပြီး အင်္ဂလန်လိဂ်ကို ပြန်လာဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။