ဒီကနေ့ညနေမှာ အာဆင်နယ်ဟာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နောက်ဆုံး နှစ်ပွဲဆက် အရေးနိမ့်ထားမှုကို ချေဖျက်ပြနိုင်ဖို့ ကြိုးစားရမှာပါ။

အာဆင်နယ် နောက်ခံလူ ဆိုခရာတစ်က ဒီကနေ့ပွဲဟာ ကလပ်အသင်အးတွက် အရေးပါတဲ့ပွဲဖြစ်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဉ်ပြိုင်ဖို့ လိုအပ်မယ်လို့ လက်စတာနဲ့ ပွဲမတိုင်ခင်မှာ အသင်းဖော်တွေကို သတိပေးစကား ပြောကြား သွားခဲ့ပါတယ်။

ဆိုခရာတစ်က ကလပ်အသင်း နည်းပြ အမ်မရီရဲ့ နည်းစနစ်တွေထက် ကစားသမားတွေရဲ့ အားထုတ်မှုကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တယ်။ လက်ရှိ ခြေစွမ်းအတိုင်းသာ ဆက်ကစားမယ် ဆိုရင် လက်စတာကိုလည်း အရှုံးပေး ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ဆိုခရာတစ်က ” အရင်ပွဲတွေကို ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ လက်စတာနဲ့ ပွဲကလည်း နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲပါပဲ။ ဒီတိုင်းသာ ဆက်ကစား ရင်တော့ ကျွန်တော်တို့ ရှုံးဦးမှာပါပဲ။ ဒါက ရှင်းပါတယ်။

ကလပ်အသင်း အခုလို ရှုံးပွဲတွေ ရင်ဆိုင်နေရတာက နည်းပြနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့နဲ့ပဲ ဆိုင်ပါတယ်။ ရလဒ်ကောင်းတွေ ယူပေးနိုင်ဖို့အတွက် ကစားသမားအေားလုံးမှာ တာဝန် ရှိပါတယ်” လို့ ပြောပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနေအထားကောင်းမှာ ဆက်ရှိနေဆဲဖြစ်ပြီး ဒီကနေ့ ယှဉ်ပြိုင်ကစားတဲ့ မန်ယူနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ပွဲ မတိုင်ခင် အနိုင်ရမယ်ဆိုရင် လက်ကျန် နှစ်ပွဲပဲ ကျန်ရှိချိန်မှာ အခြေအနေကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။

ဆိုခရာတစ်ကပဲ “ဒီအချိန်က ဆင်ခြေတွေ ပေးနေရမယ့် အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ပွဲတွေနဲ့ ရှေ့ဆက် ရမှာပါ။ လက်ကျန် ၃ ပွဲမှာ ၉ မှတ် ရယူဖို့ လိုအပ်နေခဲ့တယ်။ ကျွန်တော် အသင်းပေါ်မှာ ၁၀၀% ယုံကြည်ပြီး ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်စွဲခြင်းဖြင့်လည်း ချန်ပီယံလိဂ် ၀င်ခွင့်ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဆိုကရာတစ်က “ကျွန်တော်တို့ အခွင့်အရေး ၁ ခုပဲ ကျန်တော့တဲ့ အထိ မစောင့်သင့်ပါဘူး။ အခု ကျွန်တော်တို့မှာ အခွင့်အရေး ၂ ခု ရှိနေပြီး ဒါကို အမိအရ ဆုပ်ကိုင် သွားရပါမယ် “လို့ ပြောသွားခဲ့ပါတယ်။