မန်စီးတီးအသင်းဟာ ဘန်လေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားရာ အဂွယ်ရိုရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရပြီး အဖိုးတန် သုံးမှတ် အပြည့် ရရှိသွားပါတယ်။ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်သို့ ပြန်ေ်ရာက်လာပြီး ချန်ပီယံဖြစ်ဖို့ ခြေတစ်လှမ်း ပိုနီးစပ် လာခဲ့ပြီ ဖြစ်ပါတယ်။

” မြက်ခင်းပြင်က အရမ်းခြောက်နေခဲ့ပြီး ဘောလုံးကို မြန်မြန်ပေးဖို့ အရမ်း ခက်ခဲခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ နိုင်လို စိတ်တွေ ပြင်းထန်လာခဲ့ပြီး အနိုင် သုံးမှတ် ရယူနိုင်ခဲ့တယ်” လို့ ဂွာဒီယိုလာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီက မန်စီးတီးမှ ခေါ်ယူထားတဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဘရာဟင်းဒိုင်ယာ့ဇ်ကို ရီးရဲလ် နည်းပြ ဇီဒန်းက ပထမအသင်း ပွဲအတွေ့အကြုံများ ရအောင် လာမယ့်နွေမှာ အငှားချတော့မှာ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်ကတော့ ရီးရဲလ်မှ မခွာလိုကြောင်း ပြောကြားထားပါတယ်။

2012-2013 ရာသီနဲ့ 2013-2014 ရာသီအတွက် ရွန်းနီ ရရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် နှစ်ရာသီဆက် ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်နဲ့ အထက်စီ ပြုလုပ်နိုင်ခဲ့တာ စတာလင်နဲ့ ဆာနေးသာ ရှိပါတယ်။ လျှင်မြန်တဲ့ တောင်ပံနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွက် ပရီးမီးယားလိဂ် မှာ ကြောက်စရာကောင်းတဲ့သူတွေ ဖြစ်လာခဲ့ပြီး ဒါကို သက်သေပြဖို့ အခုဆို သူတို့မှာ စံချိန်မှတ်တမ်းတစ်ခု ရရှိထားပါတယ်။

အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး 2 ဂိုး ရယူခဲ့ပြီး ပရီးမီးယားလိဂ်ကို ခြေချလာခဲ့ကတည်းက ထိပ်သီး 6 သင်းကို ဂိုးသွင်းယူမှု အမြင့်ဆုံး တိုက်စစ်သမား ဗာဒီကတော့ မန်စီးတီးနဲ့ပွဲမှာလည်း ရလဒ်ကောင်း ရယူသွားမယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

မန်စီးတီး ခံစစ်မှူး အော်တာမန်ဒီကို ဂျူဗင်တပ်အသင်းက အလိုရှိနေပြီး ကစားသမား ကိုယ်တိုင်ကလည်း ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ လာမယ့်နွေမှာ အီတီဟက်နေ ထွက်ခွာဖို့ ကြံရွယ်နေပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရပြီး ရာသီကြို ပြင်ဆင်မှုကို ရှောင်ရှားနိုင်ဖို့ မေလ 18 ရက်နေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ ဝတ်ဖိုဒ့်တို့ရဲ့ အက်ဖ်အေဖလားမှာ မန်စီးတီးအသင်း အနိုင်ရဖို့ မျှော်လင့်နေကြရမှာ ဖြစ်ပါတယ်။ အကယ်လို့ ဝတ်ဖိုဒ့် အနိုင်ရမယ်ဆိုရင် အဆင့် ၆ နေရာက အသင်းက ဂျူလိုင်လ 25 ရက်နေ့မှာ ယူရိုပါလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲကို ကစားရမှာဖြစ်တယ်။

မန်စီးတီးဟာ လက်စတာမှ အင်္ဂလန်သား ခံစစ်မှူး ဟယ်ရီ မက်ဂွဲယားကို ခေါ်ယူလိုနေပြီး လက်စတာကတော့ အသက် ၂၆ နှစ်အရွယ် ခံစစ်မှူး အတွက် ပေါင် သန်း ၉၀ အလိုရှိနေပါတယ်။ ဂွာဒီယိုလာက လီဗာပူးအသင်းမှ ခံစစ်မှူး ဗန်ဒိုက်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်စီးတီး ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုက အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ် မေ ၁၈ ရက်နေ့အမှီ ပြန်ကစားနိုင်ဖို့ မသေချာသေးကြောင်း ဂွာဒီယိုလာက သတင်းပေးခဲ့ပါတယ်။