ဒီတပတ် ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက် က ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ယူနိုက်တက် အတွက် မာတာက သွင်းယူပေးခဲ့ပြီး ချယ်ဆီးအတွက် အလွန်ဆိုက သွင်းယူခဲ့တာပါ။

ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ ချယ်ဆီးကစားသမား အလွန်ဆိုရဲ့ ဂိုးကို ခွင့်ပြုခဲ့ရတဲ့ အမှား ထပ်မံ ကျူးလွန်လိုက်ပြီး နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ၃ပွဲက ၄င်း အမှားကြောင့် ဂိုးပေးထားရပါတယ်။

ဂျူဗပ်တင်က ပေါ့ဘာကို တူရင်သို့ ပြန်ခေါ်ယူလိုနေပြီး ယူနိုက်တက်ရဲ့ ယူရို သန်း ၁၃၀ တန် ကစားသမားကို ၀ယ်ယူဖို့အတွက် အဓိက ကစားသမား အချို့ ရောင်းချရဖွယ် ရှိနေပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရပြီး ရာသီကြို ပြင်ဆင်မှုကို ရှောင်ရှားနိုင်ဖို့ မေလ 18 ရက်နေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ ဝတ်ဖိုဒ့်တို့ရဲ့ အက်ဖ်အေဖလားမှာ မန်စီးတီးအသင်း အနိုင်ရဖို့ မျှော်လင့်နေကြရမှာ ဖြစ်ပါတယ်။ အကယ်လို့ ဝတ်ဖိုဒ့် အနိုင်ရမယ်ဆိုရင် အဆင့် ၆ နေရာက အသင်းက ဂျူလိုင်လ 25 ရက်နေ့မှာ ယူရိုပါလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲကို ကစားရမှာဖြစ်တယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေမှာ ခံစစ်မှူး အက်ရှ်လေယန်းကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေပါတယ်။ ယန်းဟာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသော်လည်း ၄င်းရဲ့ ဒီတလော ခြေစွမ်းကျဆင်းနေမှုကြောင့် အသင်းကနေ ထွက်ခွာရဖွယ် ရှိနေတာပါ။

2012-2013 ရာသီနဲ့ 2013-2014 ရာသီအတွက် ရွန်းနီ ရရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် နှစ်ရာသီဆက် ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်နဲ့ အထက်စီ ပြုလုပ်နိုင်ခဲ့တာ စတာလင်နဲ့ ဆာနေးသာ ရှိပါတယ်။ လျှင်မြန်တဲ့ တောင်ပံနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွက် ပရီးမီးယားလိဂ် မှာ ကြောက်စရာကောင်းတဲ့သူတွေ ဖြစ်လာခဲ့ပြီး ဒါကို သက်သေပြဖို့ အခုဆို သူတို့မှာ စံချိန်မှတ်တမ်းတစ်ခု ရရှိထားပါတယ်။

ယူနိုက်တက်မှ အသက် ၂၈ နှစ်အရွယ် စပိန်သား ဂိုးသမား ဒီဂီယာကို အီတလီအင်အားကြီးကလပ် ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီအသင်းတို့က အပြိုင် ခေါ်ယူလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေမှာ ပေါ့ဘာ၊ ဆန်းချက်၊ ဟာရဲရား၊ လူကာကူတို့ကို ရှင်းထုတ်ပါက တစ်နှစ် လစာ ပေါင် ၈၂ သန်းခန့် သက်သာသွားဖို့ ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပုံမှန် ပွဲကစားခွင့် မရလို့ မပျော်ရွှင် ဖြစ်နေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေကို ပွဲကစားခွင့် မက်လုံးပေးကာ ပေါင် သန်း ၈၀ နဲ့ အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု ပြုလုပ်ရန် ကြံရွယ်နေတယ်လို့ သတင်းများမှာ ပါရှိလာပါတယ်။