ချယ်ဆီးအသင်းဟာ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ပဲလေ့စ်နဲ့ပွဲကလွဲလို့ ပွဲတိုင်း ဂိုးပေးထားရပြီး ၅ ပွဲမှာ ၂ ဂိုးနဲ့ အထက် ဂိုးပြန်ပေးထားရတာ တွေ့ရပါတယ်။ ကြားရက်က ချန်ပီယံလိဂ်ပွဲမှာ ဗလင်စီယာနဲ့ ၂ ဂိုးစီ သရေကျထားပြီး ဒီတပတ် ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ လမ်းပတ်ကတော့ အသင်း ခံစစ်နဲ့ ပတ်သတ်ပြီး စိုးရိမ်မှု မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

” အသင်း ခံစစ်နဲ့ ပတ်သတ်ပြီး တကယ်တော့ ကျနော် သိပ် မစိုးရိမ်ဘူး။ ဗလင်စီယာနဲ့ ပွဲမှာ နောက်ဆုံး မိနစ် ၂၀ ကစားပုံကို ကျနော် သိပ် သဘောမကျပေမယ့် ဒါတွေက ဖြစ်လေ့ရှိတာလို့ ဆိုရမှာပါ။ ကျနော်တို့ ကစားသလို ကစးပုံမျိုးနဲ့ ကစားဖို့ ကြိုးစားရင် တွန်းတွန်းတိုက်တိုက် ကစားလို့ မဟုတ်ပေမယ့် ဒါမျိုုးတွေ ဖြစ်တတ်ပါတယ်။ ”

” ကိုယ့်ကို စိန်ခေါ်မှုတွေ စမ်းသပ်မှုတွေ လုပ်မယ့် ပွဲတွေ ကြုံရမှာပါ။ ဒါမျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်။ ချန်ပီယံလိဂ်မှာ ဒီရာသီ အသင်းကြီးတွေ ဂိုးတွေ ပေးနေရတာ မြင်နေရတာပဲ။ ကျနေ်ာတို့ တင် မဟုတ်ပါဘူး။ ”

” အသင်းရဲ့ လိဂ်ပုံစံကို ပြန်ကြည့်ရင်အချက်အလက်တွေ အရ ကျနော်တို့ဟာ ဂိုးတွေ သွင်းနေသလို ဂိုးတွေလည်း ပြန် ခွင့်ပြုနေရတာ တွေ့ပါတယ်။ ကိုယ့် ဧရိယာထဲကို ဖြတ်တင်ဘောတွေ ခွင့်ပြုရတဲ့ အပိုင်း သူများ ဧရိယာထဲကို ထိုးဖောက်တဲ့ အပိုင်းတွေမှာ သိပ် မဆိုးပါဘူး။ ကျနော်တို့ အခွင့်အရေးတွေကနေ ဂိုး အဖြစ် ပြောင်းလဲနိုင်တဲ့ နှုန်းတော့ သိပ်မကောင်းဘူး။ ”

” ဒါတွေကို ကျနော် ကောင်းကောင်း သတိပြုမိနေတယ်။ တောက်လျောက် ဂိုးတွေ ပေးနေရတဲ့ အပေါ် သတိထားစောင့်ကြည့်နေတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံလိဂ်မှာကတော့ ဂိုးတွေ ပေးနေရမှာပဲ။ ကျနေ်ာတို့ဟာ အရည်အချင်းကောင်း ပြိုင်ဘက်တွေကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ ဒါတွေအတွက် တိုးတက်မှုက လိုအပ်နေတုန်းပဲ။ ကျနေ်ာတို့ ပွဲအပေါ် အမြဲ ပြန် သုံးသပ်တယ်။ ကစားသမားတွေနဲ့ စကားပြောတယ်။ အရေးကြီးတဲ့ အချက်အလက်တွေ ချရေး ရှင်းပြတယ်။ ကျနော်တို့ အလိုရှိတဲ့ တိုးတက်မှုအတွက် ဆက် ကြိုးစားသွားမှာပါ။ ” လို့ လမ်းပတ်က ဖြေကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ခက်ခဲတဲ့ ဒီဇင်ဘာ ကာလကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး လာမယ့် ၂ ပတ် အတွင်း ၅ ပွဲ ကစားဖို့ ရှိနေပါတယ်။ လမ်းပတ်ကတော့ ခက်ခဲတဲ့ ပွဲကြပ်တွေက ဒီလို ပြိုင်ပွဲတွေမှာ ကြုံရတဲံ အနေအထား ဖြစ်ပြီး ဒါကြောင့် အသင်း လူစာရင်းမှာ လူကောင်းတွေ များများ လိုအပ်တာ ဖြစ်တယ်လို့ တုန့်ပြန် ခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ေနာက္ဆံုးကစားထားတဲ့ ျပိဳင္ပြဲစံု ၇ ပြဲမွာ ပဲေလ့စ္နဲ႕ပြဲကလြဲလို႔ ပြဲတိုင္း ဂိုးေပးထားရျပီး ၅ ပြဲမွာ ၂ ဂိုးနဲ႕ အထက္ ဂိုးျပန္ေပးထားရတာ ေတြ႔ရပါတယ္။ ၾကားရက္က ခ်န္ပီယံလိဂ္ပြဲမွာ ဗလင္စီယာနဲ႕ ၂ ဂိုးစီ သေရက်ထားျပီး ဒီတပတ္ ၀က္စ္ဟမ္းနဲ႕ ပြဲမတိုင္ခင္ ပြဲၾကိဳ ရွင္းလင္းပြဲမွာ လမ္းပတ္ကေတာ့ အသင္း ခံစစ္နဲ႕ ပတ္သတ္ျပီး စိုးရိမ္မႈ မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

” အသင္း ခံစစ္နဲ႕ ပတ္သတ္ျပီး တကယ္ေတာ့ က်ေနာ္ သိပ္ မစိုးရိမ္ဘူး။ ဗလင္စီယာနဲ႕ ပြဲမွာ ေနာက္ဆံုး မိနစ္ ၂၀ ကစားပံုကို က်ေနာ္ သိပ္ သေဘာမက်ေပမယ့္ ဒါေတြက ျဖစ္ေလ့ရွိတာလို႔ ဆိုရမွာပါ။ က်ေနာ္တို႔ ကစားသလို ကစးပံုမ်ိဳးနဲ႕ ကစားဖို႔ ၾကိဳးစားရင္ တြန္းတြန္းတိုက္တိုက္ ကစားလို႔ မဟုတ္ေပမယ့္ ဒါမ်ိဳုးေတြ ျဖစ္တတ္ပါတယ္။ ”

” ကိုယ့္ကို စိန္ေခၚမႈေတြ စမ္းသပ္မႈေတြ လုပ္မယ့္ ပြဲေတြ ၾကံဳရမွာပါ။ ဒါမ်ိဳးေတြ အမ်ားၾကီး ျဖစ္လာနုိင္တယ္။ ခ်န္ပီယံလိဂ္မွာ ဒီရာသီ အသင္းၾကီးေတြ ဂိုးေတြ ေပးေနရတာ ျမင္ေနရတာပဲ။ က်ေန္ာတို႔ တင္ မဟုတ္ပါဘူး။ ”

” အသင္းရဲ႕ လိဂ္ပံုစံကို ျပန္ၾကည့္ရင္အခ်က္အလက္ေတြ အရ က်ေနာ္တို႔ဟာ ဂိုးေတြ သြင္းေနသလို ဂိုးေတြလည္း ျပန္ ခြင့္ျပဳေနရတာ ေတြ႔ပါတယ္။ ကိုယ့္ ဧရိယာထဲကို ျဖတ္တင္ေဘာေတြ ခြင့္ျပဳရတဲ့ အပိုင္း သူမ်ား ဧရိယာထဲကို ထိုးေဖာက္တဲ့ အပိုင္းေတြမွာ သိပ္ မဆိုးပါဘူး။ က်ေနာ္တို႔ အခြင့္အေရးေတြကေန ဂိုး အျဖစ္ ေျပာင္းလဲနုိင္တဲ့ နႈန္းေတာ့ သိပ္မေကာင္းဘူး။ ”

” ဒါေတြကို က်ေနာ္ ေကာင္းေကာင္း သတိျပဳမိေနတယ္။ ေတာက္ေလ်ာက္ ဂိုးေတြ ေပးေနရတဲ့ အေပၚ သတိထားေစာင့္ၾကည့္ေနတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ ခ်န္ပီယံလိဂ္မွာကေတာ့ ဂိုးေတြ ေပးေနရမွာပဲ။ က်ေန္ာတို႔ဟာ အရည္အခ်င္းေကာင္း ျပိဳင္ဘက္ေတြကို ရင္ဆိုင္ေနရတာ ျဖစ္တယ္။ ဒါေတြအတြက္ တိုးတက္မႈက လိုအပ္ေနတုန္းပဲ။ က်ေန္ာတို႔ ပြဲအေပၚ အျမဲ ျပန္ သံုးသပ္တယ္။ ကစားသမားေတြနဲ႕ စကားေျပာတယ္။ အေရးၾကီးတဲ့ အခ်က္အလက္ေတြ ခ်ေရး ရွင္းျပတယ္။ က်ေနာ္တို႔ အလိုရွိတဲ့ တိုးတက္မႈအတြက္ ဆက္ ၾကိဳးစားသြားမွာပါ။ ” လို႔ လမ္းပတ္က ေျဖၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ခက္ခဲတဲ့ ဒီဇင္ဘာ ကာလကို ရင္ဆုိင္ရေတာ့မွာ ျဖစ္ျပီး လာမယ့္ ၂ ပတ္ အတြင္း ၅ ပြဲ ကစားဖို႔ ရွိေနပါတယ္။ လမ္းပတ္ကေတာ့ ခက္ခဲတဲ့ ပြဲၾကပ္ေတြက ဒီလို ျပိဳင္ပြဲေတြမွာ ၾကံဳရတဲံ အေနအထား ျဖစ္ျပီး ဒါေၾကာင့္ အသင္း လူစာရင္းမွာ လူေကာင္းေတြ မ်ားမ်ား လိုအပ္တာ ျဖစ္တယ္လို႔ တုန္႔ျပန္ ခဲ့ပါတယ္။