အပြောင်းအရွှေ့ ပိတ်ပင်မှုအတွက် အယူခံကို ဖီဖာက အကြောင်းမပြန်သေးဘဲ ကြံ့ကြာနေတာကြောင့် ချယ်ဆီးအသင်းဟာ နောက်ရာသီအတွက် အစီအစဉ်များ မပြုလုပ်နိုင်သေးဘဲ ဆိုင်းငံ့ထားနေရပါတယ်။

ချယ်ဆီး ခံစစ်မှူး ဒေးဗစ် လူးဝစ်က ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်များကို လွမ်းဆွတ်မိကြောင်းနဲ့ ပြန်ကစားချင်နေကြောင်း ၀န်ခံပြောကြား လိုက်ပါတယ်။ ချယ်ဆီးအသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် တိုက်ပွဲဝင်နေဆဲပါ။

ပေါစခိုးလ်က မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီး ပွဲစဉ်က ချယ်ဆီး တိုက်စစ်မှူး ဟီဂူအင်ရဲ့ ခြေစွမ်းညံ့ဖျင်းနေမှုကို ထောက်ပြလိုက်ပြီး ချယ်ဆီးက ဒီပွဲကို လူ ၁၀ ယောက်တည်းနဲ့ ကစားသွားသလိုပဲလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ယူနိုက်တက်နဲ့ ပွဲမှာ ဘယ်ဘက် ဒူးဒဏ်ရာ ရသွားတဲ့ ရူဒီဂါရဲ့ အခြေအနေကို စစ်ဆေးတော့မှာ ဖြစ်ပြီး ရာသီကုန်ထိ ချယ်ဆီး အသင်း ပွဲစဉ်တွေ လွဲချော်မလား စိုးရိမ်နေကြပါတယ်။

ချယ်ဆီးနည်းပြ ဆာရီကတော့ နောက်ရာသီမှာလည်း တိုက်စစ်မှူး ဟီဂူအင် အသင်းမှာ ဆက်ပြီး ရှိနေဖို့ မျှော်လင့်နေပါတယ်။ ဟီဂူအင်ဟာ တချက်တချက် ခြေစွမ်းကောင်းများ ပြနိုင်သော်လည်း အသင်းကြီးချင်း တွေ့ဆုံတဲ့ ပွဲတွေမှာ ရုန်းကန်နေရဆဲ့ပါ။

အပြောင်းအရွှေ့ ပိတ်ပင်မှုအတွက် အယူခံကို ဖီဖာက အကြောင်းမပြန်သေးဘဲ ကြံ့ကြာနေတာကြောင့် ချယ်ဆီးအသင်းဟာ နောက်ရာသီအတွက် အစီအစဉ်များ မပြုလုပ်နိုင်သေးဘဲ ဆိုင်းငံ့ထားနေရပါတယ်။

ဆာရီနဲ့ ပက်သက်ပြီး အာဆင်ဝင်းဂါးက ” ဆာရီအတွက် ဒါက အင်္ဂလန်မှာ သူရဲ့ ပထမဘောလုံးရာသီပါ။ သူကတော့ အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားရတာ ကြိုက်တယ်။ သူ့အသင်းကလည်း ပွဲထဲမှာ တကယ်လွှမ်းမိုးနိုင်တယ်.. ဒါပေမယ့် ဂိုးတွေ မရဘူး ဖြစ်နေတယ်။ သူတို့ ဘောလုံး ပိုင်ဆိုင်မှုကို ကြည့်ရင်း ပွဲတိုင်းလိုလို ၇၀% ၀န်းကျင် ရှိနေတယ်။ ဒါကြောင့် ဟာဇက်က ဘောလုံး ယူဖို့ နောက်ကို ကိုယ်တိုင် ပို ဆင်းလာရပြီး အခြေအနေ ပြောင်းအောင် ကြိုးစား ယူနေရတယ်။” လို့ ထောက်ပြခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ထားမှုကို မူလသက်မှတ်ထားတဲ့ ကာလမဟုတ်ပဲ နှောင့်နှေးအောင် ပြုလုပ်နိုင်မယ်ဆိုရင် နိုက်အသင်းမှ ညာအစွန်လူ Youcef Atal ကို ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း တယ်လီဂရပ်က သတင်းထုတ်ပြန်ပါတယ်။

အီဒင်ဟာဇက်ရဲ့ ညီဖြစ်သူ ဘယ်လ်ဂျီယံသား ကွင်းလယ်ကစားသမား သော်ဂန်ဟာဇက်က လာမယ့်နွေမှာ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီ ဖြစ်ကာ လက်ရှိကလပ် မွန်ချင်ကလာဘတ်က ဒေါ့မွန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံရန်သာ စောင့်ဆိုင်းနေပါတယ်။