အက်စတွန်ဗီလာနဲ့ ပွဲအတွက် ကစားကွက် ဘယ်လို ပြင်ဆင်မလဲအကြောင်း မေးမြန်းရာ တိုက်စစ်အခင်းအကျင်း၊ ပူလီဆစ်တို့ အပြင် အလွန် မကစားရခြင်း အကြောင်းတို့ကိုပါ လမ်းပတ်က ပွဲကြိုရှင်းလင်းပွဲမှာ ထည့်သွင်းဖြေကြားခဲ့ပါတယ်။

ပူလီဆစ်ကို False Nine အဖြစ် ကစားစေမှာလား အမေးကို လမ်းပတ်က – ” ဒါကို ကျနော် စဉ်းစားမှာပါ။ ဒီနေရာမှာ အပြိုင်တွေ ရှိတယ်ဆိုတော့ ကျွန်တော်က ရွေးချယ်မှု လုပ်ရမှာပေါ့။ ” လို့ ဆိုခဲ့ပါတယ်။

” ပွဲ တစ်ပွဲက ကစားသမား တစ်ယောက်တည်း အပေါ် မူမတည်ဘူး။ လူတိုင်းမှာ တာဝန်ရှိတယ်။ ကစားသမားတွေအနေနဲ့ အမြဲတမ်း အဆင်သင့် ဖြစ်နေဖို့လိုတယ်။ ဒါက မလွယ်ဘူးဆိုတာ သိပါတယ်။ ကောင်းကောင်း လေ့ကျင့်ပြီး ပြင်ဆင်ဖို့ကို ကျွန်တော်တို့ အလိုရှိတာပါ။ ” လို့ လမ်းပတ်က ဘယ်သူ့ကို တိုက်စစ် ကစားစေမလဲ ဆိုတာကို တုန့်ပြန်ခဲ့ပါတယ်။

ဒီတလော ပွဲစဉ်တွေမှာ မားကို့စ်အလွန်ဆိုကို မမြင်ရတာနဲ့ ပတ်သတ်ပြီးလည်း လမ်းပတ်က ဖြေကြားခဲ့ပြီး ကစားသမားတွေနဲ့ သူနဲ့ကြား ပြသနာ မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

” ကျွန်တော့်မှာ ရွေးချယ်စရာ အများကြီးရှိတယ်။ ပွဲထွက် ကစားဖို့က ၁၁ယောက်ပဲ ရွေးလို့ရတာဆိုတော့ တခါတလေ ခက်ခဲပါတယ်။ နေ့စဉ် ဘယ်လို လေ့ကျင့်တယ်၊ ဘယ်လို ကစားတယ်ဆိုတာ အပေါ် မူတည်ပါတယ်။ မကစားရတဲ့အခါ ကစားသမားတွေ စိတ်ပျက်မယ် ဆိုတာ ကျနော် သိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေ ဆက်လုပ်နေဖို့ လိုအပ်တယ်။

” ကျွန်တော်က ကစားသမားတွေနဲ့ ပြဿနာမရှိဘူး။ သူတို့တွေ ကောင်းကောင်း လေ့ကျင့်တယ်။ အပြုံးတွေနဲ့ အသင်းကို အားပေးတယ်။ အနိုင်ရရင် ပျော်တယ်။ သူတို့ ပွဲထွက်ခွင့် ရရ မရရ အသင်းကို ကူညီဖို့ အဆင်သင့် ရှိတယ်။ လူတိုင်းက အပတ်တိုင်း ကစားခွင့် ရချင်မှာပဲ။ ဒါကို ကျွန်တော် နားလည်ထားဖို့ လိုပါတယ်။ ” လို့ ၎င်းက ဆိုပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ပြစ်ဒဏ်ဘော မရှိခဲ့တာနဲ့ ပတ်သတ်ပြီးလည်း ဂုဏ်ယူစရာ မဟုတ်ကြောင်း ဆိုခဲ့ပြီး ပြစ်ဒဏ်ကျုးလွန်ချင်တာမဟူတ်ပေမယ့် စိတ်အားထက်သန်စွာ ကစားရင် ပြစ်ဒဏ်ဘောတွေက ရှိနေမှာ ဖြစ်တယ်လို့ လမ်းပတ်က သူ့အမြင်ကို ဆိုခဲ့ပါတယ်။

Zawgyi

အက္စတြန္ဗီလာနဲ႕ ပြဲအတြက္ ကစားကြက္ ဘယ္လို ျပင္ဆင္မလဲအေၾကာင္း ေမးျမန္းရာ တိုက္စစ္အခင္းအက်င္း၊ ပူလီဆစ္တို႔ အျပင္ အလြန္ မကစားရျခင္း အေၾကာင္းတို႔ကိုပါ လမ္းပတ္က ပြဲၾကိဳရွင္းလင္းပြဲမွာ ထည့္သြင္းေျဖၾကားခဲ့ပါတယ္။

ပူလီဆစ္ကို False Nine အျဖစ္ ကစားေစမွာလား အေမးကို လမ္းပတ္က – ” ဒါကို က်ေနာ္ စဥ္းစားမွာပါ။ ဒီေနရာမွာ အၿပိဳင္ေတြ ရွိတယ္ဆိုေတာ့ ကြၽန္ေတာ္က ေ႐ြးခ်ယ္မႈ လုပ္ရမွာေပါ့။ ” လို႔ ဆိုခဲ့ပါတယ္။

” ပြဲ တစ္ပြဲက ကစားသမား တစ္ေယာက္တည္း အေပၚ မူမတည္ဘူး။ လူတိုင္းမွာ တာဝန္ရွိတယ္။ ကစားသမားေတြအေနနဲ႔ အၿမဲတမ္း အဆင္သင့္ ျဖစ္ေနဖို႔လိုတယ္။ ဒါက မလြယ္ဘူးဆိုတာ သိပါတယ္။ ေကာင္းေကာင္း ေလ့က်င့္ၿပီး ျပင္ဆင္ဖို႔ကို ကြၽန္ေတာ္တို႔ အလိုရွိတာပါ။ ” လို႔ လမ္းပတ္က ဘယ္သူ႔ကို တိုက္စစ္ ကစားေစမလဲ ဆိုတာကို တုန္႔ျပန္ခဲ့ပါတယ္။

ဒီတေလာ ပြဲစဥ္ေတြမွာ မားကို႔စ္အလြန္ဆိုကို မျမင္ရတာနဲ႕ ပတ္သတ္ျပီးလည္း လမ္းပတ္က ေျဖၾကားခဲ့ျပီး ကစားသမားေတြနဲ႕ သူနဲ႕ၾကား ျပသနာ မရွိေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

” ကြၽန္ေတာ့္မွာ ေ႐ြးခ်ယ္စရာ အမ်ားႀကီးရွိတယ္။ ပြဲထြက္ ကစားဖို႔က ၁၁ေယာက္ပဲ ေ႐ြးလို႔ရတာဆိုေတာ့ တခါတေလ ခက္ခဲပါတယ္။ ေန႔စဥ္ ဘယ္လို ေလ့က်င့္တယ္၊ ဘယ္လို ကစားတယ္ဆိုတာ အေပၚ မူတည္ပါတယ္။ မကစားရတဲ့အခါ ကစားသမားေတြ စိတ္ပ်က္မယ္ ဆိုတာ က်ေနာ္ သိတယ္။ ဘာပဲျဖစ္ျဖစ္ သူတို႔ေတြ ဆက္လုပ္ေနဖို႔ လိုအပ္တယ္။

” ကြၽန္ေတာ္က ကစားသမားေတြနဲ႔ ျပႆနာမရွိဘူး။ သူတို႔ေတြ ေကာင္းေကာင္း ေလ့က်င့္တယ္။ အၿပဳံးေတြနဲ႔ အသင္းကို အားေပးတယ္။ အႏိုင္ရရင္ ေပ်ာ္တယ္။ သူတို႔ ပြဲထြက္ခြင့္ ရရ မရရ အသင္းကို ကူညီဖို႔ အဆင္သင့္ ရွိတယ္။ လူတိုင္းက အပတ္တိုင္း ကစားခြင့္ ရခ်င္မွာပဲ။ ဒါကို ကြၽန္ေတာ္ နားလည္ထားဖို႔ လိုပါတယ္။ ” လို႔ ၄င္းက ဆိုပါတယ္။

ဝက္စ္ဟမ္းနဲ႔ ပြဲမွာ ျပစ္ဒဏ္ေဘာ မရွိခဲ့တာနဲ႕ ပတ္သတ္ျပီးလည္း ဂုဏ္ယူစရာ မဟုတ္ေၾကာင္း ဆိုခဲ့ျပီး ျပစ္ဒဏ္က်ဳးလြန္ခ်င္တာမဟူတ္ေပမယ့္ စိတ္အားထက္သန္စြာ ကစားရင္ ျပစ္ဒဏ္ေဘာေတြက ရွိေနမွာ ျဖစ္တယ္လို႔ လမ္းပတ္က သူ႔အျမင္ကို ဆိုခဲ့့ပါတယ္။