မန်စီးတီးဟာ ကြားရက် ပရီးမီးယားလိဂ်ပွဲအဖြစ် ဘန်လေအသင်းကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့နောက် ဒီည လီဗာပူးရဲ့ မာဆေးဆိုဒ်ဒါဘီပွဲမတိုင်ခင် ၈ မှတ်ကွာ အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အမှတ်ပေးဖလားကို သုံးရာသီဆက် အနိုင်ရမှုအား လက်မလျော့လိုသေးတဲ့ မန်စီးတီးရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရိုဒရီနဲ့ ဆေးဗားက ၎င်းပွဲအပြီးမှာ လိဂ်ဦးဆောင်သူ လီဗာပူးကို သတိပေးစကားတွေ ပြောဆိုခဲ့ပါတယ်။ သူတို့ကတော့ မန်စီးတီးရဲ့ အကောင်းဆုံး ပုံစံတွေကို မြင်တွေ့ရမှာဖြစ်ပြီး ရာသီကုန်ထိ ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ ဆိုကြပါတယ်။

ရိုဒရီက ” ကျနော် တစ်ယောက်ထဲ မဟုတ်ပဲ မန်စီးတီး တစ်သင်းလုံး ထူးချွန်ကြပါတယ်။ သင်္ချာနည်းအရ ပရီးမီးယားလိဂ်ဖလားကို ကျနေ်ာတို့ အနိုင်ရဖို့ မဖြစ်နိုင်တော့တဲ့ အချိန်ထိ တိုက်ခိုက်သွားမှာပါ။ ခင်ဗျားတို့ဟာ ရာသီကုန်တဲ့ အချိန်ထိ မန်စီးတီးရဲ့ အကောင်းဆုံး ပုံစံတွေကိုပဲ မြင်ရတော့မှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရိုဒရီဟာ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်း ပြုပြင်နေမှုမှာ များပြားတဲ့ ငွေကြေးနဲ့အတူ အက်သလက်တီကိုမက်ဒရစ်ကနေ ခေါ်ယူထားခြင်းခံရတဲ့ ကစားသမားဖြစ်တယ်။ နောက်ထပ် ကွင်းလယ်လူ ဆေးဗားက ဒီဇင်ဘာလမှာ လီဗာပူးနဲ့ ရမှတ်တွေ အများကြီး ပြတ်ကျန်ခဲ့မယ်လို့ မထင်ထားခဲ့ပေမယ့် ရာသီကုန်ဖို့က အချိန်တွေ အများကြီး ကျန်ပါသေးတယ်လို့ ဆိုပါတယ်။

” ကျနေ်ာတို့ အခြေအနေကောင်းမှာ ရှိနေတာတော့ မဟုတ်ဘူးပေါ့။ ရာသီစမှာတုန်းက ဒီဇင်ဘာမှာတင် လီဗာပူးနဲ့ ၁၁ မှတ်လောက် ပြတ်မယ်လို့ မထင်မိခဲ့ဘူး။ ဒါပေမယ့် ခရီးရှည်ကြီး ကျန်ပါသေးတယ်။ ၁၁ မှတ်ဆိုတာ ၁ မှတ်၊ ၂ မှတ် တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်သလောက် အစွမ်းကုန်ကြိုးစားပြီး တုန်ပြန်မှာပါ။ ဖြစ်နိုင်သလောက် အမှတ်ပေးဇယားကို နီးစပ်သွားအောင် ကြိုးစားမှာပါ ” လို့ ဆေးဗားက ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ညမှာတော့ လီဗာပူးက အန်ဖီးကွင်းမှာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာပါ သီတင်းပတ်အကုန်မှာတော့ ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးဟာ ၾကားရက္ ပရီးမီးယားလိဂ္ပြဲအျဖစ္ ဘန္ေလအသင္းကို အေဝးကြင္းမွာ ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ ဒီည လီဗာပူးရဲ႕ မာေဆးဆိုဒ္ဒါဘီပြဲမတိုင္ခင္ ၈ မွတ္ကြာ အေနအထားကို ေရာက္ရွိလာခဲ့ျပီ ျဖစ္ပါတယ္။

အမွတ္ေပးဖလားကို သံုးရာသီဆက္ အႏုိင္ရမႈအား လက္မေလ်ာ့လိုေသးတဲ့ မန္စီးတီးရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ရိုဒရီနဲ႔ ေဆးဗားက ၄င္းပြဲအျပီးမွာ လိဂ္ဦးေဆာင္သူ လီဗာပူးကို သတိေပးစကားေတြ ေျပာဆိုခဲ့ပါတယ္။ သူတို႔ကေတာ့ မန္စီးတီးရဲ႕ အေကာင္းဆံုး ပံုစံေတြကို ျမင္ေတြ႔ရမွာျဖစ္ျပီး ရာသီကုန္ထိ ၾကိဳးစား ယွဥ္ျပိဳင္သြားမယ္လို႔ ဆိုၾကပါတယ္။

ရိုဒရီက ” က်ေနာ္ တစ္ေယာက္ထဲ မဟုတ္ပဲ မန္စီးတီး တစ္သင္းလံုး ထူးခၽြန္ၾကပါတယ္။ သခ်ၤာနည္းအရ ပရီးမီးယားလိဂ္ဖလားကို က်ေန္ာတို႔ အႏုိင္ရဖို႔ မျဖစ္ႏုိင္ေတာ့တဲ့ အခ်ိန္ထိ တိုက္ခိုက္သြားမွာပါ။ ခင္ဗ်ားတို႔ဟာ ရာသီကုန္တဲ့ အခ်ိန္ထိ မန္စီးတီးရဲ႕ အေကာင္းဆံုး ပံုစံေတြကိုပဲ ျမင္ရေတာ့မွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ရိုဒရီဟာ မန္စီးတီးရဲ႕ ကြင္းလယ္ပိုင္း ျပဳျပင္ေနမႈမွာ မ်ားျပားတဲ့ ေငြေၾကးနဲ႔အတူ အက္သလက္တီကိုမက္ဒရစ္ကေန ေခၚယူထားျခင္းခံရတဲ့ ကစားသမားျဖစ္တယ္။ ေနာက္ထပ္ ကြင္းလယ္လူ ေဆးဗားက ဒီဇင္ဘာလမွာ လီဗာပူးနဲ႔ ရမွတ္ေတြ အမ်ားၾကီး ျပတ္က်န္ခဲ့မယ္လို႔ မထင္ထားခဲ့ေပမယ့္ ရာသီကုန္ဖို႔က အခ်ိန္ေတြ အမ်ားၾကီး က်န္ပါေသးတယ္လို႔ ဆိုပါတယ္။

” က်ေန္ာတုိ႔ အေျခအေနေကာင္းမွာ ရွိေနတာေတာ့ မဟုတ္ဘူးေပါ့။ ရာသီစမွာတုန္းက ဒီဇင္ဘာမွာတင္ လီဗာပူးနဲ႔ ၁၁ မွတ္ေလာက္ ျပတ္မယ္လို႔ မထင္မိခဲ့ဘူး။ ဒါေပမယ့္ ခရီးရွည္ၾကီး က်န္ပါေသးတယ္။ ၁၁ မွတ္ဆိုတာ ၁ မွတ္၊ ၂ မွတ္ ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ျဖစ္ႏုိင္သေလာက္ အစြမ္းကုန္ၾကိဳးစားျပီး တုန္ျပန္မွာပါ။ ျဖစ္ႏုိင္သေလာက္ အမွတ္ေပးဇယားကို နီးစပ္သြားေအာင္ ၾကိဳးစားမွာပါ ” လို႔ ေဆးဗားက ေျပာဆိုခဲ့ပါတယ္။

ဒီကေန႔ညမွာေတာ့ လီဗာပူးက အန္ဖီးကြင္းမွာ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ရမွာပါ သီတင္းပတ္အကုန္မွာေတာ့ ဘုန္းေမာက္နဲ႔ ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။