လီဗာပူးအသင်းရဲ့ အားထားရတဲ့ အသက် ၃၃ နှစ် အရွယ် ဝါရင့်ကစားသမားကြီး ဂျိမ်းစ် မေနာရဲ့ လက်ရှိစာချုပ်နဲ့ အနာဂတ် အစီအစဉ်များအကြောင်း မေးမြန်းရာ မေနာက လီဗာပူးကနေ ထွက်ခွာသွားဖြစ်တာလည်း ဖြစ်နိုင်သလို စာချုပ်သစ်လည်း ချုပ်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။

မေနာရဲ့ လက်ရှိစာချုပ်က ၂၀၂၀ နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်ကုန်ဆုံးခါနီး ဖြစ်တာကြောင့် ၎င်းက အနာဂတ်အတွက် လမ်းဖွင့် စဉ်းစားနေဆဲ ဖြစ်ပါတယ်။ ၎င်းက အသင်းဟောင်း လိဒ်ယူနိုက်တက်ထံလည်း ကစားသမား ဘ၀ အနားမယူခင် ပြန်လည် ကစားပေးလိုတဲ့ ဆန္ဒ ရှိနေပါတယ်။

” ကျနော်ကတော့ ဘာမဆိုအတွက် စဉ်းစားပေးဖို့ လမ်းဖွင့်ထားတယ်။ လိဂ်အသစ်မှာ အတွေ့အကြုံသစ်ရဖို့ ပြည်ပ ထွက်ကစားရမလားလည်း စိတ်ဝင်စားတယ်၊ ဒါဆို ကစားပုံအသစ် လူနေမှု အသစ် ဘဝတွေ ရမယ်ပေါ့ ဒါပေမယ့် ဒါကျ ကျနော့် မိသားစုပေါ်လည်း မူတည်ပါတယ်။ ”

” တခြား လမ်းကြောင်း အနေနဲ့ဆို ကျနော်က မီဒီယာပိုင်းထဲ ဝင်တာထက် နည်းပြပိုင်းကို ပို စိတ်ဝင်စားတယ်။ ကစားသမား တော်တော်များများ သုံးသပ်သူတွေ အဖြစ် ပြောင်းလဲသွားကြတာ မြင်တယ်။ ကျနေ်ာကတော့ ကစားခဲ့တာ ကစားရင်း သင်ယူခဲ့ရတာတွေကို လူငယ်တွေဆီ လက်ဆင့် မကမ်းခဲ့ရင် ဒါက ဖြုန်းတီးတာပဲပေါ့။ ”

” ဒါပေမယ့် တချိန်တည်းမှာပဲ နည်းပြတွေ မန်နေဂျာတွေထဲ အချိန်အတိုင်းအတာ တစ်ခု ကောင်းကောင်း လုပ်နိုင်ပေမယ့် လုပ်တိုင်း မဖြစ်တော့တဲ့ အချိန်ကျရင် သူတို့လည်း အပတ်စဉ် ဖိစီးမှုတွေ ရင်ဆိုင်နေရတယ်။ ” လို့ မေနာက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မေနာက ကစားသမားဘ၀ အနားမယူခင် သူ့ရဲ့ ငယ်ဘက ကလပ်အသင်း အကယ်ဒမီရှိရာ လိဒ်ယူနိုက်တက်ထံလည်း သွားရောက် ချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

” ကျနော်က လိဒ်က လူပါ။ ဒီတော့ လိဒ်အသင်း ကောင်းကောင်း လုပ်တာ အလိုရှိတယ် ကျနော်က ပရိသတ်လည်း ဖြစ်တယ်။ ကျနော် လိဒ်ရဲ့ အသင်းသတင်း ရလဒ်တွေ အမြဲ နားစွင့်နေတာပါ။ ဘောလုံးမှာက အပြောင်းအလဲတွေ ဖြစ်နေတာ ဘာဖြစ်လာမလဲ ကြိုမသိသလို ယတိပြတ်လည်း ကြို ပြောမရဘူး။ ”

” လောလောဆယ်တော့ ကျနော်က ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးအသင်းသား တစ်ယောက် ဖြစ်တယ်။ ဒီနှစ်မှာလည်း ကျနေ်ာတို့ ကောင်းကောင်း လုပ်ပြထားတယ်။ အနာဂတ်ကိုတော့ ကျနော် မပြောတတ်သေးဘူးပေါ့။ လိဒ်အတွက် ပြန် ကစားခွင့်ရရင် သိပ်ကောင်းမှာပါ။ ဒါပေမယ့် ကလပ်အသင်းဘက်ကလည်း ကျနော့်ကို ဆက်သွယ်မှု မရှိဖူးသေးပါဘူး။ ” လို့ မေနာက ပြောဆိုခဲ့ပါတယ်။

ယာဂင်ကလော့ပ်ကတော့ သူ့ရဲ့အသင်းမှာ အတွေ့အကြုံရှိ စွယ်စုံရ ကစားသမားတွေကို ထိန်းသိမ်းထားလိုကြောင်း ဝန်ခံ ထားပြီး မေနာဟာ ကွင်းလယ် အပြင် အစွန် ခံစစ်မှာပါ ဝင်ရောက် ကူညီ ကစားနိုင်သူ ဖြစ်ပါတယ်။

Zawgyi

လီဗာပူးအသင္းရဲ႕ အားထားရတဲ့ အသက္ ၃၃ နွစ္ အရြယ္ ၀ါရင့္ကစားသမားၾကီး ဂ်ိမ္းစ္ ေမနာရဲ႕ လက္ရွိစာခ်ဳပ္နဲ႕ အနာဂတ္ အစီအစဥ္မ်ားအေၾကာင္း ေမးျမန္းရာ ေမနာက လီဗာပူးကေန ထြက္ခြာသြားျဖစ္တာလည္း ျဖစ္နိုင္သလို စာခ်ဳပ္သစ္လည္း ခ်ဳပ္ဖို႔ ျဖစ္ေကာင္း ျဖစ္နုိင္ေၾကာင္း ေျဖၾကားခဲ့ပါတယ္။

ေမနာရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၀ ေႏြမွာ ကုန္ဆံုးမွာ ျဖစ္ျပီး စာခ်ဳပ္ကုန္ဆံုးခါနီး ျဖစ္တာေၾကာင့္ ၄င္းက အနာဂတ္အတြက္ လမ္းဖြင့္ စဥ္းစားေနဆဲ ျဖစ္ပါတယ္။ ၄င္းက အသင္းေဟာင္း လိဒ္ယူနိုက္တက္ထံလည္း ကစားသမား ဘ၀ အနားမယူခင္ ျပန္လည္ ကစားေပးလိုတဲ့ ဆႏၵ ရွိေနပါတယ္။

” က်ေနာ္ကေတာ့ ဘာမဆိုအတြက္ စဥ္းစားေပးဖို႔ လမ္းဖြင့္ထားတယ္။ လိဂ္အသစ္မွာ အေတြ႔အၾကံဳသစ္ရဖို႔ ျပည္ပ ထြက္ကစားရမလားလည္း စိတ္၀င္စားတယ္၊ ဒါဆို ကစားပံုအသစ္ လူေနမႈ အသစ္ ဘ၀ေတြ ရမယ္ေပါ့ ဒါေပမယ့္ ဒါက် က်ေနာ့္ မိသားစုေပၚလည္း မူတည္ပါတယ္။ ”

” တျခား လမ္းေၾကာင္း အေနနဲ႕ဆို က်ေနာ္က မီဒီယာပိုင္းထဲ ၀င္တာထက္ နည္းျပပိုင္းကို ပို စိတ္၀င္စားတယ္။ ကစားသမား ေတာ္ေတာ္မ်ားမ်ား သံုးသပ္သူေတြ အျဖစ္ ေျပာင္းလဲသြားၾကတာ ျမင္တယ္။ က်ေန္ာကေတာ့ ကစားခဲ့တာ ကစားရင္း သင္ယူခဲ့ရတာေတြကို လူငယ္ေတြဆီ လက္ဆင့္ မကမ္းခဲ့ရင္ ဒါက ျဖဳန္းတီးတာပဲေပါ့။ ”

” ဒါေပမယ့္ တခ်ိန္တည္းမွာပဲ နည္းျပေတြ မန္ေနဂ်ာေတြထဲ အခ်ိန္အတိုင္းအတာ တစ္ခု ေကာင္းေကာင္း လုပ္နုိင္ေပမယ့္ လုပ္တိုင္း မျဖစ္ေတာ့တဲ့ အခ်ိန္က်ရင္ သူတို႔လည္း အပတ္စဥ္ ဖိစီးမႈေတြ ရင္ဆုိင္ေနရတယ္။ ” လို႔ ေမနာက ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ေမနာက ကစားသမားဘ၀ အနားမယူခင္ သူ႔ရဲ႕ ငယ္ဘက ကလပ္အသင္း အကယ္ဒမီရွိရာ လိဒ္ယူနိုက္တက္ထံလည္း သြားေရာက္ ခ်င္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

” က်ေနာ္က လိဒ္က လူပါ။ ဒီေတာ့ လိဒ္အသင္း ေကာင္းေကာင္း လုပ္တာ အလိုရွိတယ္ က်ေနာ္က ပရိသတ္လည္း ျဖစ္တယ္။ က်ေနာ္ လိဒ္ရဲ႕ အသင္းသတင္း ရလဒ္ေတြ အျမဲ နားစြင့္ေနတာပါ။ ေဘာလံုးမွာက အေျပာင္းအလဲေတြ ျဖစ္ေနတာ ဘာျဖစ္လာမလဲ ၾကိဳမသိသလို ယတိျပတ္လည္း ၾကိဳ ေျပာမရဘူး။ ”

” ေလာေလာဆယ္ေတာ့ က်ေနာ္က ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းသား တစ္ေယာက္ ျဖစ္တယ္။ ဒီနွစ္မွာလည္း က်ေန္ာတို႔ ေကာင္းေကာင္း လုပ္ျပထားတယ္။ အနာဂတ္ကိုေတာ့ က်ေနာ္ မေျပာတတ္ေသးဘူးေပါ့။ လိဒ္အတြက္ ျပန္ ကစားခြင့္ရရင္ သိပ္ေကာင္းမွာပါ။ ဒါေပမယ့္ ကလပ္အသင္းဘက္ကလည္း က်ေနာ့္ကို ဆက္သြယ္မႈ မရွိဖူးေသးပါဘူး။ ” လို႔ ေမနာက ေျပာဆိုခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ကေတာ့ သူ႔ရဲ႕အသင္းမွာ အေတြ႕အၾကံဳရွိ စြယ္စံုရ ကစားသမားေတြကို ထိန္းသိမ္းထားလိုေၾကာင္း ၀န္ခံ ထားျပီး ေမနာဟာ ကြင္းလယ္ အျပင္ အစြန္ ခံစစ္မွာပါ ၀င္ေရာက္ ကူညီ ကစားနိုင္သူ ျဖစ္ပါတယ္။