လီဗာပူးဟာ ဆဲလ်ဘတ်တိုက်စစ်သမား မီနာမီနိုကို ပေါင် ၇.၂၅ သန်းနဲ့တင် လက်မှတ်ထိုး ခေါ်ယူခဲ့မှုကို ဥရောပ ကလပ်အများအပြားက အံ့အားသင့်ခဲ့ရတယ်။ အကြောင်းကတော့ တိုက်စစ်သမားဟာ ဈေးကွက်ထဲမှာ ယူရို ၂၀-၃၀ သန်းကြား ဈေးပေါက်သူ ဖြစ်လို့ပါပဲ။

လီဗာပူး အပြောင်းအရွှေ့ရေးရာ အဖွဲ့ဟာ မီနာမီနိုကို ခေါ်ယူနိုင်ဖို့ သုံး လေး ရာသီကျော်ထိကို ကာလရှည် စောင့်ကြည့်နေခဲ့ပြီး ကစားသမားနဲ့ ဆဲလ်ဘတ်ကြား သက်တမ်းကုန်တော့မယ့် အချိန်ကို အခြားသော အသင်းတွေထက် ကြိုသိရာက ဒီနွေမှာ သက်သက်သာသာပဲ ခေါ်ယူနိုင်ခဲ့တယ်။ တူညီတဲ့ အခြေအနေ အဖြစ်လည်း မနှစ်တုန်းက ရှာကွီရီကို ပေါင် ၁၃ သန်းနဲ့တင် ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်။

လက်ရှိမှာ လီဗာပူးဟာ လေဗာကူဆင် ကွင်းလယ်လူ ကိုင်းဟာဗက်ဇ်ကို စောင့်ကြည့်နေခဲ့တာပါ။ ကွင်းလယ်လူရဲ့ တိုးတက်မှုနဲ့ တန်းကြေးကို ခြေရာလိုက်နေခဲ့တာက ၁၈ လကျော် ကာလကို ရောက်နေပြီလို့လည်း သိရတယ်။ မနှစ်ကရာသီမှာ သွင်းဂိုး ၂၀ ဂိုး သွင်းခဲ့တဲ့နောက် ဥရောပမှာ နာမည်ထွက်လာတဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူကို ခေါ်ယူလိုရင် ပေါင် ၁၀၇ သန်း ပေးရမှာဖြစ်ပါတယ်။

ကိုင်းဟာဗက်ဇ်ဟာ ကွင်းလယ် နံပါတ် ၁၀၊ နံပါတ် ၈ နဲ့ တောင်ပံတိုက်စစ်နေရတွေကိုပါ ကစားနိုင်ပြီး သူ့ရဲ့ စွယ်စုံ အသုံးပြုနိုင်မှုက ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ အံဝင်ဖို့ ရှိပါတယ်။ ကာလရှည်အတွက် ရည်ရွယ်တဲ့ စိတ်ဝင်စားမှုဖြစ်လို့ လီဗာပူးဘက်က ဟာဗက်ဇ်ကို စောင့်ကြည့်မှုအား ဒီနွေအထိ ဆက်လက် လုပ်ဆောင်သွားဖွယ်ရှိတယ်။

ဥရောပကလပ်တွေက ဂျာမနီလူငယ်လေးအတွက် အေးဂျင့်ထံ မေးမြန်းမှုတွေ လုပ်ထားပြီး လီဗာပူးဘက်ကလည်း အေးဂျင့်ကို ဆက်သွယ်မှုတွေတောင် လုပ်ထားခဲ့ဖူးတယ်လို့ သိရတယ်။ ဒါပေမယ့်လည်း လီဗာပူးက ဗန်ဒိုက်ကို ခေါ်ယူတုန်းကလိုပဲ A အဆင့် သုံးဦး၊ B အဆင့် သုံးဦးတွေကို ပစ်မှတ်ထားမှုတွေနဲ့ စောင့်ကြည့်မှာဖြစ်ပြီး ကလပ်အသင်းနဲ့ ကိုက်ညီမှု အရှိဆုံးလို့ ယူဆသူကိုပဲ ခေါ်ယူမှာဖြစ်တယ်။ ကိုင်းဟာဗက်ဇ်ဟာ ထိပ်ဆုံး သုံးဦးထဲက တစ်ဦး ဖြစ်ဖွယ်ရှိပါတယ်။

လီဗာပူးရဲ့ စောင့်ကြည့်စာရင်းမှာတော့ လေဗာကူဆင်က ဟာဗက်ဇ်အပြင် လိုင်ယွန်မှ အော်ရေးနဲ့ ဘရတ်စီယာမှ တိုနယ်လီလည်း ပါဝင်ပါတယ်။ အားလုံးဟာ ၂၁ နှစ်အောက် ကွင်းလယ်လူတွေဖြစ်ပြီး ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီ တို့ရဲ့ အနာဂတ်တွေအဖြစ် တင်စားခံထားရသူတွေဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဆဲလ္ဘတ္တိုက္စစ္သမား မီနာမီႏိုကို ေပါင္ ၇.၂၅ သန္းနဲ႔တင္ လက္မွတ္ထိုး ေခၚယူခဲ့မႈကို ဥေရာပ ကလပ္အမ်ားအျပားက အံ့အားသင့္ခဲ့ရတယ္။ အေၾကာင္းကေတာ့ တိုက္စစ္သမားဟာ ေစ်းကြက္ထဲမွာ ယူရို ၂၀-၃၀ သန္းၾကား ေစ်းေပါက္သူ ျဖစ္လို႔ပါပဲ။

လီဗာပူး အေျပာင္းအေရႊ႔ေရးရာ အဖြဲ႔ဟာ မီနာမီႏိုကို ေခၚယူႏုိင္ဖို႔ သံုး ေလး ရာသီေက်ာ္ထိကို ကာလရွည္ ေစာင့္ၾကည့္ေနခဲ့ျပီး ကစားသမားနဲ႔ ဆဲလ္ဘတ္ၾကား သက္တမ္းကုန္ေတာ့မယ့္ အခ်ိန္ကို အျခားေသာ အသင္းေတြထက္ ၾကိဳသိရာက ဒီေႏြမွာ သက္သက္သာသာပဲ ေခၚယူႏုိင္ခဲ့တယ္။ တူညီတဲ့ အေျခအေန အျဖစ္လည္း မႏွစ္တုန္းက ရွာကီြရီကို ေပါင္ ၁၃ သန္းနဲ႔တင္ ေခၚယူႏိုင္ခဲ့တာျဖစ္တယ္။

လက္ရွိမွာ လီဗာပူးဟာ ေလဗာကူဆင္ ကြင္းလယ္လူ ကိုင္းဟာဗက္ဇ္ကို ေစာင့္ၾကည့္ေနခဲ့တာပါ။ ကြင္းလယ္လူရဲ႕ တိုးတက္မႈနဲ႔ တန္းေၾကးကို ေျခရာလိုက္ေနခဲ့တာက ၁၈ လေက်ာ္ ကာလကို ေရာက္ေနျပီလို႔လည္း သိရတယ္။ မႏွစ္ကရာသီမွာ သြင္းဂိုး ၂၀ ဂိုး သြင္းခဲ့တဲ့ေနာက္ ဥေရာပမွာ နာမည္ထြက္လာတဲ့ အသက္ ၂၀ အရြယ္ ကြင္းလယ္လူကို ေခၚယူလိုရင္ ေပါင္ ၁၀၇ သန္း ေပးရမွာျဖစ္ပါတယ္။

ကိုင္းဟာဗက္ဇ္ဟာ ကြင္းလယ္ နံပါတ္ ၁၀၊ နံပါတ္ ၈ နဲ႔ ေတာင္ပံတိုက္စစ္ေနရေတြကိုပါ ကစားႏုိင္ျပီး သူ႔ရဲ႕ စြယ္စံု အသံုးျပဳႏုိင္မႈက ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ အံဝင္ဖို႔ ရွိပါတယ္။ ကာလရွည္အတြက္ ရည္ရြယ္တဲ့ စိတ္ဝင္စားမႈျဖစ္လုိ႔ လီဗာပူးဘက္က ဟာဗက္ဇ္ကို ေစာင့္ၾကည့္မႈအား ဒီေႏြအထိ ဆက္လက္ လုပ္ေဆာင္သြားဖြယ္ရွိတယ္။

ဥေရာပကလပ္ေတြက ဂ်ာမနီလူငယ္ေလးအတြက္ ေအးဂ်င့္ထံ ေမးျမန္းမႈေတြ လုပ္ထားျပီး လီဗာပူးဘက္ကလည္း ေအးဂ်င့္ကို ဆက္သြယ္မႈေတြေတာင္ လုပ္ထားခဲ့ဖူးတယ္လို႔ သိရတယ္။ ဒါေပမယ့္လည္း လီဗာပူးက ဗန္ဒိုက္ကို ေခၚယူတုန္းကလိုပဲ A အဆင့္ သံုးဦး၊ B အဆင့္ သံုးဦးေတြကို ပစ္မွတ္ထားမႈေတြနဲ႔ ေစာင့္ၾကည့္မွာျဖစ္ျပီး ကလပ္အသင္းနဲ႔ ကိုက္ညီမႈ အရွိဆံုးလို႔ ယူဆသူကိုပဲ ေခၚယူမွာျဖစ္တယ္။ ကိုင္းဟာဗက္ဇ္ဟာ ထိပ္ဆံုး သံုးဦးထဲက တစ္ဦး ျဖစ္ဖြယ္ရွိပါတယ္။

လီဗာပူးရဲ႕ ေစာင့္ၾကည့္စာရင္းမွာေတာ့ ေလဗာကူဆင္က ဟာဗက္ဇ္အျပင္ လိုင္ယြန္မွ ေအာ္ေရးနဲ႔ ဘရတ္စီယာမွ တိုနယ္လီလည္း ပါဝင္ပါတယ္။ အားလံုးဟာ ၂၁ ႏွစ္ေအာက္ ကြင္းလယ္လူေတြျဖစ္ျပီး ဂ်ာမနီ၊ ျပင္သစ္နဲ႔ အီတလီ တို႔ရဲ႕ အနာဂတ္ေတြအျဖစ္ တင္စားခံထားရသူေတြျဖစ္ပါတယ္။