လီဗာပူး ခံစစ်မှူး ဂျိုးဂိုမက်ဇ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရှိစဉ် စီးတီး ကစားသမား စတားလင်းရဲ့ တိုက်ခိုက်မှု ခံယူခဲ့ရတာကြောင့် ရဲသို့ တိုင်လိုက တိုင်နိုင်ကြောင်း အခွင့်အရေး ပေးခြင်း ခံရပေမယ့် ၎င်းက ငြင်းဆန်ခဲ့ကာ စတားလင်း ပြစ်ဒဏ် ပေါ့လျော့အောင် ကူညီပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ ပွဲနေ့တွေမှာ အနီကဒ် ပြစ်ဒဏ်တွေအတွက် VAR အဆုံးအဖြတ် အတည်ယူမယ့်အစား ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ နောက်ဆုံး ဆုံးဖြတ်ချက်အဖြစ် သက်မှတ်သွားမှာဖြစ်တယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ သူ့အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ ယူနိုက်တက် အင်္ဂလန်မှာ တစ်ခေတ်စာ လွှမ်းမိုး အောင်မြင်ခဲ့သလိုမျိုး ဖြစ်လာဖို့ မျှော်လင့်ချက်ကြီး မထားစေလိုကြောင်း အသင်းပရိသတ်တွေအား အသိပေးလိုက်ပါတယ်။

ရိုးမားအသင်းဟာ လီဗာပူး တောင်ပံတိုက်စစ်သမား ရှာကွီရီကို ထပ်မံ ကြိုးပမ်းရန် ပြင်ဆင်လာပြီး ကလပ်အသင်း နှစ်သင်းကြား ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ထားတယ်လို့ အီတလီသတင်းများက ဖော်ပြလာပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ခံစစ်သမား ဟိုဗာကို အနာဂတ်မှာ ညာအစွန်လူအစား ဗဟိုခံစစ်မှူးအဖြစ်ပဲ ကစားစေဖို့ ဆုံးဖြတ်ပေးခဲ့ပါပြီ။

ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုကို ငြင်းဆန်ခဲ့တဲ့ လီဗာပူး ကွင်းလယ်ကစားသမားဟောင်း အမ်မရေ ချန်ဟာ လက်ရှိ ကလပ် ဂျူဗင်တပ်ကနေ အေစီမီလန်သို့ ပြောင်းရွှေ့သွားဖို့ နီးစပ်နေပါပြီ။

လီဗာပူးအသင်းဟာ အခြားအသင်းတွေထက် ရန်သူ ပိုများတဲ့ ကလပ်အသင်း ဖြစ်လာပြီလို့ ယာဂင်ကလော့ပ်က ယူဆနေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိ လွှမ်းမိုးလာတာက အနိုင်ယူလိုလာကြတဲ့ ကလပ်အသင်း အရေအတွက် ပိုများလာခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဆွမ်ဆီးမှာ အငှား သွားရောက်ကစားနေတဲ့ လီဗာပူး လူငယ်တိုက်စစ်မှူးလေး ဘရူစတားက စီနီယာအသင်းကြီးမှာ ဆာလက်၊ ဖာမီနို၊ မာနေးတို့နဲ့ အတူ နေ့စဉ် လေ့ကျင့် ကစားခွင့်ရတာက ကစားသမားတိုင်း မက်တဲ့ အိပ်မက်ကောင်း တစ်ခု ပိုင်ဆိုင်ခွင့် ရခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပြီး အသင်းမှာ ကစားခွင့်ရဖို့ ပုံမှန် ပွဲထွက်ကစားရအောင် အငှားထွက်လာခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူး ခံစစ္မွဴး ဂ်ိဳးဂိုမက္ဇ္ဟာ ျပီးခဲ့တဲ့ နို၀င္ဘာတုန္းက အဂၤလန္လက္ေရြးစင္အသင္းမွာ ရွိစဥ္ စီးတီး ကစားသမား စတားလင္းရဲ႕ တိုက္ခိုက္မႈ ခံယူခဲ့ရတာေၾကာင့္ ရဲသို႔ တိုင္လိုက တိုင္နိုင္ေၾကာင္း အခြင့္အေရး ေပးျခင္း ခံရေပမယ့္ ၄င္းက ျငင္းဆန္ခဲ့ကာ စတားလင္း ျပစ္ဒဏ္ ေပါ့ေလ်ာ့ေအာင္ ကူညီေပးခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဟာ ပြဲေန႔ေတြမွာ အနီကဒ္ ျပစ္ဒဏ္ေတြအတြက္ VAR အဆံုးအျဖတ္ အတည္ယူမယ့္အစား ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကိုပဲ ေနာက္ဆံုး ဆံုးျဖတ္ခ်က္အျဖစ္ သက္မွတ္သြားမွာျဖစ္တယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ သူ႔အသင္းဟာ ဆာအဲလက္စ္ ဖာဂူဆန္နဲ႕ ယူနိုက္တက္ အဂၤလန္မွာ တစ္ေခတ္စာ လႊမ္းမိုး ေအာင္ျမင္ခဲ့သလိုမ်ိဳး ျဖစ္လာဖို႔ ေမွ်ာ္လင့္ခ်က္ၾကီး မထားေစလိုေၾကာင္း အသင္းပရိသတ္ေတြအား အသိေပးလိုက္ပါတယ္။

ရိုးမားအသင္းဟာ လီဗာပူး ေတာင္ပံတိုက္စစ္သမား ရွာကြီရီကို ထပ္မံ ၾကိဳးပမ္းရန္ ျပင္ဆင္လာျပီး ကလပ္အသင္း နွစ္သင္းၾကား ေျပာဆို ေဆြးေႏြးမႈမ်ား ျပဳလုပ္ထားတယ္လို႔ အီတလီသတင္းမ်ားက ေဖာ္ျပလာပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ခံစစ္သမား ဟိုဗာကို အနာဂတ္မွာ ညာအစြန္လူအစား ဗဟိုခံစစ္မွဴးအျဖစ္ပဲ ကစားေစဖို႔ ဆံုးျဖတ္ေပးခဲ့ပါျပီ။

ယူနိုက္တက္ရဲ႕ ခ်ဥ္းကပ္မႈကို ျငင္းဆန္ခဲ့တဲ့ လီဗာပူး ကြင္းလယ္ကစားသမားေဟာင္း အမ္မေရ ခ်န္ဟာ လက္ရွိ ကလပ္ ဂ်ဴဗင္တပ္ကေန ေအစီမီလန္သို႔ ေျပာင္းေရႊ႕သြားဖို႔ နီးစပ္ေနပါျပီ။

လီဗာပူးအသင္းဟာ အျခားအသင္းေတြထက္ ရန္သူ ပိုမ်ားတဲ့ ကလပ္အသင္း ျဖစ္လာျပီလို႔ ယာဂင္ကေလာ့ပ္က ယူဆေနျပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ ရွံဳးပြဲ မရွိ လႊမ္းမိုးလာတာက အနိုင္ယူလိုလာၾကတဲ့ ကလပ္အသင္း အေရအတြက္ ပိုမ်ားလာခဲ့တယ္လို႔ ၀န္ခံခဲ့ပါတယ္။

ဆြမ္ဆီးမွာ အငွား သြားေရာက္ကစားေနတဲ့ လီဗာပူး လူငယ္တိုက္စစ္မွဴးေလး ဘရူစတားက စီနီယာအသင္းၾကီးမွာ ဆာလက္၊ ဖာမီနို၊ မာေနးတို႔နဲ႕ အတူ ေန႔စဥ္ ေလ့က်င့္ ကစားခြင့္ရတာက ကစားသမားတိုင္း မက္တဲ့ အိပ္မက္ေကာင္း တစ္ခု ပိုင္ဆိုင္ခြင့္ ရခဲ့တာ ျဖစ္တယ္လို႔ ဖြင့္ဟလိုက္ျပီး အသင္းမွာ ကစားခြင့္ရဖို႔ ပံုမွန္ ပြဲထြက္ကစားရေအာင္ အငွားထြက္လာခဲ့တာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။