ဒီရာသီမှာ ပထမဆုံးအကြိမ် စတင်ကာ ကျင့်သုံးနေတာဖြစ်ကာ ရှုပ်ထွေးပြီး အငြင်းပွားစရာ ကိစ္စတွေ မကြာခဏ ရင်ဆိုင်နေရတာကြောင့် VAR စနစ်အပေါ် ပြုပြင်မှုတွေ အကြိမ်ကြိမ် လုပ်လာနေပြီး နောက်ဆုံး အပြောင်းအလဲတစ်ရပ်ကလည်း စတင်လာဖို့ ရှိနေပါတယ်။

ကွင်းအတွင်းမှာ အနီကဒ်ဆိုင်ရာ ပြစ်ဒဏ်အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ဒီရာသီ တစ်လျှောက်လုံးမှာ ကွင်းလယ်ဒိုင်လူကြီးက VAR ဒိုင်လူကြီးရဲ့ ပြောဆိုမှုကိုပဲ အတည်ပြုပေးနေခဲ့တာပါ။ ဒါပေမယ့်လို့ နောက်ပိုင်းမှာတော့ အဆိုပါ ဖြစ်ရပ်တွေအတွက် အဆုံးအဖြတ်ကို ကွင်းလယ်ဒိုင်လူကြီး ကိုယ်တိုင်က စည်းဘေးက မော်နီတာကို ကိုယ်တိုင်ကြည့်ကာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

ကွင်းဘေးမှာ VAR ကြည့်နိုင်ဖို့ မော်နီတာ ထားထားပေးပေမယ့်လည်း ဒိုင်လူကြီးက ကွင်းထဲက ထွက်လာပြီး မော်နီတာကြည့်ကာ ဆုံးဖြတ်ချက်တွေကို အတည်ပြုတဲ့အခါ အကြိမ်ကြိမ် လာကြည့်ပေးဖို့က ပွဲကို နှောင့်နှေးစေတာကြောင့် အငြင်းပွားဖွယ် အဆုံးအဖြတ်တွေကို VAR ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ အတည်ပြုနေခဲ့တာပါ။

ပြီးခဲ့တဲ့ အဖြစ်အပြတ်တွေကို အပြန်ပြန် စစ်ဆေးအပြိးမှာတော့ ပရော်ဖက်ရှင်နယ် ပွဲနေ့ဆိုင်ရာ အရာရှိတွေကပဲ အနီကဒ်ဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ နောက်ဆုံး အဆုံးအဖြတ်ပေးရမယ့် ကွင်းလယ်ဒိုင်လူကြီး ကိုယ်တိုင်က ဖြစ်ရပ်ကို အတည်ပြုပါမယ်လို့ ထုတ်ဖော်ခဲ့တယ်။ ဒီဖြစ်ရပ်ဟာ အက်ဖ်အေ တတိယအဆင့်အဖြစ် ပဲလေစ့်နဲ့ ဒါဘီပွဲမှာ ကွင်းလယ်လူ မီလီဗိုဂျီဗစ်ကို ဒိုင်လူကြီး မိုင်ကယ် အိုလီဗာက ပြန်ကြည့်ကာ အဝါကဒ်ကို ပြောင်းလဲပြီး အနီကဒ် ပေးခဲ့ရာက စနစ်ကို ပြောင်းလဲဖို့ ဖြစ်လာခဲ့တာပါ။

လီဗာပူးနဲ့ ယူနိုက်တက်ပွဲကြိုမှာ ယာဂင်ကလော့ပ်က ” မော်နီတာကို ထားထားပေးတာက သုံးဖို့ပါ။ ဘာလို့ မသုံးသလဲတော့ မသိဘူးပေါ့လေ။ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတွက် အကူအညီဖြစ်စေမယ်ဆိုရင် ဘယ်လို ရင်းမြစ်ကိုမဆို သုံးရပါတယ်။ တစ်ပွဲတည်းက ငါးကြိမ် ခြောက်ကြိမ်လောက် ဒိုင်လူကြီးက မော်နီတာကို လာကြည့်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါက ရာနှုန်းပြည့် ရှင်းလင်းစေပါမယ် ” လို့ အပြောင်းအလဲသစ်ကို ထောက်ခံသွားခဲ့ပါတယ်။

ပြိုင်ဘက် မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကလည်း ” အကောင်းမြင်နိုင်တဲ့ လှုပ်ရှားမှုပါ။ ကွင်းလယ်ဒိုင်က သူကိုယ်တိုင်ပဲ တာဝန်ယူရပါမယ်။ ဒါကို သဘောကျပါတယ် ” လို့ ထောက်ခံထားပါတယ်။

ZAWGYI

ဒီရာသီမွာ ပထမဆံုးအၾကိမ္ စတင္ကာ က်င့္သံုးေနတာျဖစ္ကာ ရႈပ္ေထြးျပီး အျငင္းပြားစရာ ကိစၥေတြ မၾကာခဏ ရင္ဆိုင္ေနရတာေၾကာင့္ VAR စနစ္အေပၚ ျပဳျပင္မႈေတြ အၾကိမ္ၾကိမ္ လုပ္လာေနျပီး ေနာက္ဆံုး အေျပာင္းအလဲတစ္ရပ္ကလည္း စတင္လာဖို႔ ရွိေနပါတယ္။

ကြင္းအတြင္းမွာ အနီကဒ္ဆိုင္ရာ ျပစ္ဒဏ္အတြက္ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ ဒီရာသီ တစ္ေလွ်ာက္လံုးမွာ ကြင္းလယ္ဒိုင္လူၾကီးက VAR ဒိုင္လူၾကီးရဲ႕ ေျပာဆိုမႈကိုပဲ အတည္ျပဳေပးေနခဲ့တာပါ။ ဒါေပမယ့္လို႔ ေနာက္ပိုင္းမွာေတာ့ အဆိုပါ ျဖစ္ရပ္ေတြအတြက္ အဆံုးအျဖတ္ကို ကြင္းလယ္ဒိုင္လူၾကီး ကိုယ္တိုင္က စည္းေဘးက ေမာ္နီတာကို ကိုယ္တုိင္ၾကည့္ကာ ဆံုးျဖတ္ေပးမွာ ျဖစ္ပါတယ္။

ကြင္းေဘးမွာ VAR ၾကည့္ႏိုင္ဖို႔ ေမာ္နီတာ ထားထားေပးေပမယ့္လည္း ဒိုင္လူၾကီးက ကြင္းထဲက ထြက္လာျပီး ေမာ္နီတာၾကည့္ကာ ဆံုးျဖတ္ခ်က္ေတြကို အတည္ျပဳတဲ့အခါ အၾကိမ္ၾကိမ္ လာၾကည့္ေပးဖို႔က ပြဲကို ေႏွာင့္ေႏွးေစတာေၾကာင့္ အျငင္းပြားဖြယ္ အဆံုးအျဖတ္ေတြကို VAR ဒိုင္လူၾကီးရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ပဲ အတည္ျပဳေနခဲ့တာပါ။

ျပီးခဲ့တဲ့ အျဖစ္အျပတ္ေတြကို အျပန္ျပန္ စစ္ေဆးအျပိးမွာေတာ့ ပေရာ္ဖက္ရွင္နယ္ ပြဲေန႔ဆိုင္ရာ အရာရွိေတြကပဲ အနီကဒ္ဆုိင္ရာ ဆံုးျဖတ္ခ်က္ေတြမွာ ေနာက္ဆံုး အဆံုးအျဖတ္ေပးရမယ့္ ကြင္းလယ္ဒိုင္လူၾကီး ကိုယ္တိုင္က ျဖစ္ရပ္ကို အတည္ျပဳပါမယ္လို႔ ထုတ္ေဖာ္ခဲ့တယ္။ ဒီျဖစ္ရပ္ဟာ အက္ဖ္ေအ တတိယအဆင့္အျဖစ္ ပဲေလစ့္နဲ႔ ဒါဘီပြဲမွာ ကြင္းလယ္လူ မီလီဗိုဂ်ီဗစ္ကို ဒိုင္လူၾကီး မိုင္ကယ္ အိုလီဗာက ျပန္ၾကည့္ကာ အဝါကဒ္ကို ေျပာင္းလဲျပီး အနီကဒ္ ေပးခဲ့ရာက စနစ္ကို ေျပာင္းလဲဖို႔ ျဖစ္လာခဲ့တာပါ။

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲၾကိဳမွာ ယာဂင္ကေလာ့ပ္က ” ေမာ္နီတာကို ထားထားေပးတာက သံုးဖို႔ပါ။ ဘာလို႔ မသံုးသလဲေတာ့ မသိဘူးေပါ့ေလ။ ဒါက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္အတြက္ အကူအညီျဖစ္ေစမယ္ဆိုရင္ ဘယ္လို ရင္းျမစ္ကိုမဆို သံုးရပါတယ္။ တစ္ပြဲတည္းက ငါးၾကိမ္ ေျခာက္ၾကိမ္ေလာက္ ဒိုင္လူၾကီးက ေမာ္နီတာကို လာၾကည့္ဖို႔ေတာ့ မျဖစ္ႏုိင္ပါဘူး။ ဒါက ရာႏႈန္းျပည့္ ရွင္းလင္းေစပါမယ္ ” လို႔ အေျပာင္းအလဲသစ္ကို ေထာက္ခံသြားခဲ့ပါတယ္။

ျပိဳင္ဘက္ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကလည္း ” အေကာင္းျမင္နုိင္တဲ့ လႈပ္ရွားမႈပါ။ ကြင္းလယ္ဒိုင္က သူကိုယ္တိုင္ပဲ တာဝန္ယူရပါမယ္။ ဒါကို သေဘာက်ပါတယ္ ” လို႔ ေထာက္ခံထားပါတယ္။