မန်ယူ အသင်းခေါင်းဆောင် ဗလင်စီယာက အသင်းရဲ့ ဒီရာသီ လက်ကျန်ပွဲစဉ် ၂ ပွဲမှာ ပြန် ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။ ဇန်န၀ါရီ ၂ နယူးကာဆယ်ကို နိုင်တဲ့ပွဲနောက်ပိုင်းတည်းက မပါဝင်နိုင်ခဲ့တဲ့ ဗလင်စီယာကို ဗုဒ္ဓဟူးနေ့က အသင်းရဲ့ ထရိန်နင်မှာ ပြန် ပါဝင်လေ့ကျင့်ေ်နတာ တွေ့ရပါတယ်။

ဟက်ဒါဖီးနဲ့ပွဲကြို ယူနိုက်တက် လေ့ကျင့်ရေးမှာ လူငယ်ကစားသမား Lee O’Connor လည်း ပါဝင်နေတာ တွေ့ရပြီး တာဟစ်ချောင်၊ အိန်ဂျယ် ဂိုမက်နဲ့ ဂျိမ်းစ် ဂါနာတို့လည်း ပါဝင်ခဲ့ပါတယ်။

လာလီဂါကလပ် ဘာစီလိုနာဟာ ယူနိုက်တက် ကွင်းလယ်ကစားသမား မာတာကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားတော့မှာ ဖြစ်ပေမယ့် ကစားသမားဘက်က သူ့ရဲ့ လုပ်ခလစာကို လျော့ချပေးဖို့ လိုအပ်မယ်လို့ သိရပါတယ်။ ဟွမ်မာတာဟာ ၄င်း စိတ်ကူးအိပ်မက်ထားတဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့် ရဖို့ဆို လစာလျှော့ယူမှ ဖြစ်မယ့် အနေအထား ရင်ဆိုင်နေရပါတယ်။

အင်တာမီလန်အသင်းက ယူနိုက်တက် ခံစစ်မှူး ဒါမီးယန်းကို အီတလီသို့ ပြန်လည် ခေါ်ယူလိုနေပြီး မန်ချက်စတာကလပ်ဘက်ကလည်း ၄င်းကို ပေါင် ၉သန်း ၀န်းကျင် ရရင် ထွက်ခွာခွင့် ပြုမှာ ဖြစ်ပါတယ်။

နွေမှာ ယူနိုက်တက်နဲ့ စာချုပ်ကုန်မယ့် မာတာဟာ အိုထရတ်ဖိုဒ့်ကို စွန့်ခွာဖို့ ကြိုးစားသွားမှာဖြစ်ပြီး သူရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် 170,000 ကို လျော့ချပေးဖို့ လိုနေပါတယ်။ မာတာ ရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁သိန်း၇သောင်း ကို လျော့ချပေးမှပဲ ဘာစီလိုနာဘက်က ခေါ်ယူသွားမှာဖြစ်တယ်။

မာရှယ် အနေနဲ့ သူ့မှာရှိတဲ့ အလားအလာကောင်းတွေကို ဖော်ထုတ် ခြေစွမ်းပြဖို့ ယူနိုက်တက်မှာ မှန်ကန်တဲ့ ဆရာကောင်းတွေ လမ်းညွှန်ပေးမယ့် သူတွေ လိုအပ်နေတယ်လို့ ဘာဘာတော့ဗ်က မှတ်ချက်ပြုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ပေါ့ဘာကို ခေါ်ယူလိုပေမယ့် ၄င်းရဲ့ လက်ရှိလစာ တစ်ပတ် ပေါင် ၂သိန်း၉သိန်းနဲ့ ယှဉ်နိုင်တဲ့ လစာမျိုး ပေးအပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပေါ့ဘာ အနေနဲ့ အသင်းပြောင်းချင်ရင် လစာ လျှော့ယူဖို့ လက်ခံရမှာ ဖြစ်ပါတယ်။

အေဂျက် ခံစစ်မှူး ဒီလစ်က အသင်းဖော် ဒီဂျောင်နဲ့ အတူ လာမယ့်နွေမှာ ဘာစီလိုနာသို့ ပြောင်းရွှေ့ချင်သော်လည်း အေးဂျင့် ရွိုင်းအိုလာက ၄င်းကို မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်သို့ ပြောင်းစေလိုနေပါတယ်။

မန်စီးတီးနဲ့ လီဗာပူးမှာ ပက်ဂွာဒီယိုလာ နဲ့ ယာဂန်ကလော့ပ်တို့ကို ၄င်းတို့ ကလပ်အသင်းတွေက ထောက်ပံ့နေမှုမျိုး ယူနိုက်တက်မှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ မရခဲ့ဘူး လို့ မော်ရင်ညိုက ယုံကြည်နေပါတယ်။