လီဗာပူးဂန္တဝင်ကစားသမားကြီး ကာရေဂါက အသင်းဟောင်းနဲ့ ပက်သက်ပြီး သုံးသပ်ပြောဆိုရာမှာ ယာဂင်ကလော့ပ်လက်အောက် အရေးပါဆုံး ကစားသမားအဖြစ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ရွေးချယ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၁ ခုနှစ်ကတည်းက လီဗာပူးကို ပြောင်းလာခဲ့သူဖြစ်ပြီး လက်ရှိ အသင်းမှာ ဝါအရင့်ဆုံး စီနီယာဖြစ်တယ်။ သူဟာ အဝတ်လဲခန်းကို အကောင်းဆုံး ဦးဆောင်နိုင်ပြီး မာကျောတဲ့ စိတ်ဓါတ်ရှိသူအဖြစ်လည်း လီဗာပူးအသင်းသားတွေထဲ ထင်ရှားပါတယ်။

ဆာလက်၊ မာနေး၊ ဗန်ဒိုက်လို ကမ္ဘာအဆင့် ကစားသမားတွေနဲ့ ဘရာဇီး ကစားသမားတွေဟာ ဟန်ဒိုရဲ့ ဦးဆောင်မှုကို လေးစားမှု ရှိကြကာ သူဟာ လက်ရွေးစင်အသင်းမှာလည်း လီဗာပူးအသင်းသားတွေကို ဦးဆောင်ပေးသူတစ်ဦးအဖြစ် နေရာရနေသူဖြစ်ပါတယ်။

ကာရေဂါက ဆိုရာမှာ ” ဟန်ဒိုက အရေးပါလွန်းခဲ့တယ်။ ယာဂင်ကလော့ပ် လက်ထက်မှာ သူက အမြဲတမ်း မေးခွန်းထုတ်ခံခဲ့ရတာက ပုံမှန် ပွဲထွက်ခွင့်ကို ရသင့်လို့လား? လီဗာပူးအသင်းခေါင်းဆောင် ဖြစ်သင့်ရဲ့လား? ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးသော ထိပ်တန်းမန်နေဂျာတွေက ဟန်ဒိုကို လူစာရင်းမှာ ရွေးချယ်ခဲ့ကြတာပါပဲ။

ကျနော် သူနဲ့အတူ တွဲဘက် ကစားဖူးပါတယ်။ ဒီတော့ ဂျော်ဒန်ရဲ့ အရည်အချင်းနဲ့ အဝတ်လဲခန်းထဲက သူ့ရဲ့ အနေအထားအကြောင်းကို ကျနော် ကောင်းကောင်းကြီး သိပါတယ်။ မန်နေဂျာတစ်ဦးအတွက် အဝတ်လဲခန်းထဲမှာ သူ့ကို ပိုင်ဆိုင်ထားတာက ရွှေထက် အဖိုးတန်ပြီး နေ့ရက်တိုင်းမှာ ဥပမာအဖြစ် အကောင်းဆုံး ဦးဆောင်ပေးနေတာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ် လက်ထက် လီဗာပူးက သူ့နေရာအတွက် ကစားသမား အများအပြားကို ခေါ်ယူခဲ့ပေမယ့် သူကတော့ ဆက်လက် ကစားနေဆဲပါပဲ။ ဒါကပဲ သူ့ရဲ့ အရည်အချင်းကို ပြောပြပြီး ဖြစ်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟန်ဒိုဟာ အင်္ဂလန်အသင်းမှာလည်း ခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်နေသူပါ။ ကိန်း ဒဏ်ရာရနေတာကြောင့် မတ်လအတွင်း ယှဉ်ပြိုင်ရမယ့် ဒိန်းမတ်နဲ့ အီတလီတို့နဲ့ ချစ်ကြည်ရေးပွဲတွေမှာ အင်္ဂလန်အသင်းခေါင်းဆောင် ရာထူးကို ဟန်ဒို တာဝန်ယူပေးရဖွယ် ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ကစားသမားၾကီး ကာေရဂါက အသင္းေဟာင္းနဲ႔ ပက္သက္ျပီး သံုးသပ္ေျပာဆိုရာမွာ ယာဂင္ကေလာ့ပ္လက္ေအာက္ အေရးပါဆံုး ကစားသမားအျဖစ္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ေရြးခ်ယ္ခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ၂၀၁၁ ခုႏွစ္ကတည္းက လီဗာပူးကို ေျပာင္းလာခဲ့သူျဖစ္ျပီး လက္ရွိ အသင္းမွာ ဝါအရင့္ဆံုး စီနီယာျဖစ္တယ္။ သူဟာ အဝတ္လဲခန္းကို အေကာင္းဆံုး ဦးေဆာင္ႏုိင္ျပီး မာေက်ာတဲ့ စိတ္ဓါတ္ရွိသူအျဖစ္လည္း လီဗာပူးအသင္းသားေတြထဲ ထင္ရွားပါတယ္။

ဆာလက္၊ မာေနး၊ ဗန္ဒိုက္လို ကမၻာအဆင့္ ကစားသမားေတြနဲ႔ ဘရာဇီး ကစားသမားေတြဟာ ဟန္ဒိုရဲ႕ ဦးေဆာင္မႈကို ေလးစားမႈ ရွိၾကကာ သူဟာ လက္ေရြးစင္အသင္းမွာလည္း လီဗာပူးအသင္းသားေတြကို ဦးေဆာင္ေပးသူတစ္ဦးအျဖစ္ ေနရာရေနသူျဖစ္ပါတယ္။

ကာေရဂါက ဆိုရာမွာ ” ဟန္ဒိုက အေရးပါလြန္းခဲ့တယ္။ ယာဂင္ကေလာ့ပ္ လက္ထက္မွာ သူက အျမဲတမ္း ေမးခြန္းထုတ္ခံခဲ့ရတာက ပံုမွန္ ပြဲထြက္ခြင့္ကို ရသင့္လို႔လား? လီဗာပူးအသင္းေခါင္းေဆာင္ ျဖစ္သင့္ရဲ႕လား? ျဖစ္ပါတယ္။ ဒါေပမယ့္ အားလံုးေသာ ထိပ္တန္းမန္ေနဂ်ာေတြက ဟန္ဒိုကို လူစာရင္းမွာ ေရြးခ်ယ္ခဲ့ၾကတာပါပဲ။

က်ေနာ္ သူနဲ႔အတူ တြဲဘက္ ကစားဖူးပါတယ္။ ဒီေတာ့ ေဂ်ာ္ဒန္ရဲ႕ အရည္အခ်င္းနဲ႔ အဝတ္လဲခန္းထဲက သူ႔ရဲ႕ အေနအထားအေၾကာင္းကို က်ေနာ္ ေကာင္းေကာင္းၾကီး သိပါတယ္။ မန္ေနဂ်ာတစ္ဦးအတြက္ အဝတ္လဲခန္းထဲမွာ သူ႔ကို ပိုင္ဆိုင္ထားတာက ေရႊထက္ အဖိုးတန္ျပီး ေန႔ရက္တုိင္းမွာ ဥပမာအျဖစ္ အေကာင္းဆံုး ဦးေဆာင္ေပးေနတာ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ လက္ထက္ လီဗာပူးက သူ႔ေနရာအတြက္ ကစားသမား အမ်ားအျပားကို ေခၚယူခဲ့ေပမယ့္ သူကေတာ့ ဆက္လက္ ကစားေနဆဲပါပဲ။ ဒါကပဲ သူ႔ရဲ႕ အရည္အခ်င္းကို ေျပာျပျပီး ျဖစ္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟန္ဒိုဟာ အဂၤလန္အသင္းမွာလည္း ေခါင္းေဆာင္တစ္ဦးအျဖစ္ ဦးေဆာင္ေနသူပါ။ ကိန္း ဒဏ္ရာရေနတာေၾကာင့္ မတ္လအတြင္း ယွဥ္ျပိဳင္ရမယ့္ ဒိန္းမတ္နဲ႔ အီတလီတို႔နဲ႔ ခ်စ္ၾကည္ေရးပြဲေတြမွာ အဂၤလန္အသင္းေခါင္းေဆာင္ ရာထူးကို ဟန္ဒို တာဝန္ယူေပးရဖြယ္ ရွိေနတာျဖစ္ပါတယ္။