လီဗာပူးနဲ့ သတင်းထွက်လာတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို စပိန်လာလီဂါကလပ် ဘာစီလိုနာကလည်း အလိုရှိလာပြီး ဒီလထဲမှာ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။

ရှာကွီရီအား အငှားခေါ်ယူဖို့ ကြိုးစားနေတဲ့ ရိုးမားနဲ့ ဆီဗီလာအသင်းတို့အား လီဗာပူးက ဒီလထဲမှာ ဆွစ်ဇာလန်လက်ရွေးစင် ကစားသမားကို ထွက်ခွာခွင့် ပြုမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။ လီဗာပူးက ရာသီကုန်မှာ ယူရို ပေါင်သန်း ၃၀ လောက်နဲ့ ရှာကွီရီကို အပြီး ရောင်းချဖို့ ပိုမို လိုလားနေတာပါ။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာကြယ်ပွင့် ဂျက် ဂရေးလစ်ရှ်ဟာ ယူနိုက်တက်ထက် ပရီးမီးယားလိဂ်မှာ ဦးဆောင်ထားသူ လီဗာပူးအသင်းနဲ့ ပိုမို ကိုက်ညီမယ့် ကစားသမား ဖြစ်ကြောင်း စတန် ကော်လီမိုးက သုံးသပ်လိုက်ပါတယ်။

ယူနိုက်တက်ကို အနိုင်ယူပြီးနောက် ဒုတိယနေရာမှ စီးတီးထက် ၁၆ မှတ်ဖြတ်ထားနိုင်သော်လည်း လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ယခင်က ကဲ့သို့ မပြောင်းလဲဘဲ လီဗာပူးဟာ ဘာမှ မရရှိသေးတဲ့ အနေအထားမှာပဲ ရှိသေးကြောင်း ဖြေကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အပတ်စဉ်တိုင်း မနားတမ်းလည်ပတ်နေတဲ့ စက်တစ်လုံးလို ထူးချွန်စွာ လုပ်ပြထားကာ အံ့အားသင့်စရာ ဖြစ်ကြောင်း ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘတ်ပီက ချီးကျူးသွားခဲ့ပါတယ်။

၎င်းရဲ့ ဂိုးသွင်းအောင်ပွဲခံဟန် အတိုင်း ပွဲကြည့်စဉ်ရှေ့ လက်ပိုက် ရပ်ကာ အောင်ပွဲခံမှု ပြုလုပ်ခဲ့တဲ့ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန်းဒါး အာနိုးရဲ့ ဟန်ကိုလည်း အမ်ဘတ်ပီက မြင်ခဲ့ကြောင်း ဆိုကာ ဒီအတွက် ဂုဏ်ယူတယ်လို့ ကျေနပ်စွာဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးနဲ႕ သတင္းထြက္လာတဲ့ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို စပိန္လာလီဂါကလပ္ ဘာစီလိုနာကလည္း အလိုရွိလာျပီး ဒီလထဲမွာ ကမ္းလွမ္းမႈ ျပဳလုပ္ရန္ ျပင္ဆင္ေနပါတယ္။

ရွာကြီရီအား အငွားေခၚယူဖို႔ ၾကိဳးစားေနတဲ့ ရိုးမားနဲ႕ ဆီဗီလာအသင္းတို႔အား လီဗာပူးက ဒီလထဲမွာ ဆြစ္ဇာလန္လက္ေရြးစင္ ကစားသမားကို ထြက္ခြာခြင့္ ျပဳမွာ မဟုတ္ေၾကာင္း အသိေပးထားပါတယ္။ လီဗာပူးက ရာသီကုန္မွာ ယူရို ေပါင္သန္း ၃၀ ေလာက္နဲ႕ ရွာကြီရီကို အျပီး ေရာင္းခ်ဖို႔ ပိုမို လိုလားေနတာပါ။

ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ အက္စတြန္ဗီလာၾကယ္ပြင့္ ဂ်က္ ဂေရးလစ္ရွ္ဟာ ယူနိုက္တက္ထက္ ပရီးမီးယားလိဂ္မွာ ဦးေဆာင္ထားသူ လီဗာပူးအသင္းနဲ႕ ပိုမို ကိုက္ညီမယ့္ ကစားသမား ျဖစ္ေၾကာင္း စတန္ ေကာ္လီမိုးက သံုးသပ္လိုက္ပါတယ္။

ယူနိုက္တက္ကို အနုိင္ယူျပီးေနာက္ ဒုတိယေနရာမွ စီးတီးထက္ ၁၆ မွတ္ျဖတ္ထားနုိင္ေသာ္လည္း လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္က ယခင္က ကဲ့သို႔ မေျပာငး္လဲဘဲ လီဗာပူးဟာ ဘာမွ မရရွိေသးတဲ့ အေနအထားမွာပဲ ရွိေသးေၾကာင္း ေျဖၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ အပတ္စဥ္တိုင္း မနားတမ္းလည္ပတ္ေနတဲ့ စက္တစ္လံုးလို ထူးခၽြန္စြာ လုပ္ျပထားကာ အံ့အားသင့္စရာ ျဖစ္ေၾကာင္း ပီအက္စ္ဂ်ီ တိုက္စစ္မွဴး အမ္ဘတ္ပီက ခ်ီးက်ဴးသြားခဲ့ပါတယ္။

၄င္းရဲ႕ ဂိုးသြင္းေအာင္ပြဲခံဟန္ အတိုင္း ပြဲၾကည့္စဥ္ေရွ႕ လက္ပိုက္ ရပ္ကာ ေအာင္ပြဲခံမႈ ျပဳလုပ္ခဲ့တဲ့ လီဗာပူး ခံစစ္မွဴး ထရန္႔ အလက္ဇန္းဒါး အာနိုးရဲ႕ ဟန္ကိုလည္း အမ္ဘတ္ပီက ျမင္ခဲ့ေၾကာင္း ဆိုကာ ဒီအတြက္ ဂုဏ္ယူတယ္လို႔ ေက်နပ္စြာဆိုခဲ့ပါတယ္။