မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားက မိုက်ဖီလန်ကို အသင်းရဲ့ ပထမဆုံးနည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်ပေးစေလိုနေပါတယ်။

ပရီးမီးယားလိဂ် Top 4 အဆုံးအဖြတ်က ဘောလုံးရာသီ နောက်ဆံုးရက် ယူနိုက်တက် အိမ်ကွင်းမှာ ကာဒစ်အသင်းကို ဧည့်ခံသည်ထိ ရောက်ရှိသွားမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ၀င်ခွင့် ရရှိနိုင်မယ်လို့ လင်ဂတ်က ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မာတာကို နောက်ဆုံး အနေနဲ့ သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါတယ်။ မာတာက ၂နှစ် အနည်းဆုံး သက်တမ်းတိုးလိုပေမယ့် ယူနိုက်တက်က တစ်နှစ်သက်တမ်းတိုးစာချုပ်နဲ့ နောက်ထပ် တစ်နှစ်တိုးခွင့် အပါ အချက်အလက်နဲ့ ကမ်းလှမ်းလိုက်တာပါ။

ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုက သူဟာ ဂွာဒီယိုလာ၊ ကလော့ပ်တို့လိုများ ကလပ်အသင်းရဲ့ အားပေးထောက်ခံမှုမျိုး ယူနိုက်တက်မှာ မရခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကယ်ဂလီယာရီအသင်းရဲ့ ကွင်းလယ်လူ နီကိုလို ဘာရယ်လာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီ သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါကွ င်းလယ်ကစားသမားလေးဟာ အသက်(၂၂)နှစ်သာ ရှိသေးပြီး ယူနိုက်တက်ဟာ ဘာရယ်လာကို စောင့်ကြည့်ဖို့အတွက် ကင်းထောက်တစ်ဦး စေလွှတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ်တူဂီသား လူငယ်နှစ်ဦး ဖြစ်တဲ့ ဘင်ဖီကာတိုက်စစ်သမား ဂျိုအာဖိလစ်နဲ့ စပို့တင်း ကွင်းလယ် ဘရူနို ဖာနန်ဒတ်စ်တို့ကို ခေါ်ယူရန် ကြိုးပမ်းမှု အရှိန် မြှင့်တင်လာခဲ့ပါတယ်။

မန်ယူအသင်းနဲ့ ဂျူဗင်တပ် တို့ဟာ ဘင်ဖီကာအသင်းရဲ့နောက်ခံလူ ယူဘင်ဒက်စ် ကို ခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီ လို့သိရပါတယ်။ သတင်းတွေအရ မန်ယူအသင်းဟာ ဒက်စ် ကိုခေါ်ယူဖို့အရင်ဆွေးနွေးနေတာဖြစ်ပြီး အဆိုပါ အနေအထားမှာ ဂျူဗင်တပ် ပါဝင်လာခဲ့တာပါ။

ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ကတော့ နွေအပြောင်းအရွှေ့မှာ ကလပ်အသင်းဘက်က လက်မှတ်ထိုးပေးဖို့ သူမျှော်လင့်နေတဲ့ ကစားသမားကို ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။ အဲ့သည် ကစားသမားကတော့ ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။

နာပိုလီအသင်းဟာ တော့တင်ဟမ် နောက်ခံကစားသမား ထရစ်ပီယာကို ယူရို (၁၈)သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ အီတလီသတင်းများမှာ ဖော်ပြသွားခဲ့ပါတယ်။ ထရစ်ပီယာဟာ စပါးနဲ့ရုန်းကန်ခဲ့ရပြီးတဲ့နောက် လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ကို နာပိုလီအပြင် မန်ချက်စတာယူနိုက်တက်ကပါ ခေါ်ယူလိုနေပြီး စပါးကတော့ ထရစ်ပီယာ အတွက် ယူရို(၃၅)သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။