လီဗာပူးအသင်း မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ နာဘီ ကီတာဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ဘာစီလိုနာနဲ့ပွဲစဉ်မှာ ရာကီတစ် နဲ့ ထိခိုက်မိပြီး ပေါင်တွင်းကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒီရာသီ လက်ကျန်ပွဲစဉ်အကုန်လုံးကို လွဲချော်ဖွယ်ရှိနေပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဘောလုံးရာသီတိုင်း မက်ဆီနဲ့ ရင်ဆိုင်စရာ မလိုတာအတွက် ၀မ်းသာရကြောင်း ဘာစီလိုနာကို ရှုံးပွဲ အပြီးမှာ ၀န်ခံပြောကြားလိုက်ပါတယ်။

ရှုံးပွဲ တွေ့ခဲ့ပေမယ့် လီဗာပူးအသင်းသားတွေရဲ့ ကစားပုံကို ကျေနပ်ပြီး ဂုဏ်ယူကြောင်း ယာဂင်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။ ဘာစီလိုနာနဲ့ ပွဲက ကစားပုံဟာ ဒီနှစ်တင်မက အရင်နှစ်က ပွဲတွေနဲ့ ယှဉ်ရင်တောင် အကောင်းဆုံး ချန်ပီယံလိဂ်ပွဲ ခြေစွမ်းလို့ ၄င်းက ဆိုပါတယ်။

လီဗာပူးနဲ့ ပွဲမှာ ကော်တင်ညိုကို ၀ိုင်းဝန်းသရော်ခဲ့ကြတဲ့ ဘာစီလိုနာ ပရိသတ်တွေအား မက်ဆီက ထိုဖြစ်ရပ်ဟာ အရုပ်ဆိုးလွန်းပြီး ကစားသမားနဲ့ ပရိသတ် အားလုံး အတူရှိကြဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ယာဂန်ကလော့ပ်နဲ့ ပိုချက်တီနိုတို့ဟာ ဘာဖလားမှ မရလို့ အီတလီမှာဆို ပရိသတ်တွေ ဝိုင်းသတ်လို့ သေလိမ့်မယ်ဆိုပြီး ရော်ဘတ်တို မန်စီနီက ဆိုလိုက်ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ဟာ ၂၀၁၅ မှာ မာဆေးဆိုဒ်ကို ရောက်ရှိလာပြီးထဲက ဖလားတစ်လုံးမှမရသေးလို့ ၄င်းက ဆိုတာပါ။