ညက ကစားတဲ့ ယူရိုပါလိဂ် ဆီမီး ပကျော့ ပွဲစဉ်မှာတော့ ချယ်ဆီးက အိမ်ရှင် ဖရန့်ဖတ်ကို မနိုင်ခဲ့ဘဲ တစ်ဂိုးစီ သရေကျသွားပါတယ်။ ချယ်ဆီးအတွက်ဂိုးကို ပက်ဒရိုက သွင်းယူပေးခဲ့တာပါ။

ဗြိတိန်မှာ အချမ်းသာဆုံး သူဌေး Jim Ratcliffe က မန်ချက်စတာယူနိုက်တက် ပရိသတ် ဖြစ်ပေမယ့် ချယ်ဆီးအသင်းကို ရိုမန်အေဗရာမိုဗစ်ထံမှ လက်လွှဲ ၀ယ်ယူရန် စိတ်ဝင်စားနေပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချယ်ဆီးဟာ ဖရန့်ဖတ်ကို အနိုင်ရခဲ့သင့်တယ်လို့ ဆာရီက ဆိုလိုက်ပြီး ဖလားရယူလိုကြောင်းလည်း အီတလီနည်းပြက ပြောခဲ့ပါတယ်။

“အာဆင်နယ်နဲ့ဖြစ်ဖြစ် ဗလန်စီယာနဲ့ဖြစ်ဖြစ် ကျနော် ဖိုင်နယ်ကို ရောက်ချင်တယ်။ ဘယ်အသင်းနဲ့ ကစားရ ကစားရ ကျနော့်အတွက် အတူတူပါပဲ။ ကျနော်က ဖိုင်နယ်ပွဲ ကစားချင်ရုံ မဟုတ်ဘူး။ ဖလားပါ အောင်မြင်ချင်တာ။ ” လို့ ဆာရီက ပြောကြားလိုက်ပါတယ်။

အီတလီမှာ လူမျိုးရေးခွဲခြားခံရမှုများကြောင်း စတန်းဖို့ဘရစ်သို့ ပြန်လိုတယ် ထုတ်ပြောထားတဲ့ ဘာကာယိုကိုဟာ အေစီမီလန်အသင်း လေ့ကျင့်ရေး ထရိန်နင်ပြီးခါနီး ၁၀ မိနစ် အလို နောက်ကျမှ ရောက်ရှိလာတာကြောင့် နည်းပြ ဂတ်တူဆိုက အမျက်ထွက်နေကာ ချယ်ဆီးအသင်းထံ ပြန်ပို့ဖို့ စီစဉ်နေပါတယ်။

ချယ်ဆီးအသင်း ခံစစ်သမား ဒေးဗစ်လူးဝစ်က ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ကို ကလပ်အသင်း အရယူနိုင်မယ်လို့ မျှော်လင့်နေပြီး အိုထရတ်ဖိုဒ့် ကွင်းမှာ သရေရလဒ်ရခဲ့တာက လိဂ်အဆင့်ရပ်တည်ချက်အတွက် အရေးပါတယ်လို့ ယုံကြည်နေပါတယ်။

ချယ်ဆီးအသင်းနည်းပြ ဆာရီ အနေနဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ် ကို စာချူပ်သစ် သက်တမ်းတိုးဖို့အတွက် စတင် ဆွေးနွေးနေပြီလို့ အတည်ပြုခဲ့ပါတယ်။ ဒေးဗစ်လူးဝစ် ဟာ ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဒီရာသီ ချယ်ဆီးအသင်းအတွက် ၄၅ ပွဲ ကစားပေးထားပါတယ်။

ပီအက်ဂျီ အသင်း ဟာ ချယ်ဆီး ကွင်းလယ်လူ ၀ီလျံ ကိုခေါ်ယူဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။ ပြင်သစ်သတင်းများ အဆိုအရ အသင်းမှာ အသားမကျဖြစ်နေတဲ့ ဂျာမန်ကွင်းလယ်လူ ဒရက်ဇ်လာ ရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ဒါအပြင် ချယ်ဆီး အသင်းအနေနဲ့လည်း ဒရက်ဇ်လာ ကိုခေါ်ယူဖို့စဉ်းစားနေပြီး ဒီနှစ်သင်းကြား ကစားသမား လဲလှယ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။