ဂျာမနီတိုက်စစ်မှူး ဝါနာက လီဗာပူးဟာ ဒီအခြေအနေမှာ ကမ္ဘာအကောင်းဆုံးအသင်းဖြစ်ပြီး လီဗာပူးကို ပြောင်းရမယ်လို့ သတင်းထွက်နေတာအတွက် အရမ်းကို ဂုဏ်ယူတယ်လို့ အကောင်းမြင်စရာ စကားကို ချန်ပီယံလိဂ်ပွဲကြိုမှာ ပြောဆိုပါတယ်။

အက်သလက်တီကို မက်ဒရစ် ဥက္ကဌ အန်းနရစ် ဆီရီဇိုက ” အန်ဖီးကွင်းက အရမ်းကို အိုဟောင်းလွန်းနေပြီ စစ်ဆေးမှုတွေကို အောင်နိုင်ဖို့တောင် မရှိဘူး ” လို့ ချန်ပီယံလိဂ် ဒုတိယအကျော့ ကစားရမယ့်ကွင်းကို ဝေဖန်လိုက်ပါတယ်။

လီဗာပူးအသင်းက ပထမအကျော့ရလဒ်ကို ပုံမှန်ထက်ပိုတဲ့ စိတ်ပျက်မှုကို ခံစားနေလို့မရပဲ အခွင့်အရေးက တစ်ကြိမ် ရှိနေသေးတာကို စိတ်ရှည်ဖို့ လိုသလို မန်နေဂျာယာဂင်ကလော့ပ်က အဓိက တိုက်စစ်သမား နှစ်ဦးကို လူစားလဲမှုအရ ၁-၀ ဆိုတာက လုံလောက်တယ်လို့ ယူခြင်းကြောင့် ဖြစ်ကြောင်း အိုဝင်က သုံးသပ်ပါတယ်။

ခံစစ်မှူးဗန်ဒိုက်က ” မကောင်းမြင်စရာတွေ မရှိဘူး။ ထိတ်ထိတ်ပျာပျာ ဖြစ်စရာတွေလည်း မလိုဘူး။ ငါတို့ ယုံကြည်မှုတေါ ဆက်ရှိနေသင့်တာဖြစ်ပြီး ဆက်လက် ရှိရမှာဖြစ်တယ် ” လို့ အသင်းဖော်တွေနဲ့ ပရီသတ်တွေကို သတိပေးပါတယ်။

ဟန်ဒါဆန်ရဲ့ ဒဏ်ရာကို ဒီကနေ့မှ ဆေးစစ်မှာဖြစ်ပေမယ့် ဒီအပတ်အကုန် ဝက်ဟမ်းနဲ့ပွဲအတွက် လူစာရင်းကနေတော့ ဖယ်ထုတ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးကစားသမားဟောင်း စတိဗ်နီကိုးက တီကိုနဲ့ပွဲမှာ ထရန့်ဟာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။ ထရန့်ဟာ ဖြတ်တင်ဘော ၁၇ ကြိမ် ပြုလုပ်ရာမှာ ၃ ကြိမ်ပဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးဘက်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကိုပါ ကာကွယ်နိုင်ရင် ဒေါ့မွန်တောင်ပံသမား ဆန်ချိုကို ခေါ်ယူသွားဖို့ ရည်ရွယ်ထားတယ်လို့ စကိုင်းစပေါ့ သတင်းထောက် Kaveh က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက ပရီးမီးယားလိဂ်မှာ မန်နေဂျာအဖြစ် လုပ်ကိုင်ခွင့်အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ လီဗာပူးသားကြီးက ပြီးခဲ့တဲ့ ဧပြီလကစပြီး အေ-လိဂ်မှာ မန်နေဂျာအဖြစ် စတင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ZAWGYI

ဂ်ာမနီတိုက္စစ္မွဴး ဝါနာက လီဗာပူးဟာ ဒီအေျခအေနမွာ ကမၻာအေကာင္းဆံုးအသင္းျဖစ္ျပီး လီဗာပူးကို ေျပာင္းရမယ္လို႔ သတင္းထြက္ေနတာအတြက္ အရမ္းကို ဂုဏ္ယူတယ္လို႔ အေကာင္းျမင္စရာ စကားကို ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ ေျပာဆိုပါတယ္။

အက္သလက္တီကို မက္ဒရစ္ ဥကၠဌ အန္းနရစ္ ဆီရီဇိုက ” အန္ဖီးကြင္းက အရမ္းကို အိုေဟာင္းလြန္းေနျပီ စစ္ေဆးမႈေတြကို ေအာင္ႏုိင္ဖို႔ေတာင္ မရွိဘူး ” လို႔ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ ကစားရမယ့္ကြင္းကို ေဝဖန္လိုက္ပါတယ္။

လီဗာပူးအသင္းက ပထမအေက်ာ့ရလဒ္ကို ပံုမွန္ထက္ပိုတဲ့ စိတ္ပ်က္မႈကို ခံစားေနလို႔မရပဲ အခြင့္အေရးက တစ္ၾကိမ္ ရွိေနေသးတာကို စိတ္ရွည္ဖို႔ လိုသလို မန္ေနဂ်ာယာဂင္ကေလာ့ပ္က အဓိက တိုက္စစ္သမား ႏွစ္ဦးကို လူစားလဲမႈအရ ၁-၀ ဆိုတာက လံုေလာက္တယ္လို႔ ယူျခင္းေၾကာင့္ ျဖစ္ေၾကာင္း အိုဝင္က သံုးသပ္ပါတယ္။

ခံစစ္မွဴးဗန္ဒိုက္က ” မေကာင္းျမင္စရာေတြ မရွိဘူး။ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္စရာေတြလည္း မလိုဘူး။ ငါတို႔ ယံုၾကည္မႈေတါ ဆက္ရွိေနသင့္တာျဖစ္ျပီး ဆက္လက္ ရွိရမွာျဖစ္တယ္ ” လို႔ အသင္းေဖာ္ေတြနဲ႔ ပရီသတ္ေတြကို သတိေပးပါတယ္။

ဟန္ဒါဆန္ရဲ႕ ဒဏ္ရာကို ဒီကေန႔မွ ေဆးစစ္မွာျဖစ္ေပမယ့္ ဒီအပတ္အကုန္ ဝက္ဟမ္းနဲ႔ပြဲအတြက္ လူစာရင္းကေနေတာ့ ဖယ္ထုတ္ထားျပီျဖစ္တယ္လို႔ သိရပါတယ္။

လီဗာပူးကစားသမားေဟာင္း စတိဗ္နီကိုးက တီကိုနဲ႔ပြဲမွာ ထရန္႔ဟာ ပံုမွန္ေျခစြမ္း ေပ်ာက္ဆံုးခဲ့တယ္လို႔ ေထာက္ျပလိုက္ပါတယ္။ ထရန္႔ဟာ ျဖတ္တင္ေဘာ ၁၇ ၾကိမ္ ျပဳလုပ္ရာမွာ ၃ ၾကိမ္ပဲ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးဘက္က ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရျပီး ခ်န္ပီယံလိဂ္ဖလားကိုပါ ကာကြယ္ႏုိင္ရင္ ေဒါ့မြန္ေတာင္ပံသမား ဆန္ခ်ိဳကို ေခၚယူသြားဖို႔ ရည္ရြယ္ထားတယ္လို႔ စကိုင္းစေပါ့ သတင္းေထာက္ Kaveh က အခိုင္အမာ ေျပာဆိုလိုက္ပါတယ္။

တိုက္စစ္မွဴးေဟာင္း ေရာ္ဘီေဖာင္လာက ပရီးမီးယားလိဂ္မွာ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ခြင့္အတြက္ ၾကိဳးစားေနတယ္လို႔ ဆိုပါတယ္။ လီဗာပူးသားၾကီးက ျပီးခဲ့တဲ့ ဧျပီလကစျပီး ေအ-လိဂ္မွာ မန္ေနဂ်ာအျဖစ္ စတင္ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။