လီဗာပူးအသင်းဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ 2 – 3 ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ဂိုးများကို ဗန်ဒိုက်၊ ဆာလက်နဲ့ ပွဲချိန် 88 မိနစ်တို့မှာ အိုရီဂီတို့က သွင်းယူပေးခဲ့တာပါ။ တိုက်စစ်မှူးဆာလက် ဒဏ်ရာရခဲ့လို့ အိုရီဂီ လူစားဝင်လာခဲ့တာပါ။

လီဗာပူး တိုက်စစ်မှူး ဖာမင်နိုဟာ အန်ဖီးမှာ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကို သေချာပေါက် လွဲချော်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ရာသီသိမ်းပွဲဖြစ်တဲ့ ဝုဗ်နဲ့ပွဲကိုတော့ ပြန်ပါလာနိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ နယူးကာဆယ်ကို 3-2 နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲဝက်လောက်မှာ အဆိုပါဖြစ်ရပ် ဖြစ်ခဲ့တာဖြစ်ပြီး အခြေအနေ အကောင်းအဆိုးက စောင့်ကြည့်ရတော့မယ်လို့ ကလော့ပ်က ပြောပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အနေအထားက ဘာမဆို ဖြစ်သွားနိုင်သေးတယ်လို့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။ လက်ရှိ အခြေအနေအရ လီဗာပူးက လက်ကျန် နှစ်ပွဲလုံး နိုင်ရင်တောင် မန်စီးတီး အမှတ်လျော့မှသာ ဆုဖလား မျှော်လင့်ခွင့် ရမှာပါ။

ဆုဖလားတွေနဲ့ ပတ်သတ်ပြီး ကံမကောင်းဘဲ ကျိန်စာသင့်နေသလား ဆိုတဲ့ မေးခွန်းများနဲ့ ဝေဖန်မှုများအပေါ် ယာဂင်ကလော့ပ်ကတော့ သူ ဒီလို မတွေးမိကြောင်း ပြောကြားလိုက်ပြီး ကောင်းမွန်တဲ့ အရာတွေ မျှော်လင့်စရာ ရှိနေပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ဘာဆုဖလားမှ မရခဲ့ရင်တောင် ရှုံးနိမ့်တယ် မဆိုနိုင်ကြောင်း အသင်း ဂန္တ၀င်တစ်ဦး ဖြစ်တဲ့ ဂျွန်ဘန်းစ်က ပြောဆိုလိုက်ပါတယ်။

အယ်လစ်ဆန်က ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး နီးပါး ဂိုးသမား ဖြစ်တယ်လို့ လီဗာပူး အရန် ဂိုးသမား ဖြစ်သွားတဲ့ မင်ညိုလတ်က ချီးကျူးလိုက်ပါတယ်။

ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို လီဗာပူးတို့ အရေးနိမ့်တာက ပြိုင်ဘက်အသင်းအတွက် သက်ရောက်မှု ရှိမှာမဟုတ်ပဲ ပရီးမီးယားလိဂ် ပြိုငဆိုင်မှုက ဆက်လက် ရှိနေပါလိမ့်မယ်လို့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပြောဆိုလိုက် ပါတယ်။

လီဗာပူးအသင်းကို ဂိုးသွင်းပြီးနောက် ကစားသမားဟောင်း လူးဝစ် ဆွာရက်စ် အောင်ပွဲခံခဲ့ပုံကို မော်ရင်ညိုက နှစ်ခြိုက်သဘောကျကြောင်း ပြောခဲ့ပါတယ်။ ဆွာရက်စ်က ဘာစီလိုနဲ့အတူ ကစားနေတဲ့ မိနစ် ၉၀ မှာ လီဗာပူးအတွက် ကစားခဲ့ဖူးတာကို မေ့ပစ်ခဲ့တယ်လို့ မော်ရင်ညိုက သုံးသပ်ပြောဆိုခဲ့တာပါ။

ရိန်းဂျားစ်မှာ အငှား သွားရောက် ကစားနေတဲ့ လီဗာပူး လူငယ်တောင်ပံကစားသမား ရိုင်ယန်ကန့်က လာမယ့်နွေမှာ အန်းဖီးလ်ကနေ ထွက်ခွာလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး စကော့တလန်ကလပ်ကလည်း ၄င်းကို အပြီးသတ် ခေါ်ယူလိုနေပါတယ်။

လီဗာပူးအသင်း ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဖာမင်နိုရဲ့ false nine တိုက်စစ်မှူးနေရာကနေ အစားဝင်ကစားခဲ့ကာ ဘာစီလိုနာကို အဝေးကွင်းမှာ 3-0 နဲ့ အရေးနိမ့်အပြီး အသင်းဖော် တိုက်စစ်မှူးကို ပိုပိုပြီး လေးစားမိခဲ့ပါတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

” ပွဲအပြီးမှာ ကျနော် ဖာမင်နိုကို အများကြီး လေးစားခဲ့ပါတယ်။ တိုက်စစ်သမားနေရာက သူကစားတဲ့ နည်းလမ်းနဲ့ပက်သက်ပြီး ကျနော် ပြောခဲ့ပြီးပါပြီ အခုတော့ အဲ့သည်နေရာမှာ ကိုယ်တိုင် ထဲထဲဝင်ဝင် ကစားခဲ့ရတယ်။ လီဗာပူးရဲ့ နံပါတ်ကိုးနေရာအတွက် ကစားပေးဖို့က ဘယ်လောက်ထိ ခက်ခဲလဲ ကျနော် သိပါတယ်။ အထူးသဖြင့် ဖာမင်နိုလို ကစားဖို့ရာပေါ့။ အရမ်းကို ခက်တာပါဗျာ။ ” လို့ ၀ိုက်နယ်ဒန်က ဆိုတာပါ။