မန်စီးတီး ကစားသမား ရာဟင်းစတားလင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်လိုတဲ့ စိတ်အားထက်သန်မှု ရှိကြောင်း စတားလင်းနဲ့ လီဗာပူးမှာ ဆုံခဲ့တဲ့ ဆရာဟောင်း ဘရန်ဒန်ရော်ဂျာက ချီးကျူးလိုက်ပါတယ်။

မန်စီးတီးဟာ ဘင်ဖီကာ ကွင်းလယ်တိုက်စစ်သမား ဂျာအိုဖိလစ်ရဲ့ မိဘများနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ စွယ်စုံရ တိုက်စစ်သမားကို မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ကလည်း ပစ်မှတ်ထားနေတာပါ။

စီးတီးမှ အင်္ဂလန်သား ခံစစ်မှူး ကိုင်လီဝေါ်ကာက ရှက်ဖီး အကယ်ဒမီ ထွက်ဖြစ်ပြီး ၄င်းငယ်ဘ၀ အသင်းဟောင်း ပရီးမီးယားလိဂ် တန်းတက် လာတာကို ကျေနပ်နေပြီး ကစားသမားဘ၀ကိုလည်း ရှက်ဖီးမှာ အဆုံးသတ်ချင်တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ကာရာဘောင်းဖလားကို အနိုင်ရထားတဲ့ မန်စီးတီးအသင်း လက်စတာကို အနိုင်ရမယ်ဆိုရင် ပရီးမီးယား လိဂ်ဖလား ဆွတ်ခူးနိုင်ရေးလမ်းကြောင်းပေါ်မှာ ရှိနေမှာဖြစ်ပြီး FA ဖလား ဖိုင်နယ် အထိပါ တက်ရောက်ထားနိုင်ခဲ့တဲ့အတွက် ပြည်တွင်း ဖလား 3 လုံး ဆွတ်ခူး နိုင်ရေး လမ်းကြောင်း ပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဘယ်အစွန်လူ မန်ဒီ ဒဏ်ရာရနေချိန် အကောင်းဆုံးခြေစွမ်း ပြသထားနိုင်တဲ့ လူငယ်ကစားသမားလေး ဇင်ချန်ကိုကို ကလပ်ဘက်က စာချုပ်သစ်ချုပ်နိုင်ဖို့ အရမ်းနီးစပ်နေပြီလို့ သိရပါတယ်။

ဘာစီလိုနာကြယ်ပွင့် လီယွန်နယ် မက်ဆီက လာမယ့်နွေမှာ မန်စီးတီးမှ ခြေစွမ်းထက် လူငယ်တိုက်စစ်မှူး ဆာနေးကို ခေါ်ယူပေးဖို့ လာလီဂါကလပ်ကို တောင်းဆိုထားပါတယ်။ ဘာစီလိုနာက ဒီတလော အပြောင်းအရွှေ့များမှာ လူငယ်များကို ပိုမိုဦးစားပေး ပစ်မှတ်ထားနေပါတယ်။

ဘန်လေအသင်းရဲ့ တိုက်စစ်မှူး ပီတာခရော့ခ်ျက ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့ မန်စီးတီး အသင်းက ရွှေဖလား ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်အသင်း၊ တစ်ရာသီ ဆု ဖလားသုံးလုံး အနိုင်ရခဲ့တဲ့ ယူနိုက်တက် အသင်းတို့ကို ကျော်လွန်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် အကောင်းဆုံးအသင်းလို့ သတ်မှတ်သွားခဲ့ပါတယ်။