လီဗာပူးဟာ ကလပ်အသင်း ကွင်းလယ်လူတွေဖြစ်တဲ့ ဝိုက်နယ်ဒမ်နဲ့ လယ်လာနာတို့ကို သက်တမ်းတိုးဖို့ ကိစ္စအား ဆက်လက် လုပ်ဆောင်နေပြီး အကောင်းမြင်စရာ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ကလပ်အသင်းဘက်က ဦးစားပေး သက်တမ်းတိုးမယ့် ကွင်းလယ်လူက ဝိုက်နယ်ဒမ်ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၆ ခုနှစ်တုန်းက နယူးကာဆယ်ကနေ လီဗာပူးကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ ယာဂင်ကလော့ပ် အကြိုက် ကွင်းလယ်အတွဲအဖြစ် အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ပူးတွဲကစားရမှု များပြားသူတစ်ဦး ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပွဲကြီးတွေမှာ ခြေစွမ်းပြနိုင်ပြီး စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်တဲ့ ဝိုက်နယ်ဒမ်ဟာ ၂၀၂၁ ခုနှစ်မှာ လီဗာပူးနဲ့ သက်တမ်းကုန်တော့မှာပါ။ ကလပ်နဲ့ ကစားသမားကြားမှာ သက်တမ်းတိုးကိစ္စတွေ လုပ်ဆောင်နေပြီး ၂၀၂၃ ခုနှစ်ထိ သက်တမ်းတိုးကာ ကလပ်ဘက်က အလိုရှိရင် တစ်နှစ် ထပ်တိုးခွင့်ပါဝင်တဲ့ စာချုပ်နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။

မန်နေဂျာကလော့ပ်က ကြံ့ခိုင်မှု ကောင်းမွန်လှပြီး ကစားသမားဘဝ အကောင်းဆုံး အချိန်ကို ရောက်နေတဲ့ ဝိုက်နယ်ဒမ်ကို အသင်းရဲ့ ဦးဆောင် ကစားသမားတစ်ဦးအဖြစ် ဆက်လက် ထိန်းသိမ်းလိုတာဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ လယ်လာနာကိုလည်း အရေးပေါ် အခြေအနေအရ ကာလတို စာချုပ်တစ်ခု ပေးသွားဖို့လည်း ကြိုတင် စီစဉ်မှုတွေ ရှိနေပါတယ်။ ကိုရိုနာကြောင့် လိဂ်ကို ဧပြီလထိ ရပ်နားထားပြီး နောက်လတွေမှ ဘောလုံးပွဲတွေ ပြန်စမယ့် အခြေအနေမျိုးလည်း ရှိနေတာပါ။

ပရီးမီးယားလိဂ်ဟာ ဘောလုံးရာသီကို ပုံမှန်ထက် နောက်ကျပြီး ပိတ်သိမ်းတဲ့အခါမှာ စာချုပ်တစ်နှစ်ပဲ ကျန်တဲ့ လယ်လာနာကို ဇွန်လ ၃၀ ရက်နေ့ထိပဲ အသင်းမှာ ထားခွင့်ရှိမှာဖြစ်တယ်။ ကလပ်ဘက်ကတော့ အဆိုပါ အခြေအနေ ဖြစ်လာခဲ့ရင် လယ်လာနာကို တစ်လ (သို့) သီတင်းပတ် အနည်းငယ် သက်တမ်းတိုးဖို့ကို လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သိရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ကလပ္အသင္း ကြင္းလယ္လူေတြျဖစ္တဲ့ ဝိုက္နယ္ဒမ္နဲ႔ လယ္လာနာတို႔ကို သက္တမ္းတိုးဖို႔ ကိစၥအား ဆက္လက္ လုပ္ေဆာင္ေနျပီး အေကာင္းျမင္စရာ အေျခအေနကို ေရာက္ရွိေနျပီျဖစ္ပါတယ္။

ကလပ္အသင္းဘက္က ဦးစားေပး သက္တမ္းတိုးမယ့္ ကြင္းလယ္လူက ဝိုက္နယ္ဒမ္ျဖစ္ျပီး အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ၂၀၁၆ ခုႏွစ္တုန္းက နယူးကာဆယ္ကေန လီဗာပူးကို ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႔လာခဲ့သူပါ။ သူဟာ ယာဂင္ကေလာ့ပ္ အၾကိဳက္ ကြင္းလယ္အတြဲအျဖစ္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ ပူးတြဲကစားရမႈ မ်ားျပားသူတစ္ဦး ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ပြဲၾကီးေတြမွာ ေျခစြမ္းျပႏုိင္ျပီး စြမ္းေဆာင္ရည္ပိုင္း တည္ျငိမ္တဲ့ ဝိုက္နယ္ဒမ္ဟာ ၂၀၂၁ ခုႏွစ္မွာ လီဗာပူးနဲ႔ သက္တမ္းကုန္ေတာ့မွာပါ။ ကလပ္နဲ႔ ကစားသမားၾကားမွာ သက္တမ္းတိုးကိစၥေတြ လုပ္ေဆာင္ေနျပီး ၂၀၂၃ ခုႏွစ္ထိ သက္တမ္းတိုးကာ ကလပ္ဘက္က အလိုရွိရင္ တစ္ႏွစ္ ထပ္တိုးခြင့္ပါဝင္တဲ့ စာခ်ဳပ္နဲ႔ သေဘာတူညီမႈရဖို႔ နီးစပ္ေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ၾကံ႕ခိုင္မႈ ေကာင္းမြန္လွျပီး ကစားသမားဘဝ အေကာင္းဆံုး အခ်ိန္ကို ေရာက္ေနတဲ့ ဝိုက္နယ္ဒမ္ကို အသင္းရဲ႕ ဦးေဆာင္ ကစားသမားတစ္ဦးအျဖစ္ ဆက္လက္ ထိန္းသိမ္းလိုတာျဖစ္ပါတယ္။

လီဗာပူးဘက္ကေတာ့ ေနာက္ထပ္ ကြင္းလယ္လူျဖစ္တဲ့ လယ္လာနာကိုလည္း အေရးေပၚ အေျခအေနအရ ကာလတို စာခ်ဳပ္တစ္ခု ေပးသြားဖို႔လည္း ၾကိဳတင္ စီစဥ္မႈေတြ ရွိေနပါတယ္။ ကိုရိုနာေၾကာင့္ လိဂ္ကို ဧျပီလထိ ရပ္နားထားျပီး ေနာက္လေတြမွ ေဘာလံုးပြဲေတြ ျပန္စမယ့္ အေျခအေနမ်ိဳးလည္း ရွိေနတာပါ။

ပရီးမီးယားလိဂ္ဟာ ေဘာလံုးရာသီကို ပံုမွန္ထက္ ေနာက္က်ျပီး ပိတ္သိမ္းတဲ့အခါမွာ စာခ်ဳပ္တစ္ႏွစ္ပဲ က်န္တဲ့ လယ္လာနာကို ဇြန္လ ၃၀ ရက္ေန႔ထိပဲ အသင္းမွာ ထားခြင့္ရွိမွာျဖစ္တယ္။ ကလပ္ဘက္ကေတာ့ အဆိုပါ အေျခအေန ျဖစ္လာခဲ့ရင္ လယ္လာနာကို တစ္လ (သို႔) သီတင္းပတ္ အနည္းငယ္ သက္တမ္းတိုးဖို႔ကို လုပ္ေဆာင္ဖြယ္ ရွိေနတယ္လို႔ သိရတာျဖစ္ပါတယ္။