ပရီးမီးယားလိဂ် နာမည်ကျော် ကစားသမားဟောင်းနဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း တိုနီအဒမ်ကတော့ လက်ရှိရာသီကို ဆက်ကစားနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ချန်ပီယံအဖြစ် လီဗာပူးကို ပေးလိုက်ဖို့ကို ခွင့်မပြုသင့်ဘူးလို့ ဆိုသွားပါတယ်။

ဘောလုံးရာသီ အဆုံးမသတ်ခဲ့ရင် ချန်ပီယံဆုကို ဘယ်လိုလုပ်မလဲ၊ တန်းဆင်းမယ့် အသင်းတွေကို ဘယ်လို ရွေးမလဲဆိုတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေဆဲပါ။ တိုနီ အဒမ်က မရရောသေးတဲ့ အခြေအနေမှာ မှတ်ချက် မပေးလိုပေမယ့် လီဗာပူးကို ချန်ပီယံဆုပေးဖို့ ငြင်းဆန်ပြီး လာမယ့်ရာသီမှ အသစ်ပြန်စဖို့ ဆိုလိုက်ပါတယ်။

တိုနီအဒမ်က ” ဒီရာသီက အပြီးသတ်နိုင်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ ဆက်ပြီး ယှဉ်ပြိုင်ဖို့နဲ့ ရလဒ်တွေကို အဆုံးသတ် ကြေညာမှုတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ လက်ရှိကို လက်ခံထားဖို့လိုပြီး ဒီကနေ့တွေမှာ ဘယ်လို ဆုံးဖြတ်ချက်တွေမှ လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။

ထင်ကြပေးတာတွေ မလုပ်လိုသေးဘူး ဒါပေမယ့် ပရီးမီးယားလိဂ်ကို လီဗာပူးကို အနိုင်ပေးလိုက်လို့ မရဘူးလို့တော့ ငါထင်တယ်။ တန်းဆင်းစေမယ့် ကလပ်အသင်း သုံးသင်းကိုလည်း ရွေးချယ်လို့ မရပါဘူး။ ယူရိုကို ဖျက်လိုက်မယ်ဆိုရင် ပရီးမီးယားလိဂ်ကို အဆုံးသတ်လို့ ရသွားမယ်လို့ ငါထင်တယ်။

ငါ့အတွက်ကတော့ ပရီးမီးယားလိဂ်ကို နောက်ဆုတ်ပြီးမှ အဆုံးသတ်တာကလည်း အဓိပ္ပာယ်ရှိပါတယ် မဟုတ်လည်း နောက်ရာသီမှပဲ အသစ်ပြန်စတာမျိုး လုပ်ကြပေါ့ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကိုရိုနာအန္တရာယ် မကင်းသ၍ လိဂ်ကို ပြန်စလိုရမှာ မဟုတ်သလို ဘောလုံးရာသီကို ပယ်ဖျက်ပြီး ပိတ်သိမ်းလိုက်လို့လည်း မလွယ်ကူပါဘူး။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ ရုပ်သံလွှင့်ခ အမြင့်ဆုံးရတဲ့ လိဂ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရုပ်သံလွှင့်ခွင့်မှာ ပေါင် ၃ ဘီလီယံလောက် တန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားတာကြောင့် အပြီးမသတ်နိုင်ရင် အဆိုပါ ငွေကြေးအတွက် တရားဆိုင်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ နာမည္ေက်ာ္ ကစားသမားေဟာင္းနဲ႔ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း တိုနီအဒမ္ကေတာ့ လက္ရွိရာသီကို ဆက္ကစားႏုိင္ဖို႔ မေသခ်ာတဲ့ အေနအထားမွာ ခ်န္ပီယံအျဖစ္ လီဗာပူးကို ေပးလိုက္ဖို႔ကို ခြင့္မျပဳသင့္ဘူးလို႔ ဆိုသြားပါတယ္။

ေဘာလံုးရာသီ အဆံုးမသတ္ခဲ့ရင္ ခ်န္ပီယံဆုကို ဘယ္လိုလုပ္မလဲ၊ တန္းဆင္းမယ့္ အသင္းေတြကို ဘယ္လို ေရြးမလဲဆိုတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနဆဲပါ။ တိုနီ အဒမ္က မရေရာေသးတဲ့ အေျခအေနမွာ မွတ္ခ်က္ မေပးလိုေပမယ့္ လီဗာပူးကို ခ်န္ပီယံဆုေပးဖို႔ ျငင္းဆန္ျပီး လာမယ့္ရာသီမွ အသစ္ျပန္စဖို႔ ဆိုလိုက္ပါတယ္။

တိုနီအဒမ္က ” ဒီရာသီက အျပီးသတ္ႏုိင္မယ္လို႔ က်ေနာ္ကေတာ့ မထင္ပါဘူး။ ဆက္ျပီး ယွဥ္ျပိဳင္ဖို႔နဲ႔ ရလဒ္ေတြကို အဆံုးသတ္ ေၾကညာမႈေတြ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ လက္ရွိကို လက္ခံထားဖို႔လိုျပီး ဒီကေန႔ေတြမွာ ဘယ္လို ဆံုးျဖတ္ခ်က္ေတြမွ လုပ္ႏုိုင္ဦးမွာ မဟုတ္ပါဘူး။

ထင္ၾကေပးတာေတြ မလုပ္လိုေသးဘူး ဒါေပမယ့္ ပရီးမီးယားလိဂ္ကို လီဗာပူးကို အႏုိင္ေပးလိုက္လို႔ မရဘူးလို႔ေတာ့ ငါထင္တယ္။ တန္းဆင္းေစမယ့္ ကလပ္အသင္း သံုးသင္းကိုလည္း ေရြးခ်ယ္လို႔ မရပါဘူး။ ယူရိုကို ဖ်က္လိုက္မယ္ဆိုရင္ ပရီးမီးယားလိဂ္ကို အဆံုးသတ္လို႔ ရသြားမယ္လို႔ ငါထင္တယ္။

ငါ့အတြက္ကေတာ့ ပရီးမီးယားလိဂ္ကို ေနာက္ဆုတ္ျပီးမွ အဆံုးသတ္တာကလည္း အဓိပၸာယ္ရွိပါတယ္ မဟုတ္လည္း ေနာက္ရာသီမွပဲ အသစ္ျပန္စတာမ်ိဳး လုပ္ၾကေပါ့ ” လို႔ ဆိုခ့ဲတာျဖစ္ပါတယ္။

ကိုရိုနာအႏၱရာယ္ မကင္းသ၍ လိဂ္ကို ျပန္စလိုရမွာ မဟုတ္သလို ေဘာလံုးရာသီကို ပယ္ဖ်က္ျပီး ပိတ္သိမ္းလိုက္လို႔လည္း မလြယ္ကူပါဘူး။ ပရီးမီးယားလိဂ္ဟာ ကမၻာေပၚမွာ ရုပ္သံလႊင့္ခ အျမင့္ဆံုးရတဲ့ လိဂ္ျဖစ္ျပီး ကမၻာလံုးဆိုင္ရာ ရုပ္သံလႊင့္ခြင့္မွာ ေပါင္ ၃ ဘီလီယံေလာက္ တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို ခ်ဳပ္ဆိုထားတာေၾကာင့္ အျပီးမသတ္ႏုိင္ရင္ အဆိုပါ ေငြေၾကးအတြက္ တရားဆိုင္မႈေတြ ရွိလာမွာ ျဖစ္ပါတယ္။