ယူအီးအက်ဖ်အေက ယူရို ၂၀၂၀ ကို ရွှေ့ဆိုင်းကြောင်းကို သိပ်မကြာခင်မှာ အတည်ပြု ကြေညာပေးတော့မှာဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲတွေက ဒီရာသီကို နောက်ဆုတ်ပြီး ရာသီသိမ်းခွင့်ကို ရရှိသွားတော့မှာဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့ နောက်ပိုင်းမှာမှ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့အခါ ဂျာစီကို ပြောင်းလဲ ဝတ်ဆင်ရပါမယ်။ ပုံမှန်အားဖြင့် မေလ ၁၇ ရက်နေ့မှာ ပရီးမီးယားလိဂ် အပြီးသတ်ရမှာဖြစ်ပေမယ့် ဒီရာသီမှာတော့ ပုံမှန်ထက် နောက်ကျသွားနိုင်တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ တီမိုဝါနာကို ခေါ်ယူဖို့ လုံးဝ လက်လျော့လိုက်ပြီဖြစ်ပြီး လိုင်ယွန်တိုက်စစ်သမား ဒမ်ဘီလီကို ပြောင်းလဲ ချိန်ရွယ်ခဲ့ပါပြီ။

လီဗာပူးနဲ့ Nike ကြားစာချုပ်ဟာ ဇွန်လ ၁ ရက်နေ့မှာ အသက်ဝင်မှာဖြစ်ပြီး အဆိုပါ စာချုပ်ဟာ ဗြိတိန် စံချိန်တင် ဂျာစီစပွန်ဆာအဖြစ် ပေါင် သန်း ၈၀ ထိ တန်ကြေးရှိပါမယ်။ အဆိုပါ စာချုပ်ဟာ ဘာစီလိုနာရဲ့ ရီးရဲလ်မက်ဒရစ်ပြီးနောက် အမြင့်ဆုံး ဂျာစီစပွန်ဆာလည်း ဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်ကို ရပ်တန့်ဖို့ ကြိုးစားမယ်ဆိုရင် ကလပ်အသင်း ၂၀ ဟာ ရုပ်သံလွင့်ခ ပေါင် သန်း ၇၅၀ တန် လျှော်ကြေးနဲ့ အခြားသော စာချုပ်ဆိုင်ရာ လျော်ကြေးတွေကို မျှပေးရပါမယ်။ ဒါ့အပြင် ချန်ပီယံရှစ်ကလပ်တွေရဲ့ တရားဆွဲမှုကိုလည်း အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ပုံမှန်မဟုတ်ပဲ ဇွန်လ ၃၀ နောက်ပိုင်းထိ ဆက်လက် ယှဉ်ပြိုင်ရမယ်ဆိုရင် လီဗာပူးဘက်က ကွင်းလယ်လူ လယ်လာနာကို ကာလတို စာချုပ်အဖြစ် လပိုင်းမျှ ထပ်မံ သက်တမ်းတိုးနိုင်ပါတယ်။

ဒီရာသီကို အပြီးမသတ်နိုင်ခဲ့ရင် ဆိုတဲ့ အနေအထား ရောက်ခဲ့ရင် လီဗာပူးကို ချန်ပီယံဆုမပေးဖို့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း တိုနီအဒမ်က ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ကမ္ဘာတန်ကြေးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်တဲ့ ဘောလုံးအသင်းဖြစ်လာပါတယ်။ လီဗာပူးလူစာရင်း တန်ကြေးဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်အပြင် မန်စီးတီးထက်လည်း ပိုများနေတာပါ။

ပုံမှန် ကျင်းပနေကျ ဟေးဘရော့အောက်မေ့ပွဲကို ဒီနှစ်မှာတော့ ဖျက်သိမ်းလိုက်ပါတယ်။ အစားထိုး ပြန်လည် ကျင်းပမယ့် ရက်ကိုတော့ မသိရသေးပါဘူး။

ZAWGYI

ယူအီးအက္ဖ္ေအက ယူရို ၂၀၂၀ ကို ေရႊ႔ဆိုင္းေၾကာင္းကို သိပ္မၾကာခင္မွာ အတည္ျပဳ ေၾကညာေပးေတာ့မွာျဖစ္ျပီး အမွတ္ေပးျပိဳင္ပြဲေတြက ဒီရာသီကို ေနာက္ဆုတ္ျပီး ရာသီသိမ္းခြင့္ကို ရရွိသြားေတာ့မွာျဖစ္ပါတယ္။

ဇြန္လ ၁ ရက္ေန႔ ေနာက္ပိုင္းမွာမွ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့အခါ ဂ်ာစီကို ေျပာင္းလဲ ဝတ္ဆင္ရပါမယ္။ ပံုမွန္အားျဖင့္ ေမလ ၁၇ ရက္ေန႔မွာ ပရီးမီးယားလိဂ္ အျပီးသတ္ရမွာျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ ပံုမွန္ထက္ ေနာက္က်သြားႏုိင္တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ တီမိုဝါနာကို ေခၚယူဖို႔ လံုးဝ လက္ေလ်ာ့လိုက္ျပီျဖစ္ျပီး လုိင္ယြန္တုိက္စစ္သမား ဒမ္ဘီလီကို ေျပာင္းလဲ ခ်ိန္ရြယ္ခ့ဲပါျပီ။

လီဗာပူးနဲ႔ Nike ၾကားစာခ်ဳပ္ဟာ ဇြန္လ ၁ ရက္ေန႔မွာ အသက္ဝင္မွာျဖစ္ျပီး အဆိုပါ စာခ်ဳပ္ဟာ ျဗိတိန္ စံခ်ိန္တင္ ဂ်ာစီစပြန္ဆာအျဖစ္ ေပါင္ သန္း ၈၀ ထိ တန္ေၾကးရွိပါမယ္။ အဆုိပါ စာခ်ဳပ္ဟာ ဘာစီလိုနာရဲ႕ ရီးရဲလ္မက္ဒရစ္ျပီးေနာက္ အျမင့္ဆံုး ဂ်ာစီစပြန္ဆာလည္း ျဖစ္လာပါတယ္။

ပရီးမီးယားလိဂ္ကို ရပ္တန္႔ဖို႔ ၾကိဳးစားမယ္ဆိုရင္ ကလပ္အသင္း ၂၀ ဟာ ရုပ္သံလြင့္ခ ေပါင္ သန္း ၇၅၀ တန္ ေလွ်ာ္ေၾကးနဲ႔ အျခားေသာ စာခ်ဳပ္ဆုိင္ရာ ေလ်ာ္ေၾကးေတြကို မွ်ေပးရပါမယ္။ ဒါ့အျပင္ ခ်န္ပီယံရွစ္ကလပ္ေတြရဲ႕ တရားဆြဲမႈကိုလည္း အမႈရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ပံုမွန္မဟုတ္ပဲ ဇြန္လ ၃၀ ေနာက္ပိုင္းထိ ဆက္လက္ ယွဥ္ျပိဳင္ရမယ္ဆိုရင္ လီဗာပူးဘက္က ကြင္းလယ္လူ လယ္လာနာကို ကာလတို စာခ်ဳပ္အျဖစ္ လပိုင္းမွ် ထပ္မံ သက္တမ္းတိုးႏုိင္ပါတယ္။

ဒီရာသီကို အျပီးမသတ္ႏုိင္ခဲ့ရင္ ဆိုတဲ့ အေနအထား ေရာက္ခဲ့ရင္ လီဗာပူးကို ခ်န္ပီယံဆုမေပးဖို႔ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း တိုနီအဒမ္က ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ကမၻာတန္ေၾကးအၾကီးဆံုး လူစာရင္းကို ပိုင္ဆုိင္တဲ့ ေဘာလံုးအသင္းျဖစ္လာပါတယ္။ လီဗာပူးလူစာရင္း တန္ေၾကးဟာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္အျပင္ မန္စီးတီးထက္လည္း ပိုမ်ားေနတာပါ။

ပံုမွန္ က်င္းပေနက် ေဟးဘေရာ့ေအာက္ေမ့ပြဲကို ဒီႏွစ္မွာေတာ့ ဖ်က္သိမ္းလိုက္ပါတယ္။ အစားထိုး ျပန္လည္ က်င္းပမယ့္ ရက္ကိုေတာ့ မသိရေသးပါဘူး။