ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဗန်ဒိုက်ဟာ ၎င်းရဲ့ခေါင်းဆောင်နိုင်မှု စွမ်းရည်နဲ့ နည်းစနစ်ပိုင်း သိမြင်နိုင်စွမ်းတွေကို လီဗာပူးက နယူးကာဆယ်ကို ၃-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ ပြသသွားခဲ့ပါတယ်။

အိုရီဂီရဲ့ သွင်းဂိုးက ပွဲအပြီးမှာ လီဗာပူးတို့ အနိုင် ၃ မှတ် ရရှိအောင် အကူအညီ ပေးသွားခဲ့ပေမယ့် ပွဲချိန် ၈၆ မိနစ်အထိ တစ်ဖက် နှစ်ဂိုးစီ သရေကျနေခဲ့ပြီး လီဗာပူးတို့ သွင်းဂိုးရဖို့ လိုအပ်ခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာ ကွင်းညာအခြမ်းကနေ ဖရီးကစ်ရတော့ ပုံမှန်ကန်နေကျ အာနိုးက ဖရီးကစ်ကို တာဝန်ယူဖို့ ပြင်ဆင်ချိန်မှာ ဗန်ဒိုက်က အားနိုးကို မကန်ဖို့နဲ့ ရှာကွီရီကို ကန်ဖို့ နေရာချပေးခဲ့တာပါ။ ဧရိယာထဲကနေ ဗန်ဒိုက်ရဲ့ သဲသဲမဲမဲ အောင်ဟစ်မှုကြောင့် ဖရီးကစ်ကန်တင်တဲ့ လူချိန်းခဲ့ပြီး ရှာကွီရီက ကန်တင်ခဲ့တာဖြစ်တယ်။

အာနိုးက တည်ကန်ဘော ကန်ရာမှာ ထူးချွန်ပေမယ့် သူက ဖြတ်တင်ဘောတွေပဲ ကန်တင်နိုင်စွမ်း ကောင်းမွန်တာဖြစ်တယ်။ ရှာကွီရီကတော့ ဖရီးကစ်တွေမှာ ဘောလုံးကို အမြင့်ကနေ ပြုတ်ကျလာတဲ့ ခုတ်တင်ဘောတွေကို အကောင်းဆုံး ကန်နိုင်စွမ်း ရှိပါတယ်။

ဧရိယာထဲမှာ လီဗာပူးအသင်းသားတွေက ဝိုင်းပြုံနေကြပြီး အရင်အမောင်းကောင်းတဲ့ ဗန်ဒိုက်၊ အိုဂီရီတို့နဲ့ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ အနေအထားမှာ ထရန့်ရဲ့ ဖြတ်တင်ဘောထက် ရှာကွီရီရဲ့ ခုတ်တင်ဘောက ပိုအသုံးဝင်မယ်လို့ ဗန်ဒိုက်က ယူဆခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုမှတ်တမ်းတွေမှာ ဗန်ဒိုက်ရဲ့ လမ်းညွှန်မှုကြောင့် ဖရီးကစ်ကန်သူ ပြောင်းလဲခဲ့ပြီး ရှာကွီရီရဲ့ ကန်တင်ပေးမှုကို အိုရီဂီက ခေါင်းတိုက်ပြီး အဆုံးသတ်နိုင်ခဲ့တယ်။ ကွင်းအတွင်းမှာ ဗန်ဒိုက်ရဲ့ နည်းစနစ်အမြင်ရှိစွာ လမ်းညွှန်မှုက လီဗာပူးကို နိုင်ပွဲတစ်ပွဲ ရစေခဲ့တာဖြစ်ပါတယ်။