မန်စီးတီးအသင်းသားတွေက ဒီနှစ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ပြီး ဆက်လက် ဗိုလ်စွဲမယ်ဆိုရင် ဆုကြေးငွေ ပေါင် ၁၅သန်း ကျော် ရရှိမှာ ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ရာသီနောက်ဆုံးပိတ်ပွဲမှာ စီးတီးတို့ အနိုင်ရရင် အဲ့ဒါဟာ 14 ပွဲဆက် လိဂ်ပွဲအနိုင်ရခြင်းဖြစ်သလို ပရီးမီးယားလိဂ် ဖလားကိုလဲ ရရှိမှာဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို တက်ရောက်ထားသလို သူတို့ရဲ့ နောက်ဆုံးပရီးမီးယားလိဂ် 8 ပွဲမှာ အနိုင်ရရှိထားပြီး စီးတီးကို တောက်လျှောက် ဖိအားပေးနေတာပါ။

မန်စီးတီးဟာ ဗင်းဆင့်ကွန်ပနီ မိနစ် ၇၀ မှာသွင်းတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ လက်စတာကို အနိုင်ရကာ ပရီးမီးယားလိဂ် ဖလားနဲ့ တစ်လှမ်းအကွာ ရောက်လာခဲ့ပါပြီ။

မန်စီးတီးဂိုးသမား အီဒါဆန်ဟာ ဒီဂီယာနဲ့ အယ်လစ်ဆန်တို့ထက် သာပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဂိုးသမား ဖြစ်တယ်လို့ လက်စတာဂိုး ကပ်စပါ ရှမိုက်ကယ်က ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

လီဗာပူးဟာ မန်စီးတီးလိုမျိုး ဖိအားတွေမရှိတဲ့အတွက် ဖလားပြိုင်ပွဲက လီဗာပူးအတွက် လွယ်ကူပါတယ်လို့ ဂွာဒီယိုလာက ဆိုလိုက်ပါတယ်။ မန်စီးတီးဟာ မနေ့က ဗင်းဆင့်ကွန်ပနီရဲ့ အဝေးကန်ချက်ကြောင့် လက်စတာကို 1-0 နဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်က်ု ပြန်ရောက်သွားခဲ့ပါတယ်။

မန်စီးတီးက စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ယူရို သန်း ၅၀ နဲ့ ခေါ်ယူခွင့် ရဖို့ အခွင့်သာနေပြီ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ကလည်း မန်စီးတီးကို ပြောင်းရွှေ့လိုနေပြီး လက်ရှိအချိန်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက သတင်းမီဒီယာတွေဟာ မန်စီးတီးထက် လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေချင်နေကြတယ်လို့ မှတ်ချက်ပြုလိုက်ပြီး အခု ချန်ပီယံဆုဖလားက သူတို့လက်ထဲမှာလို့ ၄င်းက ကြွေးကြော်လိုက်ပါတယ်။