ချယ်ဆီးနည်းပြ ဆာရီဟာ အသင်းအတွက် နောက်ရာသီ ဆက်လက်ကိုင်တွယ်ဖို့ ထိုက်တန်ပါကြောင်း ခံစစ်မှူးဟောင်း Frank Leboeuf က ထောက်ခံပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းမှ အသက် ၁၉ နှစ်အရွယ် လူငယ် ဂိုးသမား Marcin Bulka က လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး ၄င်း အေးဂျင့်ဖြစ်သူက ပီအက်စ်ဂျီနဲ့ အကြိုသဘောတူ စာချုပ် ချုပ်ဆိုရန် ပြင်သစ်သို့ ထွက်ခွာသွားပါတယ်။

ချယ်ဆီးနည်းပြဟောင်း ကွန်တီက လာမယ့်နွေမှာ ဘောလုံးနည်းပြလောကထဲ ပြန်လည် ၀င်ရာက်လာမှာ ဖြစ်ပြီး အီတလီသို့ သွားဖို့ ရာနှုန်း ၆၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

စပိန်သတင်းထောက်တွေဘက်က ဟာဇက်ရဲ့ အပြောင်းအရွှေ့က ပြီးပြတ်ဖို့ လုံးဝကို မနီးစပ်သေးကြောင်းနဲ့ ရီးရဲလ်ဘက်က ကမ်းလှမ်းလိုတဲ့ ပမာဏနဲ့ ချယ်ဆီးဘက်က အလိုရှိနေတဲ့ ပမာဏက ကြီးကြီးမားမား ကွာခြားနေသေးကြောင်း၊ ဟာဇက်ရဲ့ အနာဂတ်က ချယ်ဆီးဘက်က Marina Granovskaia ရဲ့ အတည်ပြုမှု လိုအပ်နေသေးကြောင်း ဖော်ပြခဲ့ကြတယ်။

စကော့တလန်ကလပ် ဆဲလ်တစ်က ယခင် ယူနိုက်တက်နဲ့ ချယ်ဆီးနည်းပြဟောင်း ဂျို့စ် မော်ရင်ညိုကို အသင်းကို ကိုင်တွယ်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ညိုကို ရိုးမားနဲ့ လိုင်ယွန်အသင်းတို့ကလည်း ချိတ်ဆက်နေပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက အသင်းအကြီးအကဲတွေ အနေနဲ့ ချယ်ဆီးအသင်းကို တိုးတက်စေချင်ရင် တိုက်စစ်မှူး ဟီဂူအင်ကို ဆက်ထိန်းထားဖို့ အကြံပြု စကား ဆိုလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အဲဗာတန်မှာ အငှားချထားတဲ့ ဗဟိုခံစစ်မှူး ဇူးမားကို ကလပ်အသင်းထံ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဗာတန်ဟာ ခံစစ်သမားကို လာမယ့် နွေရာသီမှာ အပြီးသတ်ခေါ်ယူသွားလိုပေမယ့်လည်း ချဲလ်ဆီးနဲ့ ညှိနှိုင်းဖို့ ခက်ခဲနေတတာပါ။

ဟာဇက်ရဲ့ အေဂျင့်ဖြစ်သူက ကစားသမားကို ရီးရဲလ်မက်ဒရစ်အား ပြောင်းခွင့်ပေးဖို့ ကလပ်အသင်းဘက်ကို ဂုဏ်သိက္ခာရှိ သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အဆုံးအဖြတ်ကို ချယ်ဆီးဘက်က ကစားသမား အဝင်အထွက် ကိစ္စတွေကို ကိုင်တွယ်နေတဲ့ Marina Granovskai က ပြုလုပ်ပေးရမှာဖြစ်ပြီး ကစားသမားနဲ့ ရီးရဲလ်ဟာ သူမထံက သဘောတူညီမှုကို ရယူရမှာပါ။