လီဗာပူးမန်နေဂျာဘဝ မန်နေဂျာယာဂင်ကလောပ့်ဟာ ထင်ရှားတဲ့ အားကစားပိုင်း အမြင်တွေကို အများကြီး ထောက်ပြခဲ့ပြီး အဆိုပါထဲက တစ်ခုကတော့ အခုပြောပြမယ့် ပြေးနေတဲ့ရထား ဇာတ်လမ်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ လီဗာပူးမန်နေဂျာအဖြစ် အန်ဖီးကွင်းထဲ ယာဂင်ကလော့ပ် ဝင်ရောက်လာခဲ့စဉ်မှာ ညိုးငယ်နေတဲ့ လီဗာပူးပရိသတ်တွေ အများအပြား ရှိနေခဲ့တယ်။ ၂၀၁၄ ပရီးမီးယားလိဂ်ကို စိန်ခေါ်ပြီးနောက်ပိုင်း ထိုးကျသွားတဲ့ အသင်းရဲ့ အနေအထားက လီဗာပူးအသင်း နောက်ပြန်ဆုတ်ပြီလားဆိုကာ ပရိသတ်တွေကို စိတ်ပူစေခဲ့တယ်။

၂၀၁၆ ခုနှစ် နွေမှာတော့ မန်နေဂျာကလော့ပ်က ဥရောပဝင်ခွင့်မရှိတဲ့ လီဗာပူးအတွက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ဘိုင်ယန်မြူးနစ်မှ ဂေါ်ဇီကို ခေါ်ယူစဉ် ငြင်းဆန်ခံခဲ့ရရာက ဂျာမနီသားကြီးဟာ အားကစားသမားတွေ ခံယူရမယ့် စိတ်ထားကို ဒေါသမပါပဲ ပြောဆိုခဲ့ပါတယ်။

ဂေါ်ဇီဟာ ရာစုနှစ်ရဲ့ ပါရမီရှင်ဆိုတဲ့ ချီးကျူးခံရမှုနဲ့ ဒေါ့မွန်မှာ တောက်ပလာခဲ့တယ်။ သူ့ကို မန်နေဂျာကလော့ပ်က စီနီယာအဆင့်ထံ ခေါ်ယူခဲ့ပြီး တောက်ပလာခဲ့တယ်။ အဲ့နောက်ပိုင်းမှာ ဂေါ်ဇီက ဘိုင်ယန်ကို ပြောင်းဖို့ လုပ်ဆောင်ခဲ့ကာ ကလော့ပ်က ဂေါ်ဇီ၊ ဂေါ်ဇီအေးဂျင့်နဲ့ သုံးပွဲဆိုင် ဆွေးနွေးမှုလုပ်ပြီး အသင်းပြောင်းရင် ဒေါ့မွန်မှာလို တောက်ပခွင့်ရမှာ မဟုတ်ကြောင်း တားမြစ်ပေမယ့် ငယ်ရွယ်ပြီး အနာဂတ်ကောင်းနေတဲ့ ဂေါ်ဇီက ငြင်းဆန်ကာ အသင်းပြောင်းခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က သူ့အချစ်ဆုံး ကစားသမားအပေါ် သံဃောဇဉ်ရှိတာကြောင့် ၂၀၁၆ မှာပဲ ဂေါ်ဇီကို ဘိုင်ယန်ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့တယ်။ ဂေါ်ဇီဟာ မန်နေဂျာဂွာဒီယိုလာ လက်အောက်မှာ ရုန်းကန်နေရတဲ့ အနေအထားဖြစ်ပေမယ့် မန်နေဂျာဟောင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရသလို ယူရိုပါလိဂ်တောင် မကစားရမယ့် အနေအထားကြောင့် ဂေါ်ဇီယ ငြင်းဆန်ခဲ့ခြင်းဖြစ်ကာ “ ကျနော်လို ကစားသမား ကစားဖို့ လီဗာပူးအသင်းက ဝေးလွန်းလှပါတယ် ” လို့ မီဒီယာကနေ ထုတ်ပြောခဲ့တာဖြစ်တယ်။

အဲ့သည်မှာ ယာဂင်ကလော့ပ် တုန့်ပြန်ခဲ့တာက “ ကစားသမားတစ်ယောက်ယောက်ကို ခေါ်ယူဖို့ ဖုန်းဆက်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ပြန်လာကမ်းလှမ်းပါလို့ပြောရင် ငါ့ဘက်က ကိုင်ထားတဲ့ဖုန်းကို ချလိုက်မယ်။ ကျနော်ရဲ့ ကစားသမားတိုင်းကို ပြောခဲ့တယ်။ မင်းတို့ အသက် ၃၅ နှစ် ၃၆ နှစ် ရောက်လာလို့ ကစားသမားဘဝကို ပြန်ကြည့်ခဲ့ရင် မင်းတို့ မကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ဘောလုံးရာသီ တစ်နှစ်စာကို ပြန်ကြည့်တတ်သူတွေက သိပ်သနားစရာကောင်းတယ်လို့။

ချန်ပီယံလိဂ်ပြိုင်ပွဲကို ရောက်အောင် အသင်းအနေနဲ့ အတူတကွ သွားနိုင်ဖို့ ကြိုးစားလို့ရတာတွေ အများကြီးရှိတယ်။ ကစားသမားတွေက ချန်ပီယံလိဂ်မှာ ပါဝင်ကစားခဲ့ကြနိုင်တယ်၊ အနိုင်ရတာလည်း ဖြစ်နိုင်တယ်။ ကစားသမားတွေ အနေနဲ့ လုပ်ရမှာက အဲ့တာထက် အများကြီးပိုပါတယ်။

ကစားသမားတွေဆိုတာက ရထားကို ပြေးနိုင်အောင် တွန်းအားပေးဖို့ လုပ်ဆောင်ရမှာပါ။ ပြေးနေတဲ့ ရထားအပေါ် ခုန်ကူးသွားရမှာ မဟုတ်ပါဘူး။ အဲ့သည်လို ကစားသမားမျိုးကိုလည်း ငါတို့ မလိုချင်ဘူး။ တစ်စုံတစ်ယောက်က ခင်ဗျားတို့ အသင်းက ချန်ပီယံလိဂ် မကစားရလို့ မလာချင်ပါဘူးလို့ ပြောရင် ကျေးဇူးပဲလို့ ပြောပြီး နုတ်ဆက်လိုက်မယ်။ နောက်ရာသီ မင်းတို့ ပျော်ပါစေ။

ငါတို့ကတော့ ငါတို့ နည်းလမ်းအတိုင်း ကြိုးစားပေးမယ့် ကစားသမား ထပ်ရှာမယ် မဟုတ်ရင်လည်း ငါတို့မှာရှိတဲ့ ကစားသမားတွေနဲ့ အဲ့သည်ကို ရောက်အောင်လုပ်မယ်။ ဒါက ငါရဲ့ နည်းလမ်းမဟုတ်ဘူး။ ချန်ပီယံလိဂ် မပြိုင်ဆိုင်ရတဲ့ အသင်းတိုင်း လုပ်ရမယ့် နည်းလမ်းဖြစ်တယ် ” လို့ ပြောဆိုခဲ့တယ်။

၂၀၁၆ ခုနှစ်နွေမှာ ဂေါ်ဇီအစား လီဗာပူးခေါ်ယူခဲ့တဲ့ ကစားသမားက ဆောက်သမ်တန်က မာနေးဖြစ်တယ်။ မာနေးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေရဲ့ ကမ်းလှမ်းမှုကိုလည်း ခံရပေမယ့် ပြေးနေတဲ့ ရထားနောက်လိုက်ဖို့ထက် လီဗာပူးအသင်း ချန်ပီယံလိဂ်မှာ ပါဝင်နိုင်ဖို့ ကူညီဖို့ကိုပဲ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒီကနေ့မှာတော့ မာနေးဟာ လီဗာပူးနဲ့အတူ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒီနွေမှာတော့ ဂေါ်ဇီဟာ ဒေါ့မွန်နဲ့ ဒုတိယအကြိမ် လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ သူဟာ ဒီနောက်ပိုင်းမှာ လီဗာပူူးနဲ့ မန်နေဂျာ ယာဂင်ကလော့ပ်အကြောင်း အကောင်းမြင်မှုတွေ အများကြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်က ဒီနွေမှာ သူ့ကို ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ ဂေါ်ဇီဟာ စီးရီးအေကလပ် လာဇီယိုနဲ့ အေစီမီလန်တို့ကို ပြောင်းဖြစ်မယ်လို့တော့ သတင်းကြားရတယ်။

ကလော့ပ်ရဲ့ ပြေးနေတဲ့ရထား ဇာတ်လမ်းက ကစားသမားတွေအတွက်တင် မဟုတ်ဘဲ ပရိသတ်တွေအတွက်ပါ မှတ်သားစရာပါ။ ဘောလုံးပရိသတ်တွေကလည်း ပြေးနေတဲ့ ရထားနဲ့တူတဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းကို အားပေးခြင်း ဆိုတာထက် အသင်း ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ တွန်းအားပေးကြရမှာဖြစ်ပါတယ်။ နောက်ပြီး ကျနေ်ာတို့ဟာ နောက်ထပ် ပြေးနေတဲ့ ရထားတွေကို ခုန်ကူးခြင်းလို ကိစ္စတွေကို မရွေးချယ်ပဲ အသင်းအပေါ် သစ္စာရှိဖို့လည်း လိုအပ်လှပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာဘဝ မန္ေနဂ်ာယာဂင္ကေလာပ့္ဟာ ထင္ရွားတဲ့ အားကစားပိုင္း အျမင္ေတြကို အမ်ားၾကီး ေထာက္ျပခဲ့ျပီး အဆိုပါထဲက တစ္ခုကေတာ့ အခုေျပာျပမယ့္ ေျပးေနတဲ့ရထား ဇာတ္လမ္းျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမွာ လီဗာပူးမန္ေနဂ်ာအျဖစ္ အန္ဖီးကြင္းထဲ ယာဂင္ကေလာ့ပ္ ဝင္ေရာက္လာခဲ့စဥ္မွာ ညိဳးငယ္ေနတဲ့ လီဗာပူးပရိသတ္ေတြ အမ်ားအျပား ရွိေနခဲ့တယ္။ ၂၀၁၄ ပရီးမီးယားလိဂ္ကို စိန္ေခၚျပီးေနာက္ပိုင္း ထိုးက်သြားတဲ့ အသင္းရဲ႕ အေနအထားက လီဗာပူးအသင္း ေနာက္ျပန္ဆုတ္ျပီလားဆိုကာ ပရိသတ္ေတြကို စိတ္ပူေစခဲ့တယ္။

၂၀၁၆ ခုႏွစ္ ေႏြမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က ဥေရာပဝင္ခြင့္မရွိတဲ့ လီဗာပူးအတြက္ ကစားသမားသစ္ ေခၚယူမႈအျဖစ္ ဘိုင္ယန္ျမဴးနစ္မွ ေဂၚဇီကို ေခၚယူစဥ္ ျငင္းဆန္ခံခဲ့ရရာက ဂ်ာမနီသားၾကီးဟာ အားကစားသမားေတြ ခံယူရမယ့္ စိတ္ထားကို ေဒါသမပါပဲ ေျပာဆိုခဲ့ပါတယ္။

ေဂၚဇီဟာ ရာစုႏွစ္ရဲ႕ ပါရမီရွင္ဆိုတဲ့ ခ်ီးက်ဴးခံရမႈနဲ႔ ေဒါ့မြန္မွာ ေတာက္ပလာခဲ့တယ္။ သူ႔ကို မန္ေနဂ်ာကေလာ့ပ္က စီနီယာအဆင့္ထံ ေခၚယူခဲ့ျပီး ေတာက္ပလာခဲ့တယ္။ အဲ့ေနာက္ပိုင္းမွာ ေဂၚဇီက ဘိုင္ယန္ကို ေျပာင္းဖို႔ လုပ္ေဆာင္ခဲ့ကာ ကေလာ့ပ္က ေဂၚဇီ၊ ေဂၚဇီေအးဂ်င့္နဲ႔ သံုးပြဲဆိုင္ ေဆြးေႏြးမႈလုပ္ျပီး အသင္းေျပာင္းရင္ ေဒါ့မြန္မွာလို ေတာက္ပခြင့္ရမွာ မဟုတ္ေၾကာင္း တားျမစ္ေပမယ့္ ငယ္ရြယ္ျပီး အနာဂတ္ေကာင္းေနတဲ့ ေဂၚဇီက ျငင္းဆန္ကာ အသင္းေျပာင္းခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က သူ႔အခ်စ္ဆံုး ကစားသမားအေပၚ သံေဃာဇဥ္ရွိတာေၾကာင့္ ၂၀၁၆ မွာပဲ ေဂၚဇီကို ဘိုင္ယန္ကေန ေခၚယူဖို႔ ၾကိဳးစားခဲ့တယ္။ ေဂၚဇီဟာ မန္ေနဂ်ာဂြာဒီယိုလာ လက္ေအာက္မွာ ရုန္းကန္ေနရတဲ့ အေနအထားျဖစ္ေပမယ့္ မန္ေနဂ်ာေဟာင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။

လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္မရသလို ယူရိုပါလိဂ္ေတာင္ မကစားရမယ့္ အေနအထားေၾကာင့္ ေဂၚဇီက ျငင္းဆန္ခဲ့ျခင္းျဖစ္ကာ “ က်ေနာ္လို ကစားသမား ကစားဖို႔ လီဗာပူးအသင္းက ေဝးလြန္းလွပါတယ္ ” လို႔ မီဒီယာကေန ထုတ္ေျပာခဲ့တာျဖစ္တယ္။

အဲ့သည္မွာ ယာဂင္ကေလာ့ပ္ တုန္႔ျပန္ခဲ့တာက “ ကစားသမားတစ္ေယာက္ေယာက္ကို ေခၚယူဖို႔ ဖုန္းဆက္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာ ျပန္လာကမ္းလွမ္းပါလို႔ေျပာရင္ ငါ့ဘက္က ကိုင္ထားတဲ့ဖုန္းကို ခ်လိုက္မယ္။ က်ေနာ္ရဲ႕ ကစားသမားတိုင္းကို ေျပာခဲ့တယ္။ မင္းတို႔ အသက္ ၃၅ ႏွစ္ ၃၆ ႏွစ္ ေရာက္လာလို႔ ကစားသမားဘဝကို ျပန္ၾကည့္ခဲ့ရင္ မင္းတို႔ မကစားခဲ့ရတဲ့ ခ်န္ပီယံလိဂ္ေဘာလံုးရာသီ တစ္ႏွစ္စာကို ျပန္ၾကည့္တတ္သူေတြက သိပ္သနားစရာေကာင္းတယ္လို႔။

ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ေရာက္ေအာင္ အသင္းအေနနဲ႔ အတူတကြ သြားႏုိင္ဖို႔ ၾကိဳးစားလို႔ရတာေတြ အမ်ားၾကီးရွိတယ္။ ကစားသမားေတြက ခ်န္ပီယံလိဂ္မွာ ပါဝင္ကစားခဲ့ၾကႏုိင္တယ္၊ အႏုိင္ရတာလည္း ျဖစ္နုိင္တယ္။ ကစားသမားေတြ အေနနဲ႔ လုပ္ရမွာက အဲ့တာထက္ အမ်ားၾကီးပိုပါတယ္။

ကစားသမားေတြဆိုတာက ရထားကို ေျပးႏုိင္ေအာင္ တြန္းအားေပးဖို႔ လုပ္ေဆာင္ရမွာပါ။ ေျပးေနတဲ့ ရထားအေပၚ ခုန္ကူးသြားရမွာ မဟုတ္ပါဘူး။ အဲ့သည္လို ကစားသမားမ်ိဳးကိုလည္း ငါတို႔ မလိုခ်င္ဘူး။ တစ္စံုတစ္ေယာက္က ခင္ဗ်ားတို႔ အသင္းက ခ်န္ပီယံလိဂ္ မကစားရလို႔ မလာခ်င္ပါဘူးလို႔ ေျပာရင္ ေက်းဇူးပဲလို႔ ေျပာျပီး ႏုတ္ဆက္လုိက္မယ္။ ေနာက္ရာသီ မင္းတို႔ ေပ်ာ္ပါေစ။

ငါတို႔ကေတာ့ ငါတို႔ နည္းလမ္းအတိုင္း ၾကိဳးစားေပးမယ့္ ကစားသမား ထပ္ရွာမယ္ မဟုတ္ရင္လည္း ငါတို႔မွာရွိတဲ့ ကစားသမားေတြနဲ႔ အဲ့သည္ကို ေရာက္ေအာင္လုပ္မယ္။ ဒါက ငါရဲ႕ နည္းလမ္းမဟုတ္ဘူး။ ခ်န္ပီယံလိဂ္ မျပိဳင္ဆုိင္ရတဲ့ အသင္းတိုင္း လုပ္ရမယ့္ နည္းလမ္းျဖစ္တယ္ ” လို႔ ေျပာဆိုခဲ့တယ္။

၂၀၁၆ ခုႏွစ္ေႏြမွာ ေဂၚဇီအစား လီဗာပူးေခၚယူခဲ့တဲ့ ကစားသမားက ေဆာက္သမ္တန္က မာေနးျဖစ္တယ္။ မာေနးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ အသင္းေတြရဲ႕ ကမ္းလွမ္းမႈကိုလည္း ခံရေပမယ့္ ေျပးေနတဲ့ ရထားေနာက္လိုက္ဖို႔ထက္ လီဗာပူးအသင္း ခ်န္ပီယံလိဂ္မွာ ပါဝင္ႏုိင္ဖို႔ ကူညီဖို႔ကိုပဲ ဆံုးျဖတ္ခဲ့တာျဖစ္တယ္။ ဒီကေန႔မွာေတာ့ မာေနးဟာ လီဗာပူးနဲ႔အတူ ကမၻာအေကာင္းဆံုး တိုက္စစ္သမားေတြထဲက တစ္ဦး ျဖစ္လာခဲ့ပါတယ္။

ဒီေႏြမွာေတာ့ ေဂၚဇီဟာ ေဒါ့မြန္နဲ႔ ဒုတိယအၾကိမ္ လမ္းခြဲေတာ့မွာ ျဖစ္ပါတယ္။ သူဟာ ဒီေနာက္ပိုင္းမွာ လီဗာပူူးနဲ႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္အေၾကာင္း အေကာင္းျမင္မႈေတြ အမ်ားၾကီး ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကေလာ့ပ္က ဒီေႏြမွာ သူ႔ကို ေခၚယူသြားမွာ မဟုတ္ပါဘူး။ ေဂၚဇီဟာ စီးရီးေအကလပ္ လာဇီယိုနဲ႔ ေအစီမီလန္တို႔ကို ေျပာင္းျဖစ္မယ္လို႔ေတာ့ သတင္းၾကားရတယ္။

ကေလာ့ပ္ရဲ႕ ေျပးေနတဲ့ရထား ဇာတ္လမ္းက ကစားသမားေတြအတြက္တင္ မဟုတ္ဘဲ ပရိသတ္ေတြအတြက္ပါ မွတ္သားစရာပါ။ ေဘာလံုးပရိသတ္ေတြကလည္း ေျပးေနတဲ့ ရထားနဲ႔တူတဲ့ ဆုဖလားေတြ စိန္ေခၚႏုိင္စြမ္း ရွိတဲ့ အသင္းကို အားေပးျခင္း ဆိုတာထက္ အသင္း ဆုဖလားေတြ စိန္ေခၚႏုိင္ဖို႔ တြန္းအားေပးၾကရမွာျဖစ္ပါတယ္။ ေနာက္ျပီး က်ေန္ာတုိ႔ဟာ ေနာက္ထပ္ ေျပးေနတဲ့ ရထားေတြကို ခုန္ကူးျခင္းလို ကိစၥေတြကို မေရြးခ်ယ္ပဲ အသင္းအေပၚ သစၥာရွိဖို႔လည္း လိုအပ္လွပါတယ္။