ပေါ့ဘာနေရာ အစားထိုးဖို့အတွက် မန်ယူဟာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိမယ့် ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ဘ်ကို ချိန်ရွယ်လာပါတယ်။

မန်ယူကွင်လယ်လူ ဟာရဲရားနဲ့ ပီအက်ဂျီကြား အပြောင်းအရွှေ့ ညိနှိုင်းနေမှုတွေက အပြီးသတ်ခဲ့ပါပြီ။ စပိန်သား ကွင်းလယ်လူဟာ ပြင်သစ်ကလပ်မှာ တစ်နှစ်ကို လုပ်ခ ယူရို 8 သန်းရမယ့် သဘောတူညီမှုကို ရယူထားခဲ့ပြီး မကြာခင်မှာ အတည်ပြုသတင်းတွေ ထွက်ပေါ်လာပါတော့မယ်။

မန်ယူဟာ နည်းစနစ် ဒါရိုက်တာ ရာထူးကို မခန့်အပ်ရသေးပေမယ့် လက်ထောက်နည်းပြ မိုက်ဖီလန်က လက်ခံတာနဲ့ ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ ဆိုးရှားကို ကူညီနေတဲ့ ဖီလန်က နောက်ဘောလုံးရာသီ အစမှသာ ထိုရာထူးကို လက်ခံနိုင်ဖွယ် ရှိပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် ကာဒစ်နဲ့ပွဲမှာ မန်နေဂျာဆိုးရှားက လူငယ်လေး ဂရင်းဝုဒ်ကို ပွဲထွက်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ ဟက်ဒါဖီးနဲ့ပွဲမှာ ထည့်သွင်းဖို့ စဉ်းစားခဲ့သေးပေမယ့် ကြံ့ခိုင်မှု ပြသနာကြောင့် မပါဝင်ခဲ့တာပါ။

မန်ယူ တိုက်စစ်သမား မာရှယ်ဟာ နောက်ဘောလုံးရာသီမှာ အသင်းမှာ ဆက်ရှိဖို့ မသေချာဘဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နည်းပြ ဖြစ်သူက မာရှယ်ကို လေ့ကျင့်ရေးက သဘောထားနဲ့ အပြုအမူတွေကြောင့် သဘောမတွေ့ဘဲ ဖြစ်လာတာပါ။

ဆန်းချက်ရဲ့ အေးဂျင့်ဟာ မန်ယူကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် အင်တာ တာဝန်ရှိသူများနဲ့ စကားပြောမှုတွေ လုပ်နေပါတယ်။ ဆန်းချက်ကိုယ်တိုင်ကလည်း သူ့ရဲ့အောင်မြေဖြစ်တဲ့အီတလီသို့ ပြန်လည်ပြောင်းရွှေ့လိုနေပါတယ်။

နယ်သာလန်ကလပ် ပီအက်စ်ဂျီအသင်းမှ နာမည်ကျော်စတား နှစ်ဦးကို ခေါ်ယူနိုင်ဖို့ မန်ယူဘက်က စတင်လာခဲ့တာပါ။ တောင်ပံသမားတွေဖြစ်တဲ့ လော်ရန်ဇိုနဲ့ Steven Bergwijn တို့ပဲ ဖြစ်ပါတယ်။ နယ်သာလန်ကလပ်ဘက်က သူတို့နှစ်ဦးတွဲအတွက် ပေါင် 55 သန်း အလိုရှိနေတယ်လို့လည်း သိလာရတာဖြစ်တယ်။