ချန်ပီယံလိဂ် ဆီမီး ဒုတိယအကေကျာ့ မှာ အေဂျက်ဇ်ကို အဝေးကွင်းမှာပင် အနိုင်ယူနိုင်ခဲ့တဲ့ စပါးရဲ့ နိုင်ပွဲမှာ အသင်းအတွက် ဟီးရိုး ဖြစ်ခဲ့တဲ့ လူးကပ်စ်မော်ရာက ပထမပိုင်းအပြီး အ၀တ်လဲခန်းအတွင်းမှာ ပိုချက်တီနို ပြောကြားခဲ့တဲ့ စကားတွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လူးကူပ် မော်ရာကတော့ အသင်းအတွက် အရေးပါတဲ့ ဂိုး (၃)ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး အံ့ဖွယ် ခြေစွမ်းပြခဲ့သူပါ။

ပထမပိုင်းအပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၀)နဲ့ အရေးနိမ့်နေခဲ့ပေမယ့် စပါးက ဒုတိယပိုင်းကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်ကစားနိုင်ခဲ့ပြီး ဂျိုဟန်ခရိုက်အရီနာ ကွင်းကြီးထဲမှာ အိမ်ရှင်ပရိသတ်တွေကို ငြိမ်ကျစေခဲ့ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်မှာတော့ မော်ရာက စပါးကို သမိုင်း တွင်စေမယ့် သွင်းဂိုးသွင်းယူပေးခဲ့ပြီး ဗိုလ်လုပွဲဆီ အရောက်ချီနိုင်ခဲ့ပါတယ်။

“အ၀တ်လဲခန်းထဲမှာ နည်းပြက ကျွန်တော်တို့ တစ်ဂိုးသွင်းနိုင်ဖို့ပဲ လိုတယ်လို့ ပြောခဲ့ပါတယ်၊ တကယ်လို့ ကျွန်တော်တို့ တစ်ဂိုး သွင်းနိုင်ခဲ့မယ် ဆိုရင် ပွဲက ကျွန်တော်တို့ ပွဲဖြစ်လာမယ်လို့ ပြောခဲ့ပြီး ကျွန်တော် ဂိုးစသွင်းနိုင်ခဲ့ပါတယ်” လို့ မော်ရာက ပြောဆိုခဲ့ပါတယ်။

“ဒီဂိုးက ကျွန်တော်တို့ကို စိတ်ပိုင်းဆိုင်ရာခွန်အားအများကြီးပေးခဲ့ပြီးတော့ ကျွန်တော်တို့ ခြေစွမ်းကို ထိန်းသိမ်းဖို့၊ တိုက်ပွဲဝင်စိတ်ဓာတ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်၊ အဲဒီနောက်မှာ ကျွန်တော်နောက်တစ်ဂိုးသွင်းနိုင်ခဲ့ပြီး ဘာမဆိုဖြစ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ယုံကြည်မှုရှိဖို့ပဲ လိုတယ်ဆိုတာကို နားလည်ခဲ့ရပါတယ်” လို့ ၄င်းက ဆိုပါတယ်။

စပါးကတော့ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူးလ်နဲ့ ဗိုလ်လုပပွဲမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း ဘာစီလိုနာကို သုံးဂိုးပြတ် အရှုံးကနေ come back နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး အင်္ဂလန်နှစ်သင်းဟာ ဗိုလ်လုပွဲမှာ အကြိတ်အနယ် ကစားရတော့မှာပါ။