မန်ယူ တိုက်စစ်သမား မာရှယ်ဟာ နောက်ဘောလုံးရာသီမှာ အသင်းမှာ ဆက်ရှိဖို့ မသေချာဘဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နည်းပြ ဖြစ်သူက မာရှယ်ကို လေ့ကျင့်ရေးက သဘောထားနဲ့ အပြုအမူတွေကြောင့် သဘောမတွေ့ဘဲ ဖြစ်လာတာပါ။

မာရှယ်ဟာ ဆိုးရှားလက်ထက် အစောပိုင်းတွေမှာ ခြေစွမ်းပြခဲ့ပေမယ့် စာချုပ်သစ်ရပြီး နောက်ပိုင်းမှာတော့ ခြေစွမ်း ဆက်တိုက်ဆိုသလို ကျဆင်းခဲ့တာပါ။ ကလပ်ဘက်က ကစားသမားရဲ့ ပေးဆပ်လိုမှုနဲ့ အာရုံစူးစိုက်မှုကို စိတ်ပျက်နေပါတယ်။

ဝါရင့် အသင်းသားဟောင်းတွေက ကလပ်အသင်းကို မြေလှန်တော်လှန်မှု လုပ်ရာမှာ ခြေစွမ်းမပြတဲ့ စီနီယာတွေအစား လူငယ်တိုက်စစ်သမားတွေကို နေရာပေးဖို့ တောင်းဆိုထားပြီး ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ ဂိုးမက်စ် တို့လို လူငယ်တွေကို နေရာပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မန်နေဂျာ ဆိုးရှားဟာ လူငယ်တိုက်စစ်သမားတွေကို ချိတ်ဆက်နေပေမယ့် ကလပ်အသင်းက ပြင်သစ်သာ မာရှယ်ကို နွေရာသီကြိုမှာ ဆက်လက်ပြီး ယုံကြည်မှုတွေ ထားပေးမယ်လို့ သိရတယ်။ ဒါဟာ တိုက်စစ်သမားကို အခွင့်အရေး တစ်ကြိမ်ထပ်ပေးတာဖြစ်ပြီး အဆင်မပြေခဲ့ရင် ရောင်းထုတ်နိုင်ပါတယ်။

ရာသီတစ်လျှောက်လုံး ရုန်းကန်နေရတဲ့ မာရှယ်ဟာ ပွဲပေါင်း 37 ပွဲ ကစားပြီး သွင်းဂိုး 12 ဂိုး သွင်းယူခဲ့သူလည်းဖြစ်တယ်။ သူဟာ မန်ယူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သစ်အရ တစ်ပတ်ကို လုပ်ခ ပေါင် 175,000 ထိ တိုးမြှင့် ရရှိနေတာလည်း ဖြစ်ပါတယ်။