မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကတော့ သူ့အသင်းသားတွေကို အိမ်ကွင်း အီသီဟတ်မှာ ချန်ပီယံအသင်းကို ဧည့်ခံယှဉ်ပြိုင်စဉ် သက်သေပြဖို့ တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးဘက်က မန်နေဂျာကလော့ပ်က အသင်းသားတွေကို တိုက်တွန်းမှုတွေနဲ့ နိုးဆော်နေသလိုပဲ မန်စီးတီး မန်နေဂျာကလည်း သူ့အသင်းသားတွေကို နိုးဆော်မှုတွေ လုပ်နေတာပါ။ ချန်ပီယံဟောင်းတွေက ဒီရာသီ ချန်ပီယံကို ဧည့်ခံရမယ့် အီသီဟတ်ပွဲမှာ သူတို့ကလည်း အသင်းကောင်းပါဆိုတာကို ပြသလိုနေကြပါတယ်။

ဂွာဒီယိုလာက ” အားကစားမှာ အကြိမ်တိုင်း သက်သေပြဖို့ လိုပါတယ်။ ကျနေ်ာတို့က မယုံနိုင်တဲ့ ကိစ္စကြီးတွေကို လုပ်ဆောင်ပြထားခဲ့ပြီးပါပြီ ဒါပေမယ့် အားကစားသမားတွေအတွက်က အဲ့တာကတင် မလုံလောက်ပါဘူး။

အတိတ်က အတိတ်ပါပဲ။ ကျနေ်ာတို့ အချိန်တိုင်း သက်သေပြဖို့ လိုပါတယ်။ ကျနေ်ာတို့မှာ အမှတ်တရကောင်းတွေ ရှိပေမယ့် ဆက်ပြီး ပြသနိုင်ရပါမယ်။ ကျနေ်ာတို့ဘဝတွေရဲ့ စာမျက်နှာသစ်တွေမှာ ရှင်သန်နိုင်ရပါမယ်။ အမှတ်တရတွေက ကောင်းပေမယ့် လူတွေပြောတဲ့အတိုင်း လိုက်လုပ်ပြစရာ မလိုပါဘူး။ အကြိမ်တိုင်းမှာ လုပ်ပြနိုင်ရမှာဖြစ်ပါတယ်။

အောင်နိုင်သူတွေက အနိုင်ယူခြင်း ခံလိုမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ နောက်ထပ် စာမျက်နှာသစ်တွေအတွက် လီဗာပူးနဲ့တကွ အခြားအသင်းတွေကို တိုက်ခိုက်ဖို့ ကျနေ်ာတို့ ကြိုးစားသွားမှာပါ။ ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

မန်နေဂျာယာဂင်ကလော့ပ်က အီသီဟတ်မှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ပွဲကို ဒီရာသီရဲ့ အခက်ခဲဆုံးပွဲအဖြစ် မျှော်လင့်ထားဖို့နဲ့ အသင်းက ရလဒ်အတွက် အပြည့်အဝ တိုက်ခိုက်မယ်လို့ ထုတ်ပြောထားပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကေတာ့ သူ႔အသင္းသားေတြကို အိမ္ကြင္း အီသီဟတ္မွာ ခ်န္ပီယံအသင္းကို ဧည့္ခံယွဥ္ျပိဳင္စဥ္ သက္ေသျပဖို႔ တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးဘက္က မန္ေနဂ်ာကေလာ့ပ္က အသင္းသားေတြကို တိုက္တြန္းမႈေတြနဲ႔ ႏိုးေဆာ္ေနသလိုပဲ မန္စီးတီး မန္ေနဂ်ာကလည္း သူ႔အသင္းသားေတြကို ႏိုးေဆာ္မႈေတြ လုပ္ေနတာပါ။ ခ်န္ပီယံေဟာင္းေတြက ဒီရာသီ ခ်န္ပီယံကို ဧည့္ခံရမယ့္ အီသီဟတ္ပြဲမွာ သူတို႔ကလည္း အသင္းေကာင္းပါဆိုတာကို ျပသလိုေနၾကပါတယ္။

ဂြာဒီယိုလာက ” အားကစားမွာ အၾကိမ္တိုင္း သက္ေသျပဖို႔ လိုပါတယ္။ က်ေန္ာတို႔က မယံုႏုိင္တဲ့ ကိစၥၾကီးေတြကို လုပ္ေဆာင္ျပထားခဲ့ျပီးပါျပီ ဒါေပမယ့္ အားကစားသမားေတြအတြက္က အဲ့တာကတင္ မလံုေလာက္ပါဘူး။

အတိတ္က အတိတ္ပါပဲ။ က်ေန္ာတို႔ အခ်ိန္တုိင္း သက္ေသျပဖို႔ လိုပါတယ္။ က်ေန္ာတို႔မွာ အမွတ္တရေကာင္းေတြ ရွိေပမယ့္ ဆက္ျပီး ျပသႏုိင္ရပါမယ္။ က်ေန္ာတို႔ဘဝေတြရဲ႕ စာမ်က္ႏွာသစ္ေတြမွာ ရွင္သန္ႏုိင္ရပါမယ္။ အမွတ္တရေတြက ေကာင္းေပမယ့္ လူေတြေျပာတဲ့အတိုင္း လိုက္လုပ္ျပစရာ မလိုပါဘူး။ အၾကိမ္တိုင္းမွာ လုပ္ျပႏုိင္ရမွာျဖစ္ပါတယ္။

ေအာင္ႏုိင္သူေတြက အႏုိင္ယူျခင္း ခံလိုမွာ မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္မွာ ေနာက္ထပ္ စာမ်က္ႏွာသစ္ေတြအတြက္ လီဗာပူးနဲ႔တကြ အျခားအသင္းေတြကို တိုက္ခိုက္ဖို႔ က်ေန္ာတို႔ ၾကိဳးစားသြားမွာပါ။ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အီသီဟတ္မွာ ယွဥ္ျပိဳင္ကစားမယ့္ မန္စီးတီးနဲ႔ပြဲကို ဒီရာသီရဲ႕ အခက္ခဲဆံုးပြဲအျဖစ္ ေမွ်ာ္လင့္ထားဖို႔နဲ႔ အသင္းက ရလဒ္အတြက္ အျပည့္အဝ တိုက္ခိုက္မယ္လို႔ ထုတ္ေျပာထားပါတယ္။