မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကို ဘယ်လို မျှော်လင့်ထားရမလဲလို့ သတင်းသမားတွေရဲ့ အမေးကို ကလော့ပ်က ပြင်းထန်ပြီး စစ်မှန်တဲ့ ပွဲကောင်းတစ်ပွဲ ကြည့်ရပါမယ်လို့ ပြောဆိုလိုက်ပါတယ်။
ကလော့ပ်က မန်စီးတီးနဲ့ပွဲမှာ လီဗာပူးက ထုံးစံအတိုင်း အစွမ်းကန် ပေါက်ကွဲပြီး တိုက်စစ်ကို တင်ကစားတဲ့ ဗျူဟာကိုပဲ သုံးပါမယ်လို့ ပေါ်တင် ပြောဆိုတယ်။ ချန်ပီယံဖြစ်ခဲ့ပြီး ဖြစ်ပေမယ့် ဒီပွဲကို အလေးမထားဘဲ ကစားတာမျိုး မလုပ်ဘဲ စစ်မှန်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ဖို့ အားထုတ်မယ်လို့ ကြေညာခဲ့ပါတယ်။
မန်နေဂျာကလော့ပ်က ” မန်စီးတီးနဲ့ပွဲက ပြင်းထန်ပါမယ်။ စီးတီးကစားတာတွေကို မြင်ထားပြီးပါပြီ။ သူတို့ကစားတာ အကြိမ်ကြိမ်လည်း မြင်ထားဖူးပါတယ်။ ကြီးကြီးမားမားကို လွှမ်းမိုးတယ်၊ ကွင်းကို ဖြန့်ကျက်ကစားတယ်၊ ဦးတည်ချက်တွေအတွက် ပြင်ဆင်ပြီး ဦးတည်ချက်တွေနဲ့ ကစားတယ်။ အတို့အလှုပ်ကိုမှ အမြင့်ဘောနဲ့လည်း တွဲကစားပါတယ်။
ဒါက ဘောလုံးပါ။ ကျနေ်ာတို့ရဲ့ ကိုယ်ပိုင် ကစားဟန်ကိုလည်း ကောင်းကောင်းကြီး မြင်လိုပါတယ်။ ပွဲကို ပြင်းပြင်းထန်ထန် မကစားဘဲ မန်စီးတီးကို ခုခံဖို့ မဖြစ်နိုင်ပါဘူး။ ပြင်းပြင်းထန်ထန် မကစားဘဲ ကျနေ်ာတို့အသင်းကို ခုခံဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒီတော့ ဒီပွဲက ဘယ်လို ကစားမလဲဆိုတာ ရှင်းနေပါတယ်။
နှစ်သင်းလုံးက တက်တက်ကြွကြွ မကစားမယ့် ပွဲမဟုတ်ပါဘူး။ နှစ်သင်းလုံးက နောက်ဆုံးမိနစ်ထိ ကစားကြမှာပါ။ ကျနေ်ာတို့ စစ်မှန်တဲ့ ဘောလုံးပွဲကို ကစားပါမယ်။ ဒါက ရာနှုန်းပြည့် သေချာပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘောလုံးပွဲတွေက စစ်မှန်တဲ့ ပွဲတွေ အမြဲတမ်း ဖြစ်ရပါမယ်။ ဗိုလ်လုပွဲတွေ ဘာတွေမှ သေချာကစားဖို့ လိုတယ်ဆိုတာမျိုး မဟုတ်ပါဘူး။
ကျနေ်ာတို့ သူတို့နဲ့ ဝ-၀ သရေကျထားတယ်။ ရိုးရိုးသားသား ပြောရရင် အဲ့ရလဒ်ကို မကြိုက်ပါဘူး။ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ZAWGYI