လီဗာပူး ညာအစွန်လူ ထရန့် အလက်စန္ဒား-အာနိုးကတော့ အသင်းဖော်တွေက ဘောလုံးဂန္တဝင်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီလို ဆုဖလား အောင်မြင်မှုတွေ အများကြီး ရယူဖို့ ဆာလောင်နေကြတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ထရန့်က အသင်းက ဆုဖလားတွေ အောင်မြင်လာပေမယ့် အားကစားသမားတိုင်းဟာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိနေရမယ်လို့ သူ့အမြင်ကို ပြောပါတယ်။ လူတိုင်းက ဂန္တဝင်တွေဖြစ်လိုပြီး ဒီလိုဖြစ်ဖို့အတွက် ရော်နယ်ဒိုနဲ့ မက်ဆီတို့လို ဘယ်လို ဆုဖလား အောင်မြင်မှုကိုပဲ ရပါစေ မရပ်တန့်ဘဲ ဆက်ပြီး အောင်နိုင်ဖို့ ကြိုးစားသလို အားထုတ်ရမယ်လို့ သူက မြင်ပါတယ်။

ထရန့်က “ ရော်နယ်ဒိုနဲ့ မက်ဆီကို ကြည့်ကြည့်ပါ။ သူတို့က ဘယ်တော့မှ ကျေနပ် တင်းတိမ်မနေပါဘူး။ ရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အနိုင်ရခဲ့တယ်။ အကယ်လို့ ပျော်နေလားလို့ ရော်နယ်ဒိုကို မေးမယ်ဆိုရင် သူက ပျော်တော့ပျော်ပေမယ့် နောက်ထပ် တစ်ခု ထပ်လိုချင်တယ်လို့ ဖြေလိမ့်မယ်။

ပိုအနိုင်ရလာလေ၊ နောက်ထပ် ဆုဖလားတွေကို ပိုပြီး အနိုင်ယူချင်လာလေလောပါပဲ။ ဒါမှ ကိုယ်က ဂန္တဝင်တစ်ဦး ဖြစ်နိုင်မှာကိုး။ အဲ့အတွက် ပွဲတွေကို ပိုပြီး ပြင်းထန်စွာ ကစားဖို့ လိုပါတယ်။ အားကစားသမားတွေအတွက် ပြိုင်ဆိုင်လိုစိတ် မရှိဘူးဆိုရင် ထူးဆန်းနေပါလိမ့်မယ်။ အားကစားသမားတွေက ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေ ရှိဖို့လိုပါတယ်။

ကုန်ခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ ဒီ ရည်မှန်းချက်ကြီးတွေကပဲ လီဗာပူးကို ကြီးမားတဲ့ ဆုဖလားတွေ အနိုင်ရဖို့ ဖြစ်စေခဲ့တယ်။ ပရီးမီးယားလိဂ် အပါအဝင်ပေါ့။ မနှစ်ကဆိုရင် အတော်လေး နီးစပ်ခဲ့သေးတယ်။ နောက်ရာသီလည်း ဒီလိုပဲ ဖြစ်လာမှာပါ။ အခြားသူတွေ မလုပ်ထားနိုင်တာကို အောင်မြင်လိုတဲ့ ကစားသမားတွေကတော့ ဒီတွန်းအားတွေကို တုန့်ပြန်ရမှာပါပဲ။ ” လို့ ဖြေဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ညာအစြန္လူ ထရန္႔ အလက္စႏၵား-အာႏိုးကေတာ့ အသင္းေဖာ္ေတြက ေဘာလံုးဂႏၱဝင္ေတြျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ မက္ဆီလို ဆုဖလား ေအာင္ျမင္မႈေတြ အမ်ားၾကီး ရယူဖို႔ ဆာေလာင္ေနၾကတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ထရန္႔က အသင္းက ဆုဖလားေတြ ေအာင္ျမင္လာေပမယ့္ အားကစားသမားတိုင္းဟာ ျမင့္မားတဲ့ ရည္မွန္းခ်က္ေတြ ရွိေနရမယ္လို႔ သူ႔အျမင္ကို ေျပာပါတယ္။ လူတိုင္းက ဂႏၱဝင္ေတြျဖစ္လိုျပီး ဒီလိုျဖစ္ဖို႔အတြက္ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔လို ဘယ္လို ဆုဖလား ေအာင္ျမင္မႈကိုပဲ ရပါေစ မရပ္တန္႔ဘဲ ဆက္ျပီး ေအာင္ႏုိင္ဖို႔ ၾကိဳးစားသလို အားထုတ္ရမယ္လို႔ သူက ျမင္ပါတယ္။

ထရန္႔က “ ေရာ္နယ္ဒိုနဲ႔ မက္ဆီကို ၾကည့္ၾကည့္ပါ။ သူတို႔က ဘယ္ေတာ့မွ ေက်နပ္ တင္းတိမ္မေနပါဘူး။ ေရာ္နယ္ဒိုက ခ်န္ပီယံလိဂ္ဖလား ၅ ၾကိမ္ အႏုိင္ရခဲ့တယ္။ အကယ္လို႔ ေပ်ာ္ေနလားလို႔ ေရာ္နယ္ဒိုကို ေမးမယ္ဆိုရင္ သူက ေပ်ာ္ေတာ့ေပ်ာ္ေပမယ့္ ေနာက္ထပ္ တစ္ခု ထပ္လိုခ်င္တယ္လို႔ ေျဖလိမ့္မယ္။

ပိုအႏုိင္ရလာေလ၊ ေနာက္ထပ္ ဆုဖလားေတြကို ပိုျပီး အႏုိင္ယူခ်င္လာေလေလာပါပဲ။ ဒါမွ ကိုယ္က ဂႏၱဝင္တစ္ဦး ျဖစ္ႏုိင္မွာကိုး။ အဲ့အတြက္ ပြဲေတြကို ပိုျပီး ျပင္းထန္စြာ ကစားဖို႔ လိုပါတယ္။ အားကစားသမားေတြအတြက္ ျပိဳင္ဆိုင္လိုစိတ္ မရွိဘူးဆိုရင္ ထူးဆန္းေနပါလိမ့္မယ္။ အားကစားသမားေတြက ဦးတည္ခ်က္နဲ႔ ရည္မွန္းခ်က္ေတြ ရွိဖို႔လိုပါတယ္။

ကုန္ခဲ့တဲ့ ေဘာလံုးရာသီ ႏွစ္ခုမွာ ဒီ ရည္မွန္းခ်က္ၾကီးေတြကပဲ လီဗာပူးကို ၾကီးမားတဲ့ ဆုဖလားေတြ အႏုိင္ရဖို႔ ျဖစ္ေစခဲ့တယ္။ ပရီးမီးယားလိဂ္ အပါအဝင္ေပါ့။ မႏွစ္ကဆိုရင္ အေတာ္ေလး နီးစပ္ခဲ့ေသးတယ္။ ေနာက္ရာသီလည္း ဒီလိုပဲ ျဖစ္လာမွာပါ။ အျခားသူေတြ မလုပ္ထားႏုိင္တာကို ေအာင္ျမင္လိုတဲ့ ကစားသမားေတြကေတာ့ ဒီတြန္းအားေတြကို တုန္႔ျပန္ရမွာပါပဲ။ ” လို႔ ေျဖဆိုသြားတာ ျဖစ္ပါတယ္။