ဆွစ်ဇလန်မန်နေဂျာဖြစ်ပြီး နာမည်ကျော် ဆွစ်ကလပ် ဆိုင်ယွန် အပါအဝင် ဆွစ်ဇလန်ကလပ် အများအပြားကို ကိုင်တွယ်ခဲ့တဲ့ မန်နေဂျာ ရိုဆီနီက လီဗာပူးကစားသမား ရှာကွီရီကို ဝေဖန်မှု ပြုလုပ်သွားပါတယ်။

ဘိုင်ယန်မှာကော လီဗာပူးမှာပါ ဆုဖလားတွေ အများကြီး အောင်မြင်ခဲ့ပေမယ့် ရှာကွီရီဟာ အဓိက ကစားသမားအဖြစ် ပြိုင်ပွဲတွေမှာ ပွဲထွက်ခွင့်ရနေသူ မဟုတ်ပါဘူး။ ဒီရာသီမှာလည်း လီဗာပူးအတွက် ပွဲတွေအများကြီး ကစားပေးနိုင်ခြင်း မရှိဘဲ ဒဏ်ရာပြဿနာတွေနဲ့ပဲ ရုန်းကန်နေရသူဖြစ်တယ်။ ရိုဆီနီကတော့ ဆွစ်ဇလန်ကစားသမားကို ဝေဖန်မှု လုပ်သွားပါတယ်။

ရိုဆီနီက ရှာကွီရီရဲ့ အနေအထားကို ဒဲ့တိုး ဝေဖန်လိုက်တာဖြစ်ပြီး ကွင်းလယ်လူဟာ လူတိုင်းမှတ်မိလောက်အောင် ထူးချွန်းတဲ့ ကစားသမား မဟုတ်သလို လာမယ့်နှစ်တွေမှာ လီဗာပူးပရိသတ်တွေကလည်း သူ့ကို မေ့သွားလိမ့်မယ်လို့ ဆိုခဲ့တယ်။

ရိုဆီနီက “ ရှာကွီရီက ချန်ပီယံ မဟုတ်ပါဘူး။ သူ ဆုဖလား အနိုင်ရတဲ့ အသင်းတိုင်းမှာ သူ့အမှတ်အသားကို ချန်ခဲ့နိုင်သလားဆိုတာကို ဘယ်သူမှ မပြောနိုင်ပါဘူး။ သူက ကလပ်တွေမှာ အကျော်အမော် ကစားသမား မဟုတ်ပါဘူး။ ဘေလ်ဆယ်မှာတော့ ဟုတ်ကောင်း ဟုတ်ခဲ့လိမ့်မယ်။ ဒါပေမယ့် ဘိုင်ယန်နဲ့ လီဗာပူးမှာတော့ မဟုတ်ပါဘူး။

ကုန်ခဲ့တဲ့ နှစ်တွေမှာ သူ့အသင်းတွေက ထူးချွန်ပြီး နေရာကောင်းတွေမှာ ရှိခဲ့တယ်။ သူ့အတွက်လည်း ပေါင် သန်းပေါင်းများစွာတွေ အကုန်အကျခံခဲ့တယ်။ ဒါပေမယ့် သူက အမြဲတမ်း အကောင်းဆုံးတွေ ပေးခဲ့သူ မဟုတ်ပါဘူး။ သူ့ဘဏ်အကောင့်မှာတော့ ပိုက်ဆံတွေ တိုးလာမှာပေါ့။ ဒါပေမယ့် နောက် ၁၀ နှစ်လောက်ကြာရင် အကောင်းဆုံးအသင်းတွေမှာ သူကစားခဲ့တယ် ဆိုတာတောင် လူတွေ မှတ်မိတော့မယ် မထင်ပါဘူး။

သူအောင်မြင်တယ်ဆိုရင် လီဗာပူးက သူ့ကို ဘယ်လက်လွတ်ခံမလ။ ဒါပေမယ့် အခြေအနေက မရိုးရှင်းပါဘူး။ လုပ်ခမြင့်မားပြီး ဒဏ်ရာမကြာခဏရတယ်။ သူက ဘာကိုမှ သက်သေမပြနိုင်ဘူး။ လီဗာပူးက သူ့ကို အငှားချပြီး လုပ်ခ လျော့ချဖို့ ကြိုးစားတာ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သူ့ကို ရောင်းထုတ်နိုင်ဖို့က ခက်ခဲပါလိမ့်မယ် ” လို့ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဆြစ္ဇလန္မန္ေနဂ်ာျဖစ္ျပီး နာမည္ေက်ာ္ ဆြစ္ကလပ္ ဆိုင္ယြန္ အပါအဝင္ ဆြစ္ဇလန္ကလပ္ အမ်ားအျပားကို ကိုင္တြယ္ခဲ့တဲ့ မန္ေနဂ်ာ ရိုဆီနီက လီဗာပူးကစားသမား ရွာကီြရီကို ေဝဖန္မႈ ျပဳလုပ္သြားပါတယ္။

ဘိုင္ယန္မွာေကာ လီဗာပူးမွာပါ ဆုဖလားေတြ အမ်ားၾကီး ေအာင္ျမင္ခဲ့ေပမယ့္ ရွာကီြရီဟာ အဓိက ကစားသမားအျဖစ္ ျပိဳင္ပြဲေတြမွာ ပြဲထြက္ခြင့္ရေနသူ မဟုတ္ပါဘူး။ ဒီရာသီမွာလည္း လီဗာပူးအတြက္ ပြဲေတြအမ်ားၾကီး ကစားေပးႏုိင္ျခင္း မရွိဘဲ ဒဏ္ရာျပႆနာေတြနဲ႔ပဲ ရုန္းကန္ေနရသူျဖစ္တယ္။ ရိုဆီနီကေတာ့ ဆြစ္ဇလန္ကစားသမားကို ေဝဖန္မႈ လုပ္သြားပါတယ္။

ရိုဆီနီက ရွာကီြရီရဲ႕ အေနအထားကို ဒဲ့တိုး ေဝဖန္လုိက္တာျဖစ္ျပီး ကြင္းလယ္လူဟာ လူတိုင္းမွတ္မိေလာက္ေအာင္ ထူးခၽြန္းတဲ့ ကစားသမား မဟုတ္သလို လာမယ့္ႏွစ္ေတြမွာ လီဗာပူးပရိသတ္ေတြကလည္း သူ႔ကို ေမ့သြားလိမ့္မယ္လို႔ ဆိုခဲ့တယ္။

ရိုဆီနီက “ ရွာကီြရီက ခ်န္ပီယံ မဟုတ္ပါဘူး။ သူ ဆုဖလား အႏုိင္ရတဲ့ အသင္းတိုင္းမွာ သူ႔အမွတ္အသားကို ခ်န္ခဲ့ႏုိင္သလားဆိုတာကို ဘယ္သူမွ မေျပာႏုိင္ပါဘူး။ သူက ကလပ္ေတြမွာ အေက်ာ္အေမာ္ ကစားသမား မဟုတ္ပါဘူး။ ေဘလ္ဆယ္မွာေတာ့ ဟုတ္ေကာင္း ဟုတ္ခဲ့လိမ့္မယ္။ ဒါေပမယ့္ ဘိုင္ယန္နဲ႔ လီဗာပူးမွာေတာ့ မဟုတ္ပါဘူး။

ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ သူ႔အသင္းေတြက ထူးခၽြန္ျပီး ေနရာေကာင္းေတြမွာ ရွိခဲ့တယ္။ သူ႔အတြက္လည္း ေပါင္ သန္းေပါင္းမ်ားစြာေတြ အကုန္အက်ခံခဲ့တယ္။ ဒါေပမယ့္ သူက အျမဲတမ္း အေကာင္းဆံုးေတြ ေပးခဲ့သူ မဟုတ္ပါဘူး။ သူ႔ဘဏ္အေကာင့္မွာေတာ့ ပိုက္ဆံေတြ တိုးလာမွာေပါ့။ ဒါေပမယ့္ ေနာက္ ၁၀ ႏွစ္ေလာက္ၾကာရင္ အေကာင္းဆံုးအသင္းေတြမွာ သူကစားခဲ့တယ္ ဆိုတာေတာင္ လူေတြ မွတ္မိေတာ့မယ္ မထင္ပါဘူး။

သူေအာင္ျမင္တယ္ဆိုရင္ လီဗာပူးက သူ႔ကို ဘယ္လက္လြတ္ခံမလ။ ဒါေပမယ့္ အေျခအေနက မရိုးရွင္းပါဘူး။ လုပ္ချမင့္မားျပီး ဒဏ္ရာမၾကာခဏရတယ္။ သူက ဘာကိုမွ သက္ေသမျပႏုိင္ဘူး။ လီဗာပူးက သူ႔ကို အငွားခ်ျပီး လုပ္ခ ေလ်ာ့ခ်ဖို႔ ၾကိဳးစားတာ ျဖစ္ရင္ျဖစ္မယ္။ ဒါေပမယ့္ သူ႔ကို ေရာင္းထုတ္ႏုိင္ဖို႔က ခက္ခဲပါလိမ့္မယ္ ” လို႔ ေဝဖန္သြားခဲ့တာ ျဖစ္ပါတယ္။