လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် စတင်နေပြီး အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ဂျာမာန်ချန်ပီယံအသင်းမှ စပိန်သားကို လီဗာပူးဘက်က ပေါင် ၃၂ သန်း ပေးရမယ်လို့ သိရပြီး ညိနှိုင်းမှုတွေက အခြေအနေ ကောင်းတဲ့ အဆင့်ကို ရောက်နေပြီလို့ ဖော်ပြပါတယ်။ ကွင်းလယ်လူ အယ်ကန်တာရာက ၇ နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဂျာမနီကနေ စိန်ခေါ်မှု အသစ်တွေအတွက် နယ်မြေသစ်ကို ပြောင်းလိုနေတယ်။

ဘိုင်ယန်ဘက်က ကစားသမားကို အလွှတ်နဲ့ ထွက်ခွင့် မပေးလိုသလို လီဗာပူးကလည်း ဒီနွေမှာတင် ခေါ်ယူခွင့် ရလိုနေတာဖြစ်တယ်။ ဒီခေါ်ယူမှုဟာ လီဗာပူးအသင်း ယခင် ခေါ်ယူနေတဲ့ ပုံစံတွေနဲ့ ကွဲထွက်ပြီး အသက် ၃၀ နီးနေတဲ့ ကစားသမားကို ခေါ်ယူဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။

အယ်ကန်တာရာ လီဗာပူးကို ပြောင်းခဲ့မယ်ဆိုရင် သူ့ရဲ့ ကစားသမားဘဝက လီဗာပူးအသင်းမှာပဲ အဆုံးသတ်သွားရဖို့ ရှိနေပါတယ်။ ဒီသတင်းက စပိန်ဘက်က လာတဲ့သတင်းလို့ သိရပြီး အဆိုပါ ဖော်ပြမှုမှာပဲ ဘာစီလိုနာကလည်း ဘရာဇီးဖွား စပိန်သားကို ခေါ်ယူလိုရင် ပေါင် ၂၂.၅ သန်းပေးပြီး ခေါ်ယူခွင့်ရှိတယ်လို့ သိရပါတယ်။

ဒီရာသီမှာ ဘိုင်ယန်မြူနစ်အတွက် ၃၅ ပွဲ ကစားပေးထားတဲ့ အယ်ကန်တာရာဟာ သူ့ရဲ့ ဘိုင်ယန် ကစားသမားဘဝမှာ နှစ်တိုင်း အမှတ်ပေးဖလား အနိုင်ရခဲ့သူပါ။ ဒီနွေမှာ ဘိုင်ယန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပေမယ့် ဘိုင်ယန်ဘက်ကလည်း လက်မလွတ်လိုတာကြောင့် စာချုပ်သစ်တွေ ပေးနေပြီး ကစားသမားကတော့ ဆွေးနွေးဖို့ ငြင်းဆန်ထားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ အယ္ကန္တာရာကို ေခၚယူဖို႔အတြက္ စတင္ေနျပီး အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူႏုိင္ဖုိ႔ အေတာ္ေလး နီးစပ္ေနျပီလို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ဂ်ာမာန္ခ်န္ပီယံအသင္းမွ စပိန္သားကို လီဗာပူးဘက္က ေပါင္ ၃၂ သန္း ေပးရမယ္လို႔ သိရျပီး ညိႏိႈင္းမႈေတြက အေျခအေန ေကာင္းတဲ့ အဆင့္ကို ေရာက္ေနျပီလို႔ ေဖာ္ျပပါတယ္။ ကြင္းလယ္လူ အယ္ကန္တာရာက ၇ ႏွစ္ၾကာ က်င္လည္ခဲ့တဲ့ ဂ်ာမနီကေန စိန္ေခၚမႈ အသစ္ေတြအတြက္ နယ္ေျမသစ္ကို ေျပာင္းလိုေနတယ္။

ဘိုင္ယန္ဘက္က ကစားသမားကို အလႊတ္နဲ႔ ထြက္ခြင့္ မေပးလိုသလို လီဗာပူးကလည္း ဒီေႏြမွာတင္ ေခၚယူခြင့္ ရလိုေနတာျဖစ္တယ္။ ဒီေခၚယူမႈဟာ လီဗာပူးအသင္း ယခင္ ေခၚယူေနတဲ့ ပံုစံေတြနဲ႔ ကြဲထြက္ျပီး အသက္ ၃၀ နီးေနတဲ့ ကစားသမားကို ေခၚယူဖို႔ ၾကိဳးစားျခင္းျဖစ္ပါတယ္။

အယ္ကန္တာရာ လီဗာပူးကို ေျပာင္းခဲ့မယ္ဆိုရင္ သူ႔ရဲ႕ ကစားသမားဘဝက လီဗာပူးအသင္းမွာပဲ အဆံုးသတ္သြားရဖို႔ ရွိေနပါတယ္။ ဒီသတင္းက စပိန္ဘက္က လာတဲ့သတင္းလို႔ သိရျပီး အဆိုပါ ေဖာ္ျပမႈမွာပဲ ဘာစီလိုနာကလည္း ဘရာဇီးဖြား စပိန္သားကို ေခၚယူလိုရင္ ေပါင္ ၂၂.၅ သန္းေပးျပီး ေခၚယူခြင့္ရွိတယ္လို႔ သိရပါတယ္။

ဒီရာသီမွာ ဘိုင္ယန္ျမဴနစ္အတြက္ ၃၅ ပြဲ ကစားေပးထားတဲ့ အယ္ကန္တာရာဟာ သူ႔ရဲ႕ ဘိုင္ယန္ ကစားသမားဘဝမွာ ႏွစ္တုိင္း အမွတ္ေပးဖလား အႏုိင္ရခဲ့သူပါ။ ဒီေႏြမွာ ဘိုင္ယန္ကေန ထြက္ခြာဖို႔ ဆံုးျဖတ္ထားေပမယ့္ ဘိုင္ယန္ဘက္ကလည္း လက္မလြတ္လိုတာေၾကာင့္ စာခ်ဳပ္သစ္ေတြ ေပးေနျပီး ကစားသမားကေတာ့ ေဆြးေႏြးဖို႔ ျငင္းဆန္ထားပါတယ္။