ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ ဂျာစီ စပွန်ဆာ New Balance ဟာ အသင်းဂျာစီ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် ဆက်လက် ရောင်းချနေသေးတဲ့ လီဗာပူးရဲ့ New Balance ဂျာစီတွေက သူတို့ နောက်ဆုံး ထုတ်ထားတဲ့ ဂျာစီတွေပဲ ဖြစ်ပါလိမ့်မယ်။ New Balance ဟာ ဒီရာသီအတွင်းမှာ လီဗာပူးဂျာစီ အရေအတွက် ၁.၇ သန်းထိ ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒီပမာဏဟာ New Balance သမိုင်းမှာ စံချိန်တင် ဂျာစီရောင်းချမှုဖြစ်လို့ ဒါဟာ Warrior နဲ့ New Balance တို့ရဲ့ လီဗာပူးအသင်း ဂျာစီကို တာဝန်ယူမှု ၈ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင် ရောင်းချရမှုလည်း ဖြစ်လာပါလိမ့်မယ်။ လာမယ့်ရာသီမှာတော့ လီဗာပူးအသင်းဟာ စပွန်ဆာအသစ်အဖြစ် Nike နဲ့ ပူးပေါင်းသွားတော့မှာဖြစ်ပါတယ်။

အမေရိကန် အမှတ်တံဆိပ်ဖြစ်တဲ့ New Balance ကတော့ အသင်းအတွက် သူတို့ ထုတ်ပေးနေတဲ့ တီရှပ်တွေအပြင် အခြားသော ဒီဇိုင်းတွေ အားလုံးကိုလည်း ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပါပြီ။ လက်ရှိ အသင်းအွန်လိုင်းကနေ ရောင်းချနေတဲ့ ၈ျာစီတွေဟာ အကန့်အသတ်တွေနဲ့ပဲ ရှိနေတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာတော့ တစ်နှစ်ကို စပွန်ဆာကြေး ပေါင်း သန်း ၃၀ အပြင် ဂျာစီရောင်းချမှုရဲ့ အမြတ်ငွေ ၂၀% ကိုပေးမယ့် Nike နဲ့ ပူးပေါင်းဖို့ သဘောတူညီမှု ရထားပြီဖြစ်တယ်။ Nike ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဂျာစီဖြန့်ဝေနိုင်မှုက New Balance ရဲ့ နှစ်ဆဖြစ်တာကြောင့် လာမယ့်နှစ် အသင်းဂျာစီ ဖြန့်ဝေအား ပိုကောင်းလာမယ်လို့ လီဗာပူးအသင်းက ယုံကြည်ထားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းရဲ႕ ဂ်ာစီ စပြန္ဆာ New Balance ဟာ အသင္းဂ်ာစီ ထုတ္လုပ္မႈကို ရပ္ဆုိင္းလိုက္ျပီျဖစ္ပါတယ္။

ဒါေၾကာင့္ ဆက္လက္ ေရာင္းခ်ေနေသးတဲ့ လီဗာပူးရဲ႕ New Balance ဂ်ာစီေတြက သူတို႔ ေနာက္ဆံုး ထုတ္ထားတဲ့ ဂ်ာစီေတြပဲ ျဖစ္ပါလိမ့္မယ္။ New Balance ဟာ ဒီရာသီအတြင္းမွာ လီဗာပူးဂ်ာစီ အေရအတြက္ ၁.၇ သန္းထိ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

ဒီပမာဏဟာ New Balance သမိုင္းမွာ စံခ်ိန္တင္ ဂ်ာစီေရာင္းခ်မႈျဖစ္လို႔ ဒါဟာ Warrior နဲ႔ New Balance တို႔ရဲ႕ လီဗာပူးအသင္း ဂ်ာစီကို တာဝန္ယူမႈ ၈ ႏွစ္အတြင္း အျမင့္ဆံုး စံခ်ိန္တင္ ေရာင္းခ်ရမႈလည္း ျဖစ္လာပါလိမ့္မယ္။ လာမယ့္ရာသီမွာေတာ့ လီဗာပူးအသင္းဟာ စပြန္ဆာအသစ္အျဖစ္ Nike နဲ႔ ပူးေပါင္းသြားေတာ့မွာျဖစ္ပါတယ္။

အေမရိကန္ အမွတ္တံဆိပ္ျဖစ္တဲ့ New Balance ကေတာ့ အသင္းအတြက္ သူတို႔ ထုတ္ေပးေနတဲ့ တီရွပ္ေတြအျပင္ အျခားေသာ ဒီဇိုင္းေတြ အားလံုးကိုလည္း ထုတ္လုပ္မႈ ရပ္ဆုိင္းခဲ့ပါျပီ။ လက္ရွိ အသင္းအြန္လိုင္းကေန ေရာင္းခ်ေနတဲ့ ၈်ာစီေတြဟာ အကန္႔အသတ္ေတြနဲ႔ပဲ ရွိေနေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ လာမယ့္ရာသီမွာေတာ့ တစ္ႏွစ္ကို စပြန္ဆာေၾကး ေပါင္း သန္း ၃၀ အျပင္ ဂ်ာစီေရာင္းခ်မႈရဲ႕ အျမတ္ေငြ ၂၀% ကိုေပးမယ့္ Nike နဲ႔ ပူးေပါင္းဖို႔ သေဘာတူညီမႈ ရထားျပီျဖစ္တယ္။ Nike ရဲ႕ ကမၻာလံုးဆုိင္ရာ ဂ်ာစီျဖန္႔ေဝႏုိင္မႈက New Balance ရဲ႕ ႏွစ္ဆျဖစ္တာေၾကာင့္ လာမယ့္ႏွစ္ အသင္းဂ်ာစီ ျဖန္႔ေဝအား ပိုေကာင္းလာမယ္လို႔ လီဗာပူးအသင္းက ယံုၾကည္ထားပါတယ္။