လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က မန်နေဂျာကလော့ပ့်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေအကြောင်း ပြောဆိုမှု လုပ်သွားပါတယ်။

သူကတော့ ကလော့ပ်ရဲ့ ထရိန်နင်တွေက အရမ်းကို ပြင်းထန်ပြီး အဓိကအားဖြင့် သက်လုံကို အသားပေးတဲ့ လေ့ကျင့်မှုတွေ လုပ်ရပါတယ်လို့ ပြောပြခဲ့တယ်။

ဝိုက်နယ်ဒမ်က “ ကျနော်တို့အသင်းက လုပ်သမျှက လှုပ်ရှားမှုတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီတစ်ခုကပဲ မြင့်မားတဲ့ ဖိအားပေးမှုကို ဆက်ထိန်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ကလော့ပ်က ဘယ်သူတစ်ဦးကမှ တိုက်ရိုက် ပြိုင်ဘက် တစ်ဦးကို တာဝန်ယူရမှာ မဟုတ်ဘဲ လူတိုင်းက ပြိုင်ဘက်တိုင်းကို တားဆီးရမယ်လို့ ပြောပါတယ်။

အဲ့တာက သူက နေရာတိုင်းကို တစ်ချိန်လုံး ကာဗာပေးဖို့ တောင်းဆိုတာဖြစ်ပြီး ဘယ်သူက ဘယ်သူ့ကို ကာကွယ်ရမယ်ဆိုပြီး မဟုတ်ပါဘူး။ ဘောလုံးက အခြားတစ်ဘက်မှာ ရှိနေရင် ကျနော် ပြိုင်ဘက် ဘယ်သူလဲဆိုတာကို ကြည့်စရာတောင် မလိုပါဘူး။ ဘောလုံးကို ပြန်ရယူဖို့ပဲ ဦးစားပေးပါတယ်။ အဲ့အတွက် အရမ်းကြံ့ခိုင်နေဖို့လိုတယ်။

မန်နေဂျာကလော့ပ်လက်အောက်မှာ ဒီလို ကစားနည်းကို ကစားရတာက အရမ်းကို ထူးခြားပါတယ်။ ကျနော် ကစားသမားဘဝမှာ ကလော့ပ်လောက် လေ့ကျင့်ရေးကို မောင်းတာမျိုး တစ်ခါမှ မရှိဖူးပါဘူး။

နာရီနဲ့ချီကြာတဲ့ လေ့ကျင့်ရေးတွေက သိပ်ခက်တယ်။ ရာသီကြိုဆိုရင် အရမ်းကို မုန်းပါတယ်။ ပြေးပဲ ပြေးနေရတာဖြစ်ပြီး မရပ်ရလောက်အောင် ပြေးနေရတာဖြစ်တယ်။ ပျင်းစာလည်း ကောင်းတယ်။ ကျနော် အပြစ်တင်နေတာ မဟုတ်ပါဘူး။ မန်နေဂျာရဲ့ လေ့ကျင့်ရေးက ခက်ခဲတယ်လို့ ပြောပြချင်တာပါ။

အားလုံးကို လုပ်နိုင်ပြီဆိုရင် ပျော်စရာ အနေအထားကို ရောက်သွားပါပြီး။ အာဆင်နယ်ကို အဝေးကွင်းမှာ ၄-၁ နဲ့ နိုင်တုန်းကဆိုရင် ပင်ပန်းတယ်လို့ကို မခံစားရပါဘူး။ အရမ်းကောင်းတဲ့ အင်အားတွေကိုတောင် ခံစားရစေပါတယ် ” လို့ ပြောပြသွားပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က မန္ေနဂ်ာကေလာ့ပ့္ရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြအေၾကာင္း ေျပာဆိုမႈ လုပ္သြားပါတယ္။

သူကေတာ့ ကေလာ့ပ္ရဲ႕ ထရိန္နင္ေတြက အရမ္းကို ျပင္းထန္ျပီး အဓိကအားျဖင့္ သက္လံုကို အသားေပးတဲ့ ေလ့က်င့္မႈေတြ လုပ္ရပါတယ္လို႔ ေျပာျပခဲ့တယ္။

ဝိုက္နယ္ဒမ္က “ က်ေနာ္တို႔အသင္းက လုပ္သမွ်က လႈပ္ရွားမႈေတြနဲ႔ပဲ သက္ဆုိင္ပါတယ္။ ဒီတစ္ခုကပဲ ျမင့္မားတဲ့ ဖိအားေပးမႈကို ဆက္ထိန္းႏုိင္မယ့္ နည္းလမ္း ျဖစ္ပါတယ္။ ကေလာ့ပ္က ဘယ္သူတစ္ဦးကမွ တိုက္ရိုက္ ျပိဳင္ဘက္ တစ္ဦးကို တာဝန္ယူရမွာ မဟုတ္ဘဲ လူတိုင္းက ျပိဳင္ဘက္တိုင္းကို တားဆီးရမယ္လို႔ ေျပာပါတယ္။

အဲ့တာက သူက ေနရာတိုင္းကို တစ္ခ်ိန္လံုး ကာဗာေပးဖို႔ ေတာင္းဆိုတာျဖစ္ျပီး ဘယ္သူက ဘယ္သူ႔ကို ကာကြယ္ရမယ္ဆိုျပီး မဟုတ္ပါဘူး။ ေဘာလံုးက အျခားတစ္ဘက္မွာ ရွိေနရင္ က်ေနာ္ ျပိဳင္ဘက္ ဘယ္သူလဲဆိုတာကို ၾကည့္စရာေတာင္ မလိုပါဘူး။ ေဘာလံုးကို ျပန္ရယူဖို႔ပဲ ဦးစားေပးပါတယ္။ အဲ့အတြက္ အရမ္းၾကံ႕ခိုင္ေနဖို႔လိုတယ္။

မန္ေနဂ်ာကေလာ့ပ္လက္ေအာက္မွာ ဒီလို ကစားနည္းကို ကစားရတာက အရမ္းကို ထူးျခားပါတယ္။ က်ေနာ္ ကစားသမားဘဝမွာ ကေလာ့ပ္ေလာက္ ေလ့က်င့္ေရးကို ေမာင္းတာမ်ိဳး တစ္ခါမွ မရွိဖူးပါဘူး။

နာရီနဲ႔ခ်ီၾကာတဲ့ ေလ့က်င့္ေရးေတြက သိပ္ခက္တယ္။ ရာသီၾကိဳဆိုရင္ အရမ္းကို မုန္းပါတယ္။ ေျပးပဲ ေျပးေနရတာျဖစ္ျပီး မရပ္ရေလာက္ေအာင္ ေျပးေနရတာျဖစ္တယ္။ ပ်င္းစာလည္း ေကာင္းတယ္။ က်ေနာ္ အျပစ္တင္ေနတာ မဟုတ္ပါဘူး။ မန္ေနဂ်ာရဲ႕ ေလ့က်င့္ေရးက ခက္ခဲတယ္လို႔ ေျပာျပခ်င္တာပါ။

အားလံုးကို လုပ္ႏုိင္ျပီဆိုရင္ ေပ်ာ္စရာ အေနအထားကို ေရာက္သြားပါျပီး။ အာဆင္နယ္ကို အေဝးကြင္းမွာ ၄-၁ နဲ႔ ႏုိင္တုန္းကဆိုရင္ ပင္ပန္းတယ္လို႔ကို မခံစားရပါဘူး။ အရမ္းေကာင္းတဲ့ အင္အားေတြကိုေတာင္ ခံစားရေစပါတယ္ ” လို႔ ေျပာျပသြားပါတယ္။